Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကွင်းလယ်လူ လမ်းပတ်အား မန်စီးတီး သက်တမ်းတိုး

$
0
0

ဇန်န၀ါရီ ၁၊ ၂၀၁၅
M-Media
1458450_820053361370469_7250922389520995450_n
– အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီး အသင်းမှ အငှားဖြင့် ခေါ်ယူထားသည့် ကွင်းလယ်ကစားသမား လမ်းပတ်အား မန်စီးတီးအသင်းက ယခုနှစ်ရာသီကုန်အထိ သက်တမ်းတိုးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နွေရာသီက နယူးယောက်စီးတီးအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့သည့် ချယ်ဆီး ကွင်းလယ်လူဟောင်း လမ်းပတ်မှာ မန်စီးတီးအသင်းသို့ ဇန်န၀ါရီလအထိ အငှားဖြင့် လာရောက်ကစားနေခြင်းဖြစ်သည်။

သို့သော်လည်း လမ်းပတ်မှာ ထိပ်တန်းအဆင့် ခြေစွမ်းရှိသေးကြောင်း သက်သေ ပြနိုင်ခဲ့ပြီး မန်စီးတီးအသင်း၌ ၁၇ ပွဲပါဝင်ကစားကာ ၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

`ဒီနှစ်ရာသီကုန်အထိ ဖရန့်လမ်းပတ်ကို စာချုပ်သက်တမ်းတိုးလိုက်တယ်ဆိုတာ မန်စီးတီးက အတည်ပြုနိုင်ပါတယ်´ ဟု မန်စီးတီးအသင်းမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

နယူးယောက်စီးတီးအသင်း၏ ဒါရိုက်တာဖြစ်သူ ကလော်ဒီယို ရေနာကလည်း ဘောလုံးစတားတစ်ယောက်ဖြစ်သည့် လမ်းပတ်မှာ မန်စီးတီးအသင်းအား နေ့စဉ် ကူညီပေးခြင်း၏ အကျိုးရလဒ်ကို ခံစားရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

လာမည့် ဆောင်းရာသီအပြောင်းအရွှေ့တွင် အသင်းသို့ ကစားသမားအသစ်များ ခေါ်ယူမည်လားဆိုသည်နှင့် ပတ်သက်၍ မန်စီးတီးနည်ပြ ပယ်လီဂရီနီက မိမိတို့တွင် ဘဏ္ဍာရေးအကန့်အသတ်ရှိနေပြီး ကစာသမားအသစ်များ ခေါ်ယူသွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

Ref : goal.com




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...