Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဗြိတိန် လက်ဝှေ့ကျော် အမီးရ်ခန်း ၀ယ်သာဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့

$
0
0

ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
_79717757_amir_khan_getty
– ယနေ့နံနက်က လက်စ်ဗီးဂက်စ်၌ ထိုးသတ်ခဲ့သည့်ပွဲတွင် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းမှာ စိန်ခေါ်သူ အမေရိကန်နိုင်ငံသား ဒီဗွန် အလက်ဇန်းဒါးကို အနိုင်ရရှိခဲ့ပြီး WBC ဆေးလ်ဗားဝယ်သာဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သည်ဟု သိရသည်။

အသက် ၂၈ နှစ်အရွယ်အမီးရ်ခန်းမှာ ပွဲစဉ်တစ်လျှောက်လုံး အလက်ဇန်းဒါးအား အသားစီးဖြင့် ထိုးသတ်နိုင်ခဲ့သည်။ ပွဲအပြီးတွင် ဒိုင်လူကြီးသုံးဦး၏ ဆုံးဖြတ်ချက်အရ ခန်းမှာ ၁၁၉-၁၀၉၊ ၁၁၈-၁၁၀၊ ၁၂၀-၁၀၈ မှတ်တို့ဖြင့် အပြတ်အသတ်အသာရကာ အနိုင်ရှိခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင် ခန်းက ၎င်းအနေဖြင့် အမေရိကန် လက်ဝှေ့ချန်ပီယံ ဖလွိုက်မေ၀ယ်သာဖြင့် ထိုးသတ်ချင်သည်ဟု ပြောကြားခဲ့သည်။

`ကျွန်တော့်ရဲ့လက်သီးက ကမ္ဘာ့ အကောင်းဆုံး လက်ဝှေ့သမားနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် တကယ့်ကို ယုံကြည်ပါတယ်။ သူကတော့ မေ၀ယ်သာပါပဲ။ သူဟာ ကျွန်တော့်အတွက် အသင့်တော်ဆုံး ပြိုင်ဘက်ပါ။ သူနဲ့ထိုးရင် စစ်တုရင်ကစားသလိုဖြစ်မှာပါ။ ဒါပေမယ့် ကျွမ်းကျင်မှုချင်း ပြိုင်ရပါလိမ့်မယ်။ သူ့ကိုအနိုင်ထိုးဖို့ ကျွမ်းကျင်မှု၊ လှုပ်ရှားမှုတွေ ကျွန်တော့်မှာ ရှိပါတယ်။ သူကျွန်တော့်ကို နာကျင်စေမှာ မဟုတ်ပါဘူး´ ဟု ခန်းက ၎င်း၏ ဆန္ဒကို ဖွင့်ဟခဲ့သည်။

ထို့ပြင် အသက် ၂၅ နှစ်အရွယ်ကထက် ယခုအချိန်ခံစားမှုက ပိုမိုကောင်းမွန်ကြောင်း၊ မိမိ၏ဘ၀ကို လက်ဝှေ့ အားကစားတွင်သာ နှစ်မြှုပ်ထားပြီး ကစားနိုင်မည့် နှစ် အနည်းငယ်လည်း ကျန်ရှိသေးကြောင်း မေ၀ယ်သာနှင့် ထိုးသတ်ရန်အတွက် ကြိုးစားသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ခန်းမှာ ၂၀၁၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ထိုးသတ်ခဲ့သည့် လေးပွဲစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပရော်ဖက်ရှင်နယ် သက်တမ်းတစ်လျှောက် ထိုးသတ်ခဲ့သည့် ပွဲပေါင်း ၃၃ ပွဲတွင် ခန်းမှာ ပွဲပေါင် ၃၀ အထိ အနိုင်ရရှိထားသည်။

ref_ BBC


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...