Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

၂၀၁၄ မွတ်စလင် မယ်ကမ္ဘာဆု တူနီးရှားနိုင်ငံသူ ကွန်ပျူတာ ပညာရှင် ဆွတ်ခူး

$
0
0

နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
M-Media
20141122_muslimpageant_afp
– အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကားတားတွင် နိုဝင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော မွတ်စလင် မယ်ကမ္ဘာပြိုင်ပွဲ World Muslimah 2014 တွင် ကွန်ပျူတာသိပ္ပံပညာရှင် တူနီးရှားနိုင်ငံသူက သရဖူ ဆွတ်ခူးသွားခဲ့သည်ဟု သိရသည်။

ဇကာတင်အဖြစ် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အမျိုးသမီး စုစုပေါင်း ၁၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်များမှာ အသက် ၁၇ နှစ်မှ ၂၈ နှစ်အရွယ်အထိရှိကြကာ ဆရာဝန်တစ်ဦးနှင့် ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ဦးတို့ ပါဝင်ခဲ့သည်။

ပထမဆုကို တူနီးရှားနိုင်ငံမှ ကွန်ပျူတာသိပ္ပံပညာရှင် Fatma Ben Guefrache က ရရှိသွားခဲ့ခြင်းဖြစ်ပြီး World Muslimah 2014 ဆုဖလားအပြင် ရွှေသားအတိပြီးသော လက်ပတ်နာရီတစ်လုံး၊ ရွှေသား ဒီနာပြာနှင့် မက္ကာမြို့သို့ ဟဂ်ျဘုရားဖူးခရီး သွားရောက်နိုင်မည့် လက်မှတ်စောင်လည်း ပါဝင်သည်။

“ကြီးကြယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က စောင်မမှုကြောင့် ဒီဆုကိုရရှိခဲ့တာပါ။ ပြီးတော့ ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ပါစေ၊ ပါလက်စတိုင်းနဲ့ ဆီးရီးယားက ပြည်သူများ လွတ်မြောက်ကြပါစေ” ဟု Fatma  က ၀မ်းနည်းကြေကွဲစွာဖြင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

မွတ်စလင်မယ်ကမ္ဘာအဖြစ် ရွေးချယ်ရာတွင် အလှအပနှင့် ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရှု၍ ရွေးချယ်ခြင်း မဟုတ်ဘဲ ပါဝင်ယှဉ်ပြိုင်သူ အမျိုးသမီးများမှာ အစ္စလာမ်ကသတ်မှတ်ထားသော ဟိဂျဘ်ကို ၀တ်ဆင်ရပြီး ဒိုင်လူကြီးများမှာ ၎င်းတို့၏ ဟိဂျဘ်ဝတ်ဆင်မှု သေသပ်ခြင်း၊ အစ္စလာမ် သာသနာ၏ သွန်သင်ချက်များကို သိရှိနားလည်ခြင်း၊ ဗဟုသုတပြည့်စုံခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို အသံနေအသံထားဖြင့် ကောင်းမွန်စွာ ရွတ်ဖယ်သရဇ္ဈာယ်နိုင်ခြင်း စသည့် အရည်အချင်းများကို ကြည့်ရှုစစ်ဆေးကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“သူတို့စားတာသောက်တာ၊ ၀တ်ဆင်တာ၊ သူတို့ရဲ့ ဘ၀တွေကိုရှင်သန်တာကအစ အစ္စလာမ့်ရဲ့ ဘ၀တည်ဆောက်မှုလမ်းစဉ်အားလုံးကို သူတို့ နားလည်လားဆိုတာ ကျွန်မတို့ ကြည့်ပါတယ်” ဟု ထိုပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ဂျမီယာ ရှရီးဖ်က ပြောကြားခဲ့သည်။

မွတ်စလင်မယ်ကမ္ဘာပြိုင်ပွဲ၏ ဒုတိယဆုကို မေလးရှားနိုင်ငံမှ အိုနူရန် နလီဆာက ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲမှာ လေးကြိမ်မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး နောက်ဆုံးအကျော့ပြိုင်ပွဲကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသော အေဒီ ၉ ရာစုနှစ်က ဆောက်လုပ်ထားသည့် ရှေးဟောင်း သမိုင်းဝင် ဟိန္ဒူဘုရားကျောင်း Prambanan ကို နောက်ခံထားကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘုရားကျောင်းမှာ ဂျာဗားကျွန်းတွင် တည်ရှိပြီး ထိုသို့ပြုလုပ်ရခြင်းမှာ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အခြားသော ဘာသာတရားများကိုလည်း လက်ခံကြောင်း ပြသရန်ဖြစ်သည်ဟု ပြိုင်ပွဲကျင်းပသူများက ပြောကြားခဲ့သည်။

ပြိုင်ပွဲဝင်များမှာ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာများသို့ သွားရောက်ကာ ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှား ယဉ်ကျေးမှုမြို့တော်ဖြစ်သော ယိုဂျာကားတားမြို့အနီးရှိ ကမ္ဘာကျော် ဘိုရိုဘူဒေါ စေတီတော်ကိုလည်း သွားရောက်လေ့လာခဲ့ကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

ref_ AFP


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...