Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နိုင်ငံတကာတွင် ပရီးမီးယားလိဂ် ကစားသမားများ၏ ပျမ်းမျှ လုပ်ခမှာ အမြင့်ဆုံးဖြစ်နေ

$
0
0

နိုဝင်ဘာ ၁၅ ၊ ၂၀၁၄
M-Media

– ကမ္ဘာတစ်ဝှမ်း ကျော်ကြားသည့် ပြည်တွင်းအမှတ်ပေး ဘောလုံးပြိုင်ပွဲများတွင် ပရီးမီးယားလိဂ် ကစားသမားများ၏ လုပ်ခလစာမှာ အမြင့်ဆုံးဖြစ်နေပြီး ကစားသမားတစ်ယောက်၏ တစ်နှစ်ပျမ်းမျှ လစာမှာ ပေါင် ၂.၃ သန်း သို့မဟုတ် တစ်ပတ်လုပ်ခ ပေါင် ၄၃၇၁၄ ရှိသည်ဟု လေ့လာမှုများအရ သိရသည်။

ထိုပမာဏမှာ ကစားသမားတစ်ယောက်၏ တစ်နှစ် ပျမ်းမျှလုပ်ခ ပေါင် ၁.၄၆ သန်းရှိသည့် ဂျာမန် ဘွန်ဒစ်လီဂါထက် ၆၀ ရာခိုင်နှုန်း ပိုမိုများပြားနေသည်။ ၎င်းတို့နောက်တွင် စီးရီးအေက ပျမ်းမျှ ပေါင် ၁.၃ သန်းဖြင့် တတိယနေရာရှိနေကာ လာလီဂါက ၁.၂ သန်းဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။
1415966105488_Image_galleryImage_NEW_WAGES_income_jpg

အဆိုပါ စာရင်းကို Sportmail က ကမ္ဘာတစ်ဝှမ်း လိဂ်အသီးသီးရှိ ၀င်ငွေ၊ ထွက်ငွေတို့ကို အခြေခံကာ ကစားသမားများ၏ လုပ်ခလစာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုလေ့လာမှုအရ ၀င်ငွေပိုကောင်းသည့် လိဂ်များက လုပ်ခလစာအတွက် ပိုမိုသုံးစွဲနိုင်ကာ ပရီးမီးယားလိဂ်မှာ ကမ္ဘာပေါ်တွင် ၀င်ငွေအကောင်းဆုံး လိဂ်ဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး တစ်နှစ်ဝင်ငွေမှာ ပေါင် ၁၅၅ သန်း ရှိနေသည်။

ပရီးမီးယားလိဂ်တွင် မန်စီးတီး၊ မန်ယူ၊ ချယ်ဆီးနှင့် အာဆင်နယ်တို့မှာ ကစားသမားများကို လုပ်ခလစာအများဆုံး ပေးသည့်အသင်းများဖြစ်ပြီး ကစားသမားတစ်ဦးအတွက် အမြင့်ဆုံးလုပ်ခအဖြစ် တစ်နှစ်လျှင် ပေါင် ၄ သန်းမှ ငါးသန်းကြား ပေးချေကြသည်။

ref_ Daily Mail


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...