Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အရေးမပါသူအဖြစ် ခံစာရခြင်းကြောင့် ချယ်ဆီးမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု တောရက်စ်ဆို

$
0
0

အောက်တိုဘာ ၃၁ ၊ ၂၀၁၄
M-Media
466132_heroa
– ချယ်ဆီးနည်းပြ မော်ရင်ဟိုနှင့် မိမိမှာ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ချယ်ဆီးမှ ထွက်ခွာရခြင်းမှာ မိမိအနေဖြင့် အသင်း၌ အရေးမပါတော့ဟု ခံစားရသောကြောင့် ဖြစ်သည်ဟု အေစီမီလန် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်သည်။

အက်သလက်တီကိုမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိပ်တန်းခြေစွမ်းများကို ပြနိုင်ခဲ့သော တောရက်စ်အား ချယ်ဆီးက ၂၀၁၁ ခုနှစ်တွင် ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းဖြင့် ခေါ်ယူခဲ့သည်။

သို့သော်လည်း တန်ကြေးနှင့် ထိုက်တန်သော ခြေစွမ်းကို မပြနိုင်ဘဲ ယခုနှစ်တွင် ဒရော့ဘာနှင့် ဒီယေဂိုကော်စတာတို့ ချယ်ဆီးသို့ ရောက်ရှိလာ ခဲ့ပြီးနောက် တောရက်စ်မှာ အေစီမီလန်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

“မော်ရင်ဟိုက အမြဲတမ်း ကျွန်တော့်အပေါ်ကောင်းပါတယ်။ အသင်းက ထွက်ခွာရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး ပိုကစားဖို့၊ ပိုပြီးအရေးပါတဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်လို့ပါပဲ။ မော်ရင်ဟိုနဲ့ ကျွန်တော်ဟာ ဒီနေ့အချိန်အထိ ကောင်မွန်တဲ့ ဆက်ဆံရေးရှိပါတယ်” ဟု တောရက်စ်က ပြောကြားခဲ့သည်။

အေစီမီလန်တွင်လည်း ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် တောရက်စ်မှာ အီတလီသို့ မရောက်ခင် အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အသက် ၃၀ အရွယ်ရှိ တောရက်စ်ကမူ ထိုသတင်းမှာ ကောလဟာလသာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...