Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အီရန်နျူ အရေးဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်လာ

$
0
0

နိုဝင်ဘာ ၂၁၊ ၂၀၁၄
M-Media
2014112162750748734_20
– အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံ ၆ နိုင်ငံတို့၏ နျူးကလီးယားအရေး ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီး အပြီးသတ် ဆွေးနွေးကြတော့မည်ဟု သိရသည်။

အမေရိကန်၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှ တာဝန်ရှိသူများမှာ ယနေ့တွင် ပြုလုပ်မည့် နောက်ဆုံးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဗီယင်နာမြို့သို့ ယမန်နေ့က ရောက်ရှိလာခဲ့ကြသည်။

“ကျွန်တော်တို့ နောက်ထပ်အချိန်ထပ်တိုးဖို့ ပြောကြတော့မှာ မဟုတ်ပါဘူး။ သဘောတူညီချက်ရအောင်ပဲ ဆွေးနွေးသွားမှာပါ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဗီယင်နာသို့ မထွက်ခွာမီ ပြောကြားခဲ့သည်။

အီရန်နျူအရေး ဆွေးနွေးမှုအတွက် နောက်ဆုံးရက်မှာ နိုဝင်ဘာ ၂၄ ရက် တနင်္လာနေ့ဖြစ်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်ကမူ သဘောတူညီချက်ရရေးအတွက် တာဝန်မှာ အင်အားကြီး ၆ နိုင်ငံအပေါ်တွင် ရှိနေကာ အီရန်နိုင်ငံအပေါ် လွန်ကဲသည့် တောင်းဆိုမှုများ ပြုလုပ်မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးမှုကို ပြီးခဲ့သည့်နှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

အီရန်၏ ယူနေရီယံသန့်စင်မှုကို လက်နက်ထုတ်လုပ်ရန်အတွက်ဟု အနောက်နိုင်ငံများက စွပ်စွဲခဲ့ကြပြီး အီရန်ကမူ ထပ်တလဲလဲငြင်းဆိုထားကာ အရပ်ဘက်တွင် အသုံးပြုရန်အတွက်သာ ဖြစ်သည်ဟု ပြောကြားထားသည်။

ref:Al Jazeera and agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...