Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

လူမျိုး/ဘာသာမခွဲဘဲ ကူညီပေးနေတဲ့ နွယ်အေး စန္နီဂျာမေဗလီ သာရေး၊နာရေး အသင်း နှစ်ပတ်လည် အခမ်းအနားပြုလုပ်

$
0
0

ဇန်နဝါရီ ၁၁၊ ၂၀၁၄
M-Media
မိုးစက်
DSC00016
ရန်ကုန်။    ။  လူမျိုး/ဘာသာမခွဲဘဲ ကူညီပေးနေတဲ့ နွယ်အေး စန္နီဂျာမေဗလီ သာရေး နာရေး အသင်း လေးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတစ်ရပ်ကို  ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် စန္နီဂျာမေ ဗလီတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်ပြီး တတ်နိုင်သမျှ ကူညီပေးနေတာဟာ  လူပီသတဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဥက္ကဌ အလ်ဟာဂ်ျ ဦးညွှန့်မောင်သျှိန်က အဆိုပါအခမ်းအနားမှာ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

DSC00022

“မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပုံဖော်နေချိန်မှာ လူ့အဖွဲ့အစည်းကိစ္စရပ်တွေမှာ တတ်နိုင်တဲ့နေရာကနေ ပါဝင်ပေးခြင်းဟာ အင်မတန်မှ ကောင်းမွန်တဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် စန္နီဂျာမေပလီကြီးမှ သာရေးနာရေး ဆပ်ကော်မတီအား ၂၀၁၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး လူမျိုးမရွေး ဘာသာမရွေး နေရာဒေသမရွေး သာရေးနာရေးကိစ္စရပ်တွေကို လိုက်လံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ထို့ပြင် ထိုရပ်ကွက်တွင် ကျန်းမာရေး ဆေးခန်းတစ်ခုလည်း ဖွင့်လှစ်ထားပြီး ရပ်ကွက်တွင်းရှိ လူမျိုးဘာသာ မရွေး ကုသပေးနေကြောင်း သိရှိရပါတယ်။

ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးဒေါက်တာမြင့်သိန်းမှလည်း “မွတ်စလင်လူငယ်တွေအနေနှင့် ဆရာကြီး ဦးရာဇတ် ကိုအတုယူသင့်ကြောင်း၊ ယခုလိုလို လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကိုတွေ့ရတော့ အရမ်းကို ဂုဏ်ယူမိပါတယ်” ဟု ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

နွယ်အေးရပ်ကွက် စန္ဒီဂျာမေပလီကြီးမှ ရှေ့ဆောင် တစ်ဦးဖြစ်သူမောင်လာနာ ကာရီမိုဟမ္မဒ် ယူစွဖ်မှလည်း ၎င်းအနေနှင့် ယင်းသာရေးနာရေး ဆပ်ကော်မတီကြီးတွင် သာသနာရေးရာ အကြံပေးအဖြစ် တာဝန်ယူထားပြီး မေတ္တာတရားထားကာ ရပ်ကွက်သူ ရပ်ကွက်သားများနှင့် အတူတကွ ယင်းအဖွဲ့အစည်းအတွက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် စန္နီဂျာမေ ဗလီကြီးမှ သာရေးနာရေး ဆပ်ကော်မတီသည် လစဉ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ ရပ်ကွက်သားများနှင့် စေတနာရှင်များ၏ အလှူအငွေများနှင့် ရပ်တည်နေကြောင်း သိရသည်။ ယင်းအဖွဲ့အစည်းမှ ရှေ့ဆက်ပြီးလူမှုရေးလုပ်ငန်းများနှင့် ရပ်ကွက်တွင်းရှိ ကလေးငယ်များ၏ ပညာရေးများကို အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

 

DSC00035DSC00037




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...