Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံအရေး တွေ့ဆုံ ရှင်းလင်းပွဲ တောင်ကြီးမြို့တွင် ပြုလုပ်

$
0
0

ဇန်န၀ါရီ ၂၈ ၊ ၂၀၁၅
M-Media
သတင်း/ဓါတ်ပုံ -ထွန်းသူအောင်
20150128_100040
ပြည်ထောင်စုသားမွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကျင်းပရေးကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် မြို့နယ်ရပ်မိရပ်ဖများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ ၂၈.၁.၂၀၁၅ ရက် ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့ မြို့ဦးဗလီ မင်္ဂလာခန်းမတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ကျင်းပပြုလုပ်သည်။ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်မှ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနား သဘာပတိဖြစ်သော အစ္စလာမ်ဘာသာရေး အဖွဲ့နာယက ဟာဂျီဦးညွန့်ရွှေမှ အဖွင့်အမှာ စကား ပြောကြားရာ၌ ပြည်ထောင်စုသား မွတ်စလင် တို့သည် ဤမြေတွင်မွေး ဤမြေတွင်ကြီးပြင်းလာကြသူများ ဖြစ်သည်နှင့်အညီ တာဝန်ပေးအပ်ခြင်း ခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ဝယ် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလက်တွဲ ပါဝင်ရန် လိုအပ်ကြောင်း၊ သို့မှသာ အခြားလူ့အဖွဲ့အစည်းများနှင့် လက်ရည်တစ်ပြင်တည်း နိုင်ငံ့အကျိုး သယ်ပိုးရာရောက်ကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ညီလာခံကျင်းပရေး ကော်မတီ ဒုဥက္ကဌ ဒေါက်တာဦးမြင့်သိန်းမှ ညီလာခံ ကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
20150128_100915

လက်ရှိအခြေအနေတွင် မြို့နယ်ပေါင်း ၁၈၀ ကျော် စုစည်းထားပြီးဖြစ်ကြောင်း၊ ဤအစုအဖွဲ့သည် ဘာသာရေးအဖွဲ့ မဟုတ်သလို နိုင်ငံရေးအဖွဲ့လည်း မဟုတ်ဘဲ အလွှာပေါင်းစုံ မွတ်စလင်များပါဝင်သော အရပ်ဖက် လူ့အဖွဲ့အစည်း တစ်ခုဖြစ်လာရန် ရည်ရွယ်ထားကြောင်း၊ ၎င်းအပြင် ညီလာခံအား ပြည်ပ အကူအညီ စိုးစဉ်မျှ မပါဝင်ဘဲ ပြည်တွင်းအင်အား သက်သက်ဖြင့်သာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း

မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်များသည် ပုဂံခေတ်ကတည်းကပင် တိုင်းကျိုးပြည်ပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း၊ ဗြိတိသျှ ကိုလိုနီအားတော်လှန်၍ လူပုံအလယ် ကြိုးစင်တက် အသက်ပေးခဲ့သူ ဗိုလ်ရာကွတ် စသူများ၊ မြန်မာ့ အာဇာနည် ခေါင်းဆောင် ဆရာကြီးဦးရာဇတ် စသူများဖြင့် သမိုင်း စာမျက်နှာပေါ် အခိုင်အမာ ကမ္ပည်းတင်ထားပြီးဖြစ်ကြောင်း၊ ၁၉၄၆ ခုနှစ် တိုင်းပြည် အကျဉ်းအကြပ်ဆိုက်ချိန် အစ္စလာမ် ဘာသာဝင်တို့သည် မိမိအခွင့်အရေးကို ရှေ့တန်းမတင်ဘဲ မွတ်စလင်ညီလာခံ ကျင်းပ၍ နိုင်ငံ့လွတ်လပ်ရေးအတွက် အများနှင့်တန်းတူ ခံယူဆောင်ရွက်ပြီး ပြည်ထောင်စုဟူသော တောင်တန်းပြည်မပေါင်းစည်းစေရာ ပင်လုံစာချုပ်အောင်မြင်အောင် ချုပ်ဆိုနိုင်သည်အထိ တတပ်တအား လက်တွဲဆောင်ရွက်ခဲ့ကြပြီးဖြစ်ကြောင်း၊ စနစ်အပြောင်းအလဲဖြစ်လေတိုင်း အခက်အခဲ ရှိတတ်သဖြင့် စုပေါင်းအဖြေရှာမှသာ ရှေ့ဆက်လျှောက်လှမ်းနိုင်ကြောင်း၊ “မွတ်စလင်တစ်ဦး၏ အနိမ့်ဆုံး ဂုဏ်ရည်သည် လူသွားလမ်းပေါ်ရှိ အန္တရာယ်ဆူး ဖယ်ရှားပေးခြင်း” နှင့် “မိမိတိုင်းပြည်ဇာတိကို ချစ်ခင်ခြင်းသည် ယုံကြည်ချက်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ခြင်း” စသော အစ္စလာမ့် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းပါစေ) မိန့်ကြားထားကြောင်း၊ ကုရ်အာန် ကျမ်းတော်တွင်လည်း မွတ်စလင်များကို လောကကောင်းကျိုး သယ်ပိုးရန် သွန်သင်ညွှန်ပြထားကြောင်း၊ ထို့ကြောင့် ကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ရပ်ရွာနိုင်ငံကောင်းကျိုးဆောင်ရွက်ရန် မွတ်စလင်တိုင်း တာဝန်ရှိနေကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်၏လမ်းကြောင်းနှင့် လူ့အဖွဲ့အစည်း လိုအပ်ချက် အလို့ငှာ ပြည်လုံးကျွတ် မွတ်စလင်ညီလာခံအား လာမည့်ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပနိုင်ရန် သက်ဆိုင်ရာသို့ တရားဝင်တင်ပြလျှောက်ထား စီစဉ်လျက်ရှိကြောင်း၊

20150128_110745

အဆိုပါညီလာခံ၌
(၁)နိုင်ငံသားအခွင့်အရေးအပြည့်အ၀ရရှိရေး
(၂)လူနည်းစုအခွင့်အရေးအပြည့်အ၀ရရှိရေး
(၃)လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့်လက်တွေ့ကျင့်သုံးခွင့်
(၄)ပဋိပက္ခနှင့်အကြမ်းဖက်မှုများကာကွယ်တားဆီးရေး
(၅)ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
(၆)ဆင်းရဲမွဲတေမှုလျှော့ချတိုက်ဖျက်ရေး
(၇)လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး စသည့် ခေါင်းစဉ် ၇ ရပ်ဆွေးနွေးအဖြေရှာပြီး အနာဂတ်လမ်းပြမြေပုံနှင့်တစ်ကွ အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြို့နယ်ပေါင်း ၁၈၀ ကျော် စုစည်းထားပြီးဖြစ်ကြောင်း၊ ဤအစုအဖွဲ့သည် ဘာသာရေးအဖွဲ့မဟုတ်သလို နိုင်ငံရေးအဖွဲ့လည်းမဟုတ်ဘဲ အလွှာပေါင်းစုံမွတ်စလင်များပါဝင်သော အရပ်ဖက် လူ့အဖွဲ့အစည်း တစ်ခုဖြစ်လာရန် ရည်ရွယ်ထားကြောင်း၊ ၎င်းအပြင် ညီလာခံအား ပြည်ပအကူအညီ စိုးစဉ်မျှ မပါဝင်ဘဲ ပြည်တွင်းအင်အား သက်သက်ဖြင့်သာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်းသည်။

ထို့နောက် ညီလာခံပြန်ကြားရေး တာဝန်ခံ ဦးမျိုးဝင်းမှ ကျေးဇူးတင်စကား ပြောကြားပြီး၊ မြို့လယ်ဗလီ ဒုတိယရှေ့ဆောင်ဆရာ ဦးချိုတူးမှ ဆုမွန်တောင်း၍ အခမ်းအနားကို အကျွေးအမွေးဖြင့် ရုတ်သိမ်းခဲ့သည်။

ညီလာခံကျင်းပရေးအဖွဲ့သားများသည် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...