Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဘရာဇီးလ် လူငယ်များ အတွက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနေရာဟု ရော်နယ်ဒိုဆို

$
0
0

နိုဝင်ဘာ ၂၀၊ ၂၀၁၄
M-Media
2346F65D00000578-2840090-image-20_1416359777122
– ပါရမီရှိသည့် ဘရာဇီးလ်လူငယ်ဘောလုံးကစားသမားများ တိုးတက်ရန် အကောင်းဆုံးနေရာမှာ ပရီးမီးယားလိဂ်ဖြစ်သည်ဟု ဘရာဇီးဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်နှင့် လန်ဒန်မြို့တွင် ယှဉ်ပြိုင်ခဲ့သော ပိုကာ ကစားပွဲတွင် ရော်နယ်ဒိုက ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“(ဘရာဇီးလ်ကစားသမားတွေ ပရီးမီးယားလိဂ်ကိုလာရောက်ခြင်းဟာ) လုံဝကို လုပ်ရမယ့်အရာပါပဲ။ ဒီက ဘောလုံးသဘာဝဟာ ၀င်လုတာ၊ တိုက်စစ်နဲ့ ရှေ့တန်းကို အားပြုကစားတာကြောင့် ဘရာဇီးလ်လူငယ်ကစားသမားတွေ ပရီးမီးယားလိဂ်ကို လာရောက်ဖို့ဆိုတာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါ” ဟု ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၉၈ ပွဲ ကစားပေးခဲ့သည့် ရော်နယ်ဒိုက ပြောကြားခဲ့သည်။

ဘရာဇီးလ်ကစားသမားများ ပရီးမီးယားလိဂ်တွင် လာရောက်ကစားရန် တိုက်တွန်းခဲ့သော်လည်း ၎င်းကိုယ်တိုင်မှာ ကစားသမားဘ၀အား ဟော်လန်၊ စပိန်နှင့် အီတလီရှိ ကလပ်အသင်းများတွင်သာ ကုန်ဆုံးခဲ့သည်။

ဘရာဇီးလ်နည်းပြသစ်ဒွန်ဂါ လက်ရှိရွေးချယ်ထားသည့် လက်ရွေးစင်အသင်းတွင် ပရီးမီးယားလိဂ်မှ ကစားသမားငါးဦး ပါဝင်ပြီး ရော်နယ်ဒိုကလည်း မော်ရင်ဟို၏ လက်အောက်တွင် ကစားနေသည့် အော်စကာ၊ ၀ီလီယန်နှင့် လူးဝစ်တို့မှာလည်း ဘရာဇီးလ်အသင်းတွင် ပိုကောင်းလာမည့် အလားအလာရှိသည်ဟု ပြောကြားခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...