Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့သည့် ဘဂ္ဂဒတ်မြို့ ကာဖျူးအမိန့် ရုပ်သိမ်းမည်

$
0
0

ဖေဖော်ဝါရီ ၅၊ ၂၀၁၅
M-Media

bgd

– အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်စွာ ထုတ်ထားခဲ့သော ညမထွက်ရ ကာဖျူးအမိန့်အား လာမည့် စနေနေ့မှစ၍ ရုပ်သိမ်းတော့မည်ဟု နိုင်ငံပိုင် သတင်းဌာကန ကြေညာခဲ့သည်။

ဘဂ္ဂဒတ်စစ်ဆင်ရေးတပ်ဖွဲ့ ဗိုလ်မှူးချုပ် စအာ့ဒ်မန်းကမူ အဆိုပါ ကာဖျူးအား ရုပ်သိမ်းရန် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ အလ် အာဘာဒီမှာ အီရတ်စစ်ဆင်ရေးဌာနချုပ်သို့ ယမန်နေ့က သွားရောက်ခဲ့ပြီး လုံခြုံရေးအခြေအနေနှင့် စစ်ဆင်ရေးအခြေအနေများကို အကျဉ်းရုံး နားထောင်ခဲ့ပြီးသည့်နောက် ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်တို့ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ညဘက်လှုပ်ရှားမှုကို ကန့်သတ်ခြင်းအားဖြင့် အကြမ်းဖက်မှုများကို လျှော့ချရန် ဆောင်ရွက်သော ပေါ်လစီဖြစ်ပြီး ၁၀ စုနှစ်တစ်ခုကြာ ကျင့်သုံးလာခဲ့သည့် ထိုပေါ်လစီကို ရုပ်သိမ်းခြင်းက အဓိက ပြောင်းလဲမှုလည်းဖြစ်သည်။

ဘဂ္ဂဒတ်တွင် ထုတ်ပြန်ထားသည့် ကာဖျူးအမိန့်မှာ တစ်ဖြည်းဖြည်းဖြင့် လျော့နည်းခဲ့ပြီး လက်ရှိအချိန်တွင် ညသန်းခေါင်ယံမှ နံနက် ၅ နာရီအထိ သတ်မှတ်ထားသည်။

ဘဂ္ဂဒတ်မြို့မြောက်ဘက်နှင့် အနောက်ဘက်ကို ပြီးခဲ့နှစ် ဇွန်လမှစ၍ IS အဖွဲ့က ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အီရတ်စစ်တပ်က တွန်းလုန်နိုင်ခဲ့သည်။ အီရတ်မြို့တော်ဖြစ်သည့် ဘဂ္ဂဒတ်တွင် တိုက်ခိုက်ရေးသမားများ၏ ခြိမ်းခြောက်မှုများ မရှိတော့သော်လည်း မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိနေသည်။

Ref: aljazeera




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...