Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဂျူဗင်တပ်စ် အသင်း ဥရောပတွင် အောင်မြင်ရန် ဂိုးသွင်းစက် လိုသည်ဟု ဂိုးသမား ဘူဖွန်ပြော

$
0
0

ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
609541_heroa
– ပြည်တွင်းအောင်မြင်မှုများ ရရှိသော်လည်း ဥရောပတွင် မအောင်မြင်သည့် ဂျူဗင်တပ်စ် အသင်းတွင် မက်ဆီနှင့် ရော်နယ်ဒိုတို့ကဲ့သို့ ပုံမှန် ဂိုးသွင်းရှင်မျိုး လိုအပ်သည်ဟု ဂိုးသမား ဘူဖွန်က ပြောကြားလိုက်သည်။

ဂျူဗင်တပ်စ်မှာ စီးရီးအေ ဆုဖလားကို နောက်ဆုံး ၃ နှစ်ဆက်တိုက် ရရှိခဲ့သော်လည်း ဥရောပတွင် အောင်မြင်မှုများ မရရှိခဲ့ချေ။ ယခုနှစ် ချန်ပီယံလိဂ် တွင်လည်း ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ပွဲစဉ် ၆ ပွဲစလုံးပြီးမှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့သည်။

ဘူဖွန်ကမူ ယခုနှစ်တွင် တိုက်စစ်မှူး တီဗက်ဇ်မှာ ခြေစွမ်းပြနေသော်လည်း ဥရောပတွင် အဓိက အသင်းဖြစ်လာရန်အတွက် အသင်း အနေဖြင့် ဂိုးသွင်းနှုန်းမြင့်မားသည့် တိုက်စစ်မှူးမျိုး လိုအပ်သည်ဟု ပြောကြားခဲ့သည်။

`ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ကို မရတဲ့ အသင်းတွေမှာရှိတဲ့ အားနည်းမှုမျိုး ရှိနေပါတယ်။ ကျွန်တော်တို့မှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ မရှိပါဘူး။ သူတို့တွေဟာ သူတို့အသင်းအတွက် အဓိပ္ပါယ်ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုကစားသမားမျိုး ရှိနေခြင်းက အသင်း အဆိုးဆုံး အချိန် ရောက်တာတောင်မှ အနည်းဆုံး ၁ ဂိုးလောက် သွင်းပေးလို့ပါပဲ´ ဟု ဘူဖွန်က AS သတင်းစာသို့ ဖွင့်ဟခဲ့သည်။

ဂျူဗင်တပ်စ်မှာ ယခုလက်ရှိတွင် စီးရီးအေတွင် ၁၄ ပွဲကစားပြီးနောက် ဇယားအားဦးဆောင်နေပြီး လာမည့် တနင်္ဂနွေနေ့တွင် ဆမ်ဒိုးရီးယားသင်းနှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...