Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ထိုင်းဆေးရုံရှိ ပြတိုက်မှ ခန္ဓာကိုယ် အစိတ်အပိုင်း ခိုးယူခဲ့သည့် အမေရိကန် ၂ ဦးအား ၀ရမ်းထုတ်ထား

$
0
0

နိုဝင်ဘာ ၁၉ ၊ ၂၀၁၄
M-Media
141117145703-pkg-curnow-thailand-body-parts-mailed-00001218-story-top
– ထိုင်းနိုင်ငံ ဆေးရုံတစ်ခု အတွင်းရှိ ပြတိုက်မှ မွေကင်းစကလေးနှင့် လူကြီးများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ခိုးယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံသား ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့က ၀ရမ်းထုတ်လိုက်သည်ဟု သိရသည်။

ဝရမ်းထုတ်ခံရသူများမှာ ရွိုင်ယန် အဒ်ဝါ့ဒ် မက်ဖာဆန်နှင့် ဒန်နီယဲလ် ဂျာမွန်တို့ဖြစ်ကြပြီး ယခုလက်ရှိတွင် ထိုင်နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ထုတ်ပိုးထားသော ပါဆယ်ထုတ်ကို အမေရိကန်သို့ ပေးပို့ရန် ပါသွမ်သာနီပြည်နယ်ရှိ DHL ရုံးသို့ သွားရောက်ပေးပို့ရာမှ DHL ရှိ ၀န်ထမ်းများက စစ်ဆေးရာတွင် တွေ့ရှိခဲ့ကာ ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါဆယ်ထုတ်တွင် မပုပ်သိုးသည့် ဆေးရည်များထည့်ထားသော ပလက်စတစ်ဘူး ၅ ခုကို တွေ့ရှိခဲ့ရပြီး ထိုဘူးများတွင် မွေးကင်းစကလေး၏ နားရွက်၊ သုံးပိုင်းပိုင်းကာ ထည့်ထားသည့် နို့စို့ ကလေးငယ်၏ ခြေထောက်၊ လူကြီးတစ်ဦး၏ နှလုံးနှင့် အရေပြားများ ပါဝင်သည်။

ရဲတပ်ဖွဲ့ကမူ မိမိတို့မှာ တနင်္ဂနွေနေ့တွင် မွေးကင်းစ ကလေး၏ အစိတ်အပိုင်းများကို ယူဆောင်လာသော အမေရိကန်တစ်ဦးကို တွေ့ရခဲ့ရပြီး ၎င်းက ထိုအစိတ်အပိုင်းများကို ညဈေးမှ ဒေါ်လာ ၁၀၀ ဖြင့် ၀ယ်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့မှာ ထိုပြဿနာနှင့်ပတ်သက်၍ ဥပဒေ မည်သို့ရှိသည်ကို မသိရသောကြောင့် ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း၊ တနင်္လာနေ့မနက်တွင် ဘန်ကောက်ရှိ Siriraj ဆေးရုံရှိ ပြတိုက်မှ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခိုးယူခံရခြင်းကို သိရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထို့နောက်ဆေးရုံရှိ CCTV ကင်မရာအား ကြည့်ရှုခဲ့ရာ မက်ဖာန်နှင့် တန်နာတို့ ဆေးရုံသို့ လာရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး၊ ခိုးယူသည့်ပုံကို မတွေ့ရသော်လည်း ပျောက်ဆုံးသွားသည့် ခန္တာကိုယ်အစိတ်အပိုင်းများနှင့် ဆပ်စပ်နေသည့် အထောက်အထားများကို တွေ့ခဲ့ရသည်ဟု အဆိုပါဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ref_ CNN




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...