Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ် အသိမှတ်ကြောင်း ဆွီဒင်ကြေညာ

$
0
0

အောက်တိုဘာ ၃၁ ၊ ၂၀၁၄
M-Media
afp-sweden-recognises-palestinian-state
– ဆွီဒင်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း ဆွီဒင် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ယမန်နေ့တွင် ကြေညာ ခဲ့သည်ဟု သိရသည်။

““ပိုင်နက်ရှိတယ်။ လူဦးရေရှိတယ်။ ပြည်တွင်း ပြည်ပ ထိန်းချုပ်မှုတွေကို ခင်းကျင်းပြသဖို့ အခွင့်အလမ်းရှိတဲ့ အစိုးရလည်းရှိပါတယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရမယ် ဆိုတာကို ယုံကြည်ပြီး အကြမ်းဖက်မှုတွေ မလုပ်တဲ့သူတွေကို ထောက်ခံ အာပေးဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ဒီလိုအသိအမှတ်ပြုခြင်းဟာ အကြမ်းဖက်မှုထက် အခြား နည်းလမ်းရှိတယ်ဆိုတာကို ပါလက်စတိုင်းနဲ့ အစ္စရေး ပြည်သူတွေကို မျှော်လင့်ချက် ပေးဖို့ပါပဲ” ဟု ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မာဂေါ့တ် ဝေါလ်စထရုမ်းက AL Jazeera သတင်းဌာသို့ ပြောကြားခဲ့သည်။

ဆွီဒင်အစိုးရက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ချက်ရှိသည်ဟု လွန်ခဲ့သည့် ၁ လ ခန့်က ပြောကြားခဲ့ဖူးသည်။

ဝေါလ်စရုမ်းကမူ ပါလက်စတိုင်းမှာ နိုင်ငံတကာဥပဒေရှိ နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ရမည့် စံနှုန်းများဖြင့် ပြည့်စုံသောကြောင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့မှာ သမ္မတ မဟ်မူဒ်းအဘတ်စ်၏ ခေါင်းဆောင်မှုကိုလည်း အသိအမှတ်ပြုပြီး ထိုကဲ့သို့ အသိအမှတ်ပြုခြင်းက ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့တိုးနိုင်ရန် အကူအညီဖြစ် လိမ့်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

ထို့ပြင် ပါလက်စတိုင်းဒေသ ပြန်လည်ထူထောင်ရေးအတွက် ငါးနှစ်တာ ကူညီမှုအစီအစဉ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကူညီထောက်ပံ့ပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။

ဆွီဒင်၏ ထိုဆုံးဖြတ်မှာ ရဲရင့်ပြတ်သားပြီး သမိုင်းဝင်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု အဘတ်စ်က ချီးကျူးခဲ့ပြီး ပါလက်စတိုင်း ပြည်သူများကလည်း အောင်ပွဲခံခဲ့ကြသည်။

ဆွီဒင်က ထိုကဲ့သို့ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးက ဆွီဒင်နိုင်ငံဆိုင်ရာ သံအမတ်အား ပြန်လည်ခေါ်ယူခဲ့ပြီး၊ အစ္စရေးရှိ ဆွီဒင် သံအမတ်ကိုလည်း ဆင့်ခေါ်ကာ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း၊ စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

ဆွီဒင်မှာ ဥရောပသမဂ္ဂ နိုင်ငံများအတွင်း ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသော ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။

Source: Al Jazeera and agencies



Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...