Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကမ္ဘာ့စီးပွားရေးနှင့် တစ်သီးတစ်ခြားဖြစ်နေမှုအား အဆုံးသတ်မည်ဟု အီရန်သမ္မတ ရူဟာနီဆို

$
0
0

ဇန်န၀ါရီ ၅၊ ၂၀၁၅
M-Media

IRAN-POLITICS-ROUHANI

– ရင်းနှီးမြှပ်နှံသူများအနေဖြင့် မိမိတို့နိုင်ငံအား ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်သင့်တော့ဘဲ ကမ္ဘာ့စီးပွားရေးနှင့် တစ်သီးတစ်ခြား ဖြစ်နေမှုမှာ မကြာခင် အဆုံးသတ်တော့မည်ဟု အီရန်သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

တီဟီရန်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးညီလာခံတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ စည်းမျဉ်း စည်းကမ်းများကို စွန့်လွှတ်မည်မဟုတ်သော်လည်း စီပွားရေး ပိတ်ဆို့မှုများ ဖွင့်လိုက်ပါက မိမိတို့နိုင်ငံမှာ စီးပွားရေး ကျင်ဆင်းမှုမှနေ၍
ပြန်လည်ထူထောင်လာလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အီရန်မှာ ၎င်း၏ နျူကလီးယားကိစ္စအတွက် ပြည့်ဝသော သဘောတူညီချက်ရရန် ကမ္ဘာ့ အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးနေပြီး၊ သဘောတူညီချက်ရရှိပါက နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ တစ်ဟုန်ထိုး တိုးတက်လာဖွယ်ရှိနေသည်။

ရူဟာနီကမူ မိမိတို့အနေဖြင့် ရေရှည်တည်တံ့မည့် ဖွံဖြိုးတိုးတက်မှုကိုသာ လိုချင်ကြောင်း၊ မိမိတို့၏ နိုင်ငံခြားရေးပေါ်လစီက နိုင်ငံ၏ စီးပွားရေးအား ကျုံ့စေသည်ဆိုလျှင် ယခုအချိန်၌ ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တီဟီရန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စီးပွားရေးညီလာခံသို့ အီရန်စီးပွားရေးဝန်ကြီး၊ ဗဟိုဘဏ်အကြီးအကဲတို့ အပါအ၀င် နိုင်ငံတကာမှ စီးပွားရေး ကျွမ်းကျင်သူများနှင့် ဧည့်သည်တော် ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

Ref : alarabiya


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...