Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဘာသာရေးခေါင်းဆောင် ရသေ့ ကို လူသတ်မှုဖြင့် ဝင်ဖမ်းရာ နောက်ထပ် အလောင်းများ ထပ်တွေ့

$
0
0

နိုဝင်ဘာ ၂၁ ၊ ၂၀၁၄
M-Media
_79142356_79142351
– အိန္ဒိယနိုင်ငံတွင် လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဘာသာရေးခေါင်းဆောင် ရသေ့တစ်ပါးအား ၎င်း၏တရားကျင့်ရာနေရာသို့ ၀င်ရောက်ဖမ်းဆီးရာ အမျိုးသမီး ၄ ဦးနှင့် ကလေးငယ်တစ်ဦး၏ အလောင်းများအား တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

အဆိုပါ ရသေ့မှာ အသက် ၆၃ နှစ်အရွယ်ရှိ ဆန့် ရမ်ပဲလ်ဆိုသူဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူ တစ်ယောက်ဖြစ်သည်။ ၎င်းအား နိုဝင်ဘာ ၁၇ ရက်နေ့  ရုံးချိန်းလာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသောကြောင့် ရဲတပ်ဖွဲ့က နိုင်ငံမြောက်ပိုင်း ဟာယနပြည်နယ် ဟီဆာရ်ခရိုင်ရှိ ၎င်းတရားကျင့်ရာနေရာသို့ အောက်တိုဘာ ၁၈ ရက်နေ့က ၀င်ရောက်စီးနင်းခဲ့သည်။

၁၂ ဧက ကျယ်ဝန်းသည့် အဆိုပါ တရားကျင့်ရာ နေရာကို ရမ်ပဲလ်၏နောက်လိုက် ထောင်ပေါင်းများစွာက စောင့်ကြပ်ထားပြီး အချို့တွင် လက်နက်များကိုင်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
2014111993628676734_20
ရမ်ပဲလ်မှာ ထိုနေရာတွင်ရှိနေမည်ဟု ယုံကြည်ရပြီး ရဲတပ်ဖွဲ့များ ၀င်ရောက်စီးနင်းစဉ် ရမ်ပဲလ်၏ နောက်လိုက်များက ကျောက်ခဲများ၊ ဓာတ်ဆီဗုံးများနှင့် အခြားသောလက်နက်များဖြင့် ခုခံတိုက်ခိုက်ခဲ့ကြသောကြောင့် ရဲတပ်ဖွဲ့က ရေပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် နံပါတ်တုတ်များ အသုံးပြုခဲ့ရသည်။ သို့သော်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လည်ပိုင်းအထိ ထိုနေရာအား အပြီးတိုင် စီးနင်းနိုင်ခြင်းမရှိသေးပေ။

သေဆုံးသူအမျိုးသမီးများမှာ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့သည်ကို သိရှိရခြင်းမရှိသေးပဲ အလောင်းများကို စစ်ဆေးနေရာ အသက် ၁၈ လအရွယ် ကလေးငယ်မှာ ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်းဖြစ်မည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထိုသို့ ၀င်ရောက်စီးနင်းစဉ်အတွင်း ထိုနေရာမှ လူအများအပြား ထွက်လာသည်ကိုလည်း တွေ့ရှိခဲ့ရပြီး ထိုသူများက မိမိတို့မှာ ကိုယ်ပိုင်ဆန္ဒနှင့်ဆန့်ကျင်ကာ ထိုနေရာတွင် နေထိုင်နေရသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်းက ရမ်ပဲလ်အား ကိုးကွယ်သူအုပ်စုနှင့် အခြားအုပ်စုတို့အကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရမ်ပဲလ်နှင့် အခြား ၃၈ ဦးမှာ လူသတ်မှုနှင့် အခြားသောပြစ်မှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။

ုသို့သော်လည်း ၎င်း၏ နောက်လိုက်များက တရားရုံးအတွင်းသို့ ၀င်ရောက်ကာ ရှေ့နေများအား ခြိမ်းခြောက်ခဲ့သောကြောင့် အမှုအား ရပ်ဆိုင်းခဲ့ရသည်။ ၂၀၁၀ ခုနှစ်တွင်လည်း ရမ်ပဲလ်အား တရားရုံးက ၄၃ ကြိမ်ဆင့်ခေါ်ခဲ့ရာ ၎င်းက သွားရောက်ခဲ့ခြင်းမရှိချေ။

၎င်းဟာ ၁၅ ရာစုနှစ်က ကဗျာဆရာနဲ့ အသိဉာဏ်ထူးရှင် ကာဘီရ်ကို ကိုးကွယ်တဲ့ ဘာသာရေးအုပ်စုကို ခေါင်းဆောင်သူ ဖြစ်ပါတယ်။

ref_Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...