Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆစ်ဒနီရှိ ကော်ဖီဆိုင်၌ ပြန်ပေးဆွဲခံရမှု သြစတေးလျ မွတ်စလင် အဖွဲ့အစည်း ၄၀ ကျော် ကန့်ကွက်ရှုတ်ချ

$
0
0

ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
breaking-hostages-taken-in-sydney-siege-by-islamic-militants-1418602404
– သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က ကော်ဖီဆိုင်တစ်ခုကို အီရန်က ပြောင်းရွှေ့အခြေချသူတစ်ယောက် တနင်္လာနေ့နံနက်ပိုင်းကစပြီး ပြန်ပေးဆွဲထားမှုဟာ ဒီနေ့မနက်မှာ အဆုံးသတ်ခဲ့ပါတယ်။

ဒီကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ ရှင်းလင်းခဲ့ပြီး ပြန်ပေးသမားနဲ့ ဓားစာခံတစ်ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဆိုပါ ပြန်ပေးဆွဲသမားရဲ့ ဘ၀ဟာ တည်ငြိမ်မှုမရှိဘဲ ဇနီးဟောင်းဖြစ်သူ အသတ်ခံရမှုမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိခံထားရသူဖြစ်ပါတယ်။

ပြန်ပေးသမားဟာ အနက်ရောင်နောက်ခံမှာ အစ္စလာမ့်သက်သေခံချက်ကိုရေးထားတဲ့ နဖူးစီးတစ်ခုကို အပြင်ကမြင်ရအောင် ဓားစားခံတွေကို ကိုင်ခိုင်းခဲ့တာကြောင့် ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး သြစတေးလျနဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ အပါအ၀င် မွတ်စလင်အဖွဲ့အစည်း တော်တော် များများကလည်း ကြေညာချက် ထုတ်ကာ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သြစတေးလျက အဖွဲ့အစည်းများနဲ့ ပြည်သူများဟာလည်း ဒါဟာ အစွန်းရောက်သူတစ်ဦးရဲ့ လုပ်ရပ်သာဖြစ်ပြီး အစ္စလာမ်နဲ့ ဘာမှမဆိုင်ကြောင်း ဖွင့်ဟခဲ့ကြကာ ဒီအကြမ်းဖက်မှုနဲ့ မပတ်သက်တဲ့ မွတ်စလင်တွေ ထိခိုက်ခံစားရခြင်း မရှိရအောင် ကာကွယ်ပေးမှုတွေလည်း ပြုလုပ်နေပါတယ်။

အဲဒီလိုပဲ အစ္စလာမ်သာသနာဆိုင်ရာ ထိပ်တန်းအဖွဲ့အစည်းများအပါအ၀င် သြစတေးလျက မွတ်စလင်အဖွဲ့အစည်း ၄၀ ကျော်ကလည်း ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး ယမန်နေ့ ညနေပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ မိမိတို့ မွတ်စလင်လူ့အဖွဲ့အစည်းဟာ ဒီဖြစ်ရပ်အတွက် တုန်လှုပ်ရသူတွေကို စာနာပါကြောင်း၊ မိမိတို့မှာလည်း ထိုကော်ဖီဆိုင်မှ ဓားစာခံများအတွက် စိတ်ပူမိပြီး ၎င်းတို့လွတ်မြောက်ရေး ဆုမွန်ကောင်းတောင်းနေပါကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်ကို မိမိတို့က လက်ခံမည် မဟုတ်ဘဲ အနက်ရောင်နောက်ခံပေါ်တွင် ရေးသားထားသည့် အစ္စလာမ့် သက်သေခံချက်မှာလည်း အလွဲသုံးစားပြု ခံရခြင်းသာ ဖြစ်ပါကြောင်း စသဖြင့် ဖော်ပြထားပါတယ်။ အဲဒီကြေညာချက် အပြည့် အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကြေညာချက် (ချက်ချင်းထုတ်ပြန်ရန်)
၂၀၁၄ခုနှစ် ဒီဇင်ဘာ ၁၅ ရက် တနင်္လာနေ့

မာတင်ပလေ့စ်ဒေသရှိ Lindit ကဖေးတွင် ယနေ့နံနက်က ပေါ်ထွက်လာခဲ့သော မကြုံစဖူးဖြစ်ရပ်ကြောင့် ဆစ်ဒနီတွင်နေထိုင်သည့် မိတ်ဆွေများ၏ တုန်လှုပ်ခြောက်ခြားမှုကို သြစတေးလျရှိ မိမိတို့ မွတ်စလင်လူ့အဖွဲ့အစည်းကလည်း မျှဝေခံစားရပါသည်။ ထို့ပြင် ဓားစာခံများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း မိမိတို့က စိုးရိမ်ပူပန်မိပါသည်။ ၎င်းတို့၏အန္တရာယ်ကင်းရှင်းမှုအတွက် မိမိတို့က ဆုမွန်ကောင်းတောင်းနေပြီး၊ ထိုပြဿနာမှာလျင်လျင်မြန်မြန်နှင့် ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်မည်ဟုလည်း မျှော်လင့်မိပါသည်။

မည်သည့်လူသားမျိုးနွယ်မှမဆို အပြစ်မဲ့အသက်တစ်ချောင်းကို ရယူရန် ကြိုးပမ်းမှု၊ ၎င်းတို့၏ နှလုံးသားများ အတွင်းသို့ ကြောက်ရွံ့ထိတ်လန့်မှုများ သွတ်သွင်းရန် ကြိုးစားမှုတို့ကိုလည်း မိမိတို့မှ လက်ခံမည်မဟုတ်ပါ။ အဆိုပါ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်မှာ သြစတေးလျပြည်သူများ၏ စိတ်ကောင်းစေတနာကို ဖျက်စီးရန်ကြိုးစားသူများ၏ အစီအစဉ်ကို ဖော်ဆောင်ခြင်းသာ ဖြစ်ပါသည်။ ထို့ပြင် အစ္စလာမ်သာသနာနှင့် သြစတေးလျတစ်ဝှမ်းမှ မွတ်စလင်များအား လှောင်ပြောင် သရော်သည့်၊ ထိခိုက်စေသည့် လုပ်ရပ်လည်း ဖြစ်ပါသည်။

အနက်ရောင် အလံရှိ အာရဘီဘာသာစကားဖြင့် ရေးသားထားမှုမှာ နိုင်ငံရေးကြေညာချက်ကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမှ ကိုယ်စားပြုခြင်းမရှိသည့် လမ်းမှားသူများ၏ အလွဲသုံးစားပြုခြင်းခံရသော အစ္စလာမ့်သက်သေထွက်ဆိုချက်သာ ဖြစ်သည် ဆိုသည်ကို မိမိတို့က သိပေးလိုပါသည်။

ထိုအဖြစ်အပျက်နှင့် ကိစ္စရပ်များအား တရားဥပေဒရှေ့မှောက်သို့ ရောက်ရှိလာရန် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ကိုင်တွယ်ဆောင်ရွက်နေသောကြောင့် လူတိုင်းလူတိုင်း တည်တည်ငြိမ်ငြိမ်ရှိကြရန် မိမိတို့မှ တိုက်တွန်းပါသည်။ မီဒီယာများအနေဖြင့်လည်း ၎င်းတို့၏ ဖော်ပြမှုအတွက် တာဝန်ယူရမည်ဟု မိမိတို့မှ တောင်းဆိုပါသည်။ ယခုအချိန်မှာ သြစတေးလျပြည်သူများ အတူတကွရပ်တည်ပြီး တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကြရမည့် အချိန်လည်းဖြစ်ပါသည်။

ထိုပြဿနာအား ထိခိုက်သေဆုံးမှုများ မရှိဘဲ အလျင်အမြန်ပြေလည်သွားစေရန် မိမိတို့မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

sydney-press


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...