Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

၉-၈-၂၀၁၃ အားကစားသတင်းများ

$
0
0

သြဂုတ်-၉ ၊ ၂၀၁၃
M-Media

wigar

ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များ မဲခွဲ၊ အေစီမီလန်နှင့် ပီအက်စ်ဗွီ၊ အာဆင်နယ်နှင့် ဖီနာဘာချီတို့တွေ့ဆုံ

ချန်ပီယံလိဂ် ခြေစစ်ပွဲပလေးအော့ဖ်ပွဲစဉ်များကို ယနေ့နံနက်က မဲခွဲခဲ့ပြီး အီတလီထိပ်သီး အေစီမီလန်အသင်းမှာ ဟော်လန်နာမည်ကြီး ပီအက်စ်ဗွီအသင်းနှင့်တွေ့ဆုံရမည်ဖြစ်ပြီး အာဆင်နယ်အသင်းမှာ တူရကီကလပ်ဖီနာဘာချီအသင်းနှင့်တွေ့ဆုံရမည်ဖြစ်သည်။ ပလေးအော့ဖ်ပွဲစဉ်တွင် အသင်း ၂၀ ပါဝင်မည်ဖြစ်ပြီး ပထမအကျော့ကို သြဂုတ် ၂၀-၂၁ ရက်နှင့် ဒုတိယအကျော့ကို ၂၇-၂၈ ရက်တွင်ကစားမည်ဖြစ်ကာ အနိုင်ရသည့် ၁၀ သင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
______________________________________
အသင်းတွင်မလိုအပ်တော့ဟု ခံစားလာရပါက အသင်းမှထွက်ခွာတော့မည်ဟု ပီယာလိုဆို

စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်း၏ ကွင်းလယ်လူဖြစ်သူ အန်ဒရီယာ ပီယာလိုက အကယ်၍ အသင်းက ၎င်းအားမလိုအပ်တော့ဟုခံစားရလာပါက ၂၀၁၃-၂၀၁၄ ဘောလုံးရာသီအကုန်တွင်ထွက်ခွာတော့မည်ဟု ပြောဆိုလိုက်သည်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ပီယာလိုမှာ ၂၀၁၁ ခုနှစ်က အေစီမီလန်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
______________________________________
မန်စီးတီးအသင်းမှာ အင်္ဂလန်တွင်အကောင်းဆုံးဟု ပယ်လီဂရီနီဆို

မန်ချက်စတာစီးတီးအသင်း၏ နည်းပြဖြစ်သူ မန်နျူယလ် ပယ်လီဂရီနီ က ယခုနှစ်နွေရာသီတွင်ခေါ်ယူခဲ့သည့်ကစားသမားများက အသင်းအားပိုမိုတောင့်တင်းစေသည်ဟု ယုံကြည်နေပြီး နယူးကာဆယ်နှင့် ကစားမည့် ရာသီအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်နေသည်။ မိမိတို့အသင်းမှာ အင်္ဂလန်တွင်အကောင်းဆုံးဟုထင်ကြောင်း၊ မိမိတို့အနေဖြင့် အရေးကြီးသောကစားသမားလေးဦးအားဝယ်ယူခဲ့ကြောင်း၊ နယူးကာဆယ်နှင့်အဖွင့်ပွဲစဉ်တွင်အနိုင်ရရှိလိမ့်မည်ဟုမျှော်လင့်ကြောင်း ပယ်လီဂရီနီကပြောကြားခဲ့သည်။
______________________________________
လူးဝစ်အားခေါ်ယူရန်ကြိုးစားနေခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု မော်ရင်ဟိုဆို

ချယ်ဆီးအသင်းနည်းပြမော်ရင်ဟိုက အသင်း၏နောက်တန်းကစားသမား ဒေးဗစ်လူးဝစ်မှာ အသင်းမှလုံးဝထွက်ခွာမည်မဟုတ်ဟုပြောဆိုလိုက်ပြီး ဘာစီလိုနာအသင်းအနေဖြင့် အခြားနောက်ခံလူတစ်ဦးအား ရှာဖွေရန် ပြောဆိုလိုက်သည်။ မော်ရင်ဟိုက လူးဝစ်မှာ ရောင်းရန်မဟုတ်ကြောင်း၊ ဘာစီလိုနာအသင်းအနေဖြင့် လူးဝစ်အားခေါ်ယူရန် ကြိုးစားနေခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
______________________________________
ဂါဗင်ဟိုအား ရိုးမားခေါ်ယူ

စီးရီးအေကလပ် ရိုးမားအသင်းမှာ အာဆင်နယ် တိုက်စစ်မှူး ဂါဗင်ဟိုအားခေါ်ယူလိုက်ပြီဟုသိရသည်။ အသက် ၂၆ နှစ်အရွယ်ရှိ ဂါဗင်ဟိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၈ သန်းပေးချေခဲ့ရပြီး ယခုနှစ် နွေရာသီတွင်ခေါ်ယူခဲ့သည့် ငါးယောက်မြောက်ကစားသမားဖြစ်လာခဲ့သည်။
______________________________________
အန်နူတိုဗစ်အား အက်စပန်ညိုခေါ်ယူရန်စိတ်ဝင်စား

ဂျာမန်ကလပ်ဝါဒါဘရီမင်အသင်းသည် ၎င်းတို့၏တိုက်စစ်မှူး အန်နူတိုဗစ်အား ရောင်းချရန် ဆန္ဒရှိနေပြီး စပိန်ကလပ် အက်စပန်ညိုအသင်းကလည်း ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။
______________________________________
အီတိုးအားခေါ်ယူရန် အေးဂျင့်ဖြစ်သူနှင့်ဆွေးနွေး

ရုရှားကလပ် Anzhi အသင်းတွင်ကစားနေသည့် ဆင်မျူယလ် အီတိုးအားခေါ်ယူရန် အင်တာမီလန်အသင်းမှာ အီတိုး၏ အေးဂျင့်ဖြစ်သူနှင့်ဆွေးနွေးနေသည်ဟု သိရသည်။ သို့ရာတွင် အဆိုပါကစားသမား၏ လုပ်ခမှာ ပေးချေရန် များလွန်းနေသည်ဟု ယူဆနေသည်။

အီးတိုးအားခေါ်ယူရန် ချယ်ဆီးအသင်းနှင့် နာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိနေသည်။
______________________________________
မာရှေရာနိုအားခေါ်ယူရန် နာပိုလီအသင်းမှ ကမ်းလှမ်းမှုအား ဘာကာပယ်ချ

အသင်း၏နောက်ခံလူမာရှေရာနိုအားခေါ်ယူရန် နာပိုလီအသင်း၏ ကမ်းလှမ်းမှုအား ဘာစီလိုနာအသင်းက ပယ်ချခဲ့သည်ဟုသိရသည်။ နောက်တန်းအားနည်းသည့်ပြဿနာနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းမှာ မာရှေရာနိုအား မည်သည့်ဈေးနှင့်မှ ရောင်းချရန်ဆန္ဒမရှိပေ။
______________________________________
နောက်ခံလူ ဗာရာနီ ရီးယဲလ်နှင့် စာချုပ်သက်တမ်းတိုးမည်

ရီးယဲလ်အသင်း၏ နောက်ခံလူ ရာဖေးလ် ဗာရာနီသည် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖွယ်ရှိနေသည်ဟုသိရသည်။ ၂၀၁၁ ခုနှစ်က ရီးယဲလ်အသင်းသို့ရောက်ရှိလာပြီး ၂၀၁၇ အထိစာချုပ်ချုပ်ဆိုထားသည့် ဗာရာနီမှာ မြင့်မားသောလစာဖြင့် ၂၀၁၉ ခုနှစ်အထိ ၂ နှစ်
သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖွယ် ရှိနေသည်။
______________________________________
ဘောလုံးကစားခြင်းမှ လူးဝစ်ဆာဟာ အနားယူပြီ

ပြင်သစ်အသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သူ လူးဝစ်ဆာဟာမှာ ဘောလုံးကစားခြင်းမှ အပြီးတိုင်အနားယူသွားပြီဟုသိရသည်။ မန်ယူအသင်း၏တိုက်စစ်မှူးဟောင်းအသင်းဖြစ်သူလူးဝစ်ဆာဟာမှာ ၎င်း၏အသက် ၃၅ နှစ်ပြည့်မွေးနေ့တွင် ဘောလုံးကစားခြင်းမှ အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဆာဟာမှာ ကစားသမားဘ၀အား မက်ဇ်အသင်း၌ စတင်ခဲ့ပြီး၊ ဖူလ်ဟမ်အသင်းတွင် ပြသခဲ့သည့် ခြေစွမ်းကြောင့် ၂၀၀၄ ခုနှစ်တွင် မန်ယူအသင်းမှခေါ်ယူခဲ့ပြီး မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားကို
ဆွတ်ခူးခဲ့သည်။ မန်ယူမှ ထွက်ခွာပြီးနောက်ပိုင်း အဲဗာတန်၊ တော့တင်ဟမ်နှင် ဆန်ဒါးလန်းအသင်းတို့တွင် ဒဏ်ရာပြဿနာများဖြင့် ဖြတ်သန်းခဲ့ရပြီး လာဇီယိုအသင်းသို့ပြောင်းရွှေ့ခဲ့ကာ ယမန်နှစ်က လာဇီယိုအသင်းအတွက် ၆ ပွဲသာကစားပေးနိုင်ခဲ့သည်။
______________________________________
ရွန်နီ၏ အပြောင်းရွှေ့ကောလဟာလများအား မပြောဆိုကြရန် အသင်းသားများအာ အင်္ဂလန်နည်းပြ သတိပေး

မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူးရွန်နီနှင့်ပက်သက်၍ ထွက်ပေါ်နေသည့် ကောလဟာလများအား ပြောဆိုခြင်းမပြုရန် အင်္ဂလန်အသင်း၏ နည်းပြ ရွိုင် ဟူဒ်ဆန်က အင်္ဂလန်ကစားသမားများအား သိပေးပြောကြားလိုက်သည်။ အင်္ဂလန်အသင်းတွင် ချယ်ဆီးကစားသမားများနှင့် မန်ယူကစားသမားများပါဝင်ကြောင်း လာမည့်ခြေစမ်းပွဲတွင် ၎င်းတို့ အာရုံစူးစိုက်မှု လျော့နည်းသွားမည်ကို မလိုချင်ကြောင်း ဟူဒ်ဆန်က ပြောကြားခဲ့သည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...