Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဝီကီလိခ်ဝန်ထမ်းများ၏ အီးမေးလ်နှင့် အချက်အလက်များကို အမေရိကန်အစိုးရထံသို့ ဂူးဂဲလ် လွှဲပေးခဲ့

$
0
0

ဇန်န၀ါရီ ၂၈၊ ၂၀၁၅
M-Media

wiki

– အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နေသည့် ၀ီကီလီခ်မှ ၀န်ထမ်းအချို့၏ အီးမေးလ်နှင့် အချက်အလက်များကို ဂူးဂဲလ်က အမေရိကန်ထောက်လှမ်းရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။

ဝီကီလိခ်မှ စုံစမ်းရေး အယ်ဒီတာဖြစ်သော ဗြိတိသျှသူ ဆာရာဟာရစ်ဆန်၊ ပြောရေးဆိုခွင့်ရှိသူ ကရစ်စတင်း ဟာရက်ဖ်ဆန်နှင့် အကြီးတန်းအယ်ဒီတာ ဂျိုးဆက်ဖ် ဖာရဲလ်တို့နှင့် သက်ဆိုင်သည့် အီးမေးလ်များနှင့် အခြားသောအချက်အလက်များဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လတွင် အမေရိကန်တရားရေးဌာနက ဂူးဂဲလ်ထံမှ တောင်းယူခဲ့ခြင်းဖြစ်သည်။

ဂူးဂဲလ်ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ၀ီကီလိခ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့မှ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထိုစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် အမိန့်ကြောင့် ၃ နှစ်နီးပါး နောက်ကျခဲ့ရခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။

ဆာရာဟာရစ်ဆန်ကမူ မိမိ၏ ကိုယ်ပိုင်အချက်အလက်များကို အမေရိကန်အစိုးရမှ ယခုကဲ့သို့ မသမာသောနည်းလမ်းဖြင့် ရယူခဲ့သည့်အတွက် စိတ်မသက်မသာဖြစ်ရပြီး ဂူးဂဲလ်နှင့် အမေရိကန်အစိုးရတို့မှာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှု အသေးစိတ်နှင့်ပတ်သက်၍ လျှို့ဝှက်ထားသော်လည်း အမေရိကန်၏ လျှို့ဝှက်စာရွက်စာတမ်းများကို ပေါက်ကြားမှုကြောင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသော အမေရိကန်စစ်တပ် ထောက်လှမ်းရေး အရာရှိဟောင်း ချယ်ဆီး မန်နင်းကိစ္စနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ရသည်။ မန်နင်းမှာ အမေရိကန်၏ သံတမန်ရေးစာရွက်စာတမ်း ၂၅၀၀၀၀နှင့် စစ်တပ်မှ စာရွက်စာတမ်း ၅ သိန်းကို အပြင်သို့ ပေါက်ကြားစေခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဂူးဂဲလ်၏ အမှုဆောင်ဥက္ကဌ အဲရစ် ရှမစ်ထံသို့ ၀ီကီလိခ်က စာတစ်စောင်ပေးပို့ခဲ့ပြီး ထိုလုပ်ရပ်က “အံ့အားသင့်စရာနှင့် စိုးရိမ်ဖွယ်ရာကောင်းသော” လုပ်ရပ်ဖြစ်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။

အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သော ၀ီကီလိခ်က ထိုလုပ်ရပ်မှာ ၁၉၁၇ လျှို့ဝှက်ထောက်လှမ်းရေး အက်ဥပဒေ၊ ကွန်ပြူတာဆိုင်ရာ လိမ်လည်မှုနှင့် အလွဲသုံးစားလုပ်မှု ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အဆိုပါစာတွင် ဖော်ပြခဲ့သည်။

Ref: RT




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...