Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နည်းပညာတက္ကသိုလ် အောင်စာရင်း ရလဒ်အား မကျေနပ်၍ ကျောင်းသားများမှ အချက် (၅) ချက် တောင်းဆို

$
0
0

နိုဝင်ဘာ ၂၁ ၊ ၂၀၁၄
M-Media
သူရိန်
TU2
.နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သော နည်းပညာတက္ကသိုလ်များ၏ ၇၀ ရာခိုင်နှုန်းခန့် ကျရှုံးသော အောင်စာရင်းနှင့် ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ ထိုအခြေအနေများနှင့်စပ်လျဉ်း၍ နည်းပညာတက္ကသိုလ် (TU ) ကျောင်းသားများက နိုဝင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာကို အချက်၅ချက်ပါဝင်သော တောင်းဆိုချက်ကို ထုတ်ပြန်တောင်းဆိုလိုက်ကြသည်။

“စာမေးပွဲ အောင်စာရင်းထွက်တော့မှ ၆၅မှတ်ရမှ အောင်တယ်ဆိုတာသိရတယ်။ နောက်ပြီး အဲ့ဒီ ၆၅မှတ်မှာလည်း နဂိုကဆို လက်တွေ့တို့ Tutorial အမှတ်တွေ ပေါင်းထည့်ပေးပါတယ်။ အခုတော့ မပေါင်းဘူးလို့ ဆရာမတွေကိုယ်တိုင်ကပြောတယ်။ ကျွန်တော်တို့က အင်ဂျင်နီယာဖြစ်မယ့် လူတွေ ဆိုတော့ လက်တွေ့မလုပ်လို့မှမရတာ လက်တွေ့ကိုအမှတ်မပေးရင် ဘာကို အမှတ်ပေးမှာလဲ” ဟု WYTU ကျောင်းမှ ကိုအောင်ခမ်းပိုင်က ရှင်းလင်းပြောပြပါတယ်။

အောင်စာရင်းတွင် နစ်နာခဲ့သော ကျောင်းသားကျောင်းသူများက ယခင်ကျင့်သုံးခဲ့သော အောင်စာရင်းမူဝါဒအတိုင်း အောင်စာရင်းပြုစုရေးအဖွဲ့များမှ အမြန်ဆုံးပြန်လည် စိစစ်၍ နောက်ဆက်တွဲအောင်စာရင်းများ အမြန်ဆုံးထုတ်ပေးရန် အောင်စာရင်းမူဝါဒများအား ပွင့်လင်းမြင်သာစွာ ထုတ်ပေးရန်နှင့် ထုတ်ပြန်ထားသော အောင်စာရင်းကို ထိုမူဝါဒနှင့် ကိုက်ညီမှု ရှိမရှိ အမြန်ဆုံး အထူးစုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။ ထုတ်ပြန်ရန်ပြင်ဆင်ထားသော အောင်စာရင်းများကို နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြန်လည်တောင်းယူ၍ အောင်ချက်ရာခိုင်နှုန်း ပြင်ဆင်ခဲ့မှုသည် တက္ကသိုလ်များ၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နေပြည်တော်မှ အောင်စာရင်းထုတ်ပြန်ရေးဆိုင်ရာ အစည်းအဝေးမှတ်တမ်းများအား ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးရန် စသည်ဖြင့် တောင်းဆိုချက်တွင်ပါဝင်သည်။

ဒါ့အပြင် နိုင်ငံတော်သမ္မတကြီးမှ အောင်စာရင်းတွင် နစ်နာခဲ့မှုများအတွက် ဘက်လိုက်မှု အဂတ်လိုက်စားမှု ကင်းရှင်းသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပေးရန် နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများက တောင်းဆိုထားကြသည်။

နည်းပညာတက္ကသိုလ်ကျောင်းများတွင် ပထမနှစ်ဝက်တွင် ရမှတ် အဆင့် Grade A B C D E ကိုသိရှိရပြီး ဒုတိယနှစ်ဝက်တွင် ရမှတ် Grade ကိုကြေညာပေးခြင်း မရှိကြောင်းသိရသည်။ အောင်စာရင်းကိုဆုံးဖြတ်ရာတွင် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် ရမှတ် လက်တွေ့ Tutorial Assignment Field /Project ရမှတ်များကိုပေါင်းထည့်၍ ထုတ်ပြန်လေ့ရှိသော်လည်း ယခုနှစ်အောင်စာရင်းတွင် အဆိုပါရမှတ်များ ပေါင်းထည့်ပေးခြင်း မရှိကြောင်းသိရသည်။

အောင်စာရင်းကိစ္စနှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မီဒီယာများသို့ ပြောကြားသည့် စကားများတွင် ကွဲလွဲချက်များရှိနေပြီး ဝန်ကြီးဌာန၏ ပွင့်လင်းမြင်သာမှုမရှိသော တသမတ်တည်းမရှိသော မူဝါဒများကြောင့် ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ထုတ်ပြန်ခဲ့သောအောင်စာရင်းကြောင့် ကျောင်းသားနှစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုများဖြစ်ပေါ်ခဲ့ပြီး အခြားသော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ အောင်စာရင်း ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ အောင်စာရင်းပြုစုရေး အဖွဲ့များ၏ ဆုံးဖြတ်ချက် အတိုင်း ထုတ်ပြန်လျက်ရှိပြီး မည်သည့် ဝန်ကြီးဌာနကမှ ဝင်ရောက် စွက်ဖက်လေ့မရှိကြောင်း ထပ်မံ သတင်းရရှိသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...