Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မာလီတွင် အီဘိုလာကြောင့် သူနာပြုတစ်ဦး သေဆုံးပြန်

$
0
0

နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
a-child-walks-past-a
– ပြီးခဲ့သည့်လက နိုင်ငံ၏ ပထမဆုံး အီဘိုလာကူးစက်သူအား ကုသပေးခဲ့သည့် အမျိုးသား သူနာပြုတစ်ဦးမှာ အီဘိုလာကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သေဆုံးခဲ့သည်ဟု မာလီဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အောက်တိုဘာ လကုန်ပိုင်းတွင် အီဘိုလာကြောင့် သေဆုံးခဲ့ရသည့် ဂီနီနိုင်ငံမှ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ပြုစုစောင့်ရှောက်ပေးခဲ့သည့် သူနာပြုတစ်ဦးဖြစ်ပြီး နိုင်ငံ၏ မြို့တော် ဘာမာကိုတွင် အီဘိုလာကြောင့် သေဆုံးခဲ့ခြင်းဖြစ်ည်။ အဆိုပါသမီးငယ်မှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပြီး ယခု သူနာပြုတစ်ဦးသေဆုံးမှုမှာ မာလီတွင် အီဘိုလာကြောင့် ဒုတိယမြောက် သေဆုံးမှုလည်းဖြစ်သည်။

အဆိုပါ သမီးငယ်မှာ နိုင်ငံတစ်ဝှမ်း ဘတ်စ်ကားဖြင့် သွားလာလှည့်ပတ်ခဲ့သောကြောင့် မာလီအစိုးရမှာ အီဘိုလာကူးစက်နိုင်ချေရှိသည့် လူ ၁၀၀ ကျော်ကို ဘာကာမိုရှိ Pasteur ဆေးရုံတွင် သီးသန့်ခွဲထားပြီး ကြပ်မတ်စောင့်ကြည့်လျက်ရှိနေသည်။

အခြားသော သတင်းရင်းမြစ်တစ်ခုကမူ အီဘိုလာကြောင့် သေဆုံးသွား အဆိုပါ သူနာပြုမှာ ဂီနီနယ်စပ်မှ အီဘိုလာကူးစက်သူတစ်ဦးအား ပြီးခဲ့သည့် နှစ်ပတ်က ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ရောဂါလက္ခဏာပြကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အီဘိုလာကြောင့် ယခုအချိန်အထိ သေဆုံးသူမှာ ၅၀၀၀ ခန့်ရှိနေပြီး အနောက်အာဖရိက နိုင်ငံအချို့တွင် ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း မာလီတွင် ယခုကဲ့သို့ သေဆုံးမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာနေသည်။

– AFP/de/by




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...