Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဟု မလေးရှားဝန်ကြီးချုပ် ပြော

$
0
0

ဇူလိုင် ၇၊ ၂၀၁၅
M-Media

malay

– နိုင်ငံပိုင် ငွေကြေးအရှုပ်အရှင်း ပြဿနာနှင့် ရင်ဆိုင်နေရသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်က မိမိမှာ တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဘဲ ပြည်သူများအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြရန် တိုက်တွန်းပြောကြားလိုက်သည်။

နိုင်ငံပိုင် ဖွံ့ဖြိုးရေးကုမ္ပဏီဖြစ်သော 1MDB မှ ကန်ဒေါ်လာ သန်း ၇၀၀ နီးပါးကို နာဂျစ်ဘ်က ရယူခဲ့သည်ဟု Wall Street ဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း မလေးရှား နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် တင်းမာမှုများမှာ မြင့်တက်လာခဲ့သည်။

နာဂျစ်ဘ်ကမူ ထိုသတင်းမှာ “နိုင်ငံရေး အဖျက်အမှောက်လုပ်ခြင်း” ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး ဂျာနယ်အား တရားစွဲဆိုရန် စီစဉ်နေသည်ဟု ဆိုသည်။

သို့သော်လည်း နာဂျစ်ဘ်မှာ ထိုးနှက်မှုများနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံများက ၀န်ကြီးချုပ်အား အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲရေးအတွက် အရေးပေါ်အစည်းအဝေးခေါ်ရန် ပါလီမန်အား တိုက်တွန်းထားကာ နာဂျစ်ဘ်၏ အနာဂတ်အတွက် ဆွေးနွေးချင်နေသည်။

မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်မှ ကျောင်းသားရေးရာ ကောင်စီကလည်း လက်ရှိအချိန်တွင် နာဂျစ်ဘ်အား ရာထူးမှအနားပေးကာ ၎င်းနှင့်ပတ်သက်သည့် ချစားမှုစွဲချက်များကို စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ ဒုတိယ၀န်ကြီးချုပ် မူဟ်ယစ်ဒင် ယာစင်က တိုင်းပြည်အား ဦးဆောင်ရန် တိုက်တွန်းခဲ့သည်။

နာဂျစ်ဘ်ကမူ မိမိ၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ စွပ်စွဲချက်များအားလုံးကို တွန်းလှန်ရေးအတွက် မှန်ကန်သည့်လမ်းကြောင်းကို ရှာဖွေရန် ကြိုးစားသွားမည်ဖြစ်ပြီး UMNO ပါတီခေါင်းဆောင်များ၊ PAS ပါတီမှ နာမ်ပိုင်းဆိုင်ရာခေါင်းဆောင် ဟာရွန်ဒင်တို့၏ မိမိအား ထောက်ခံအားပေးမှုကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော် ပြည်သူတွေကို သစ္စာမဖောက်ခဲ့ပါဘူး။ အမှန်တရားကို ထိန်းသိမ်းဖို့ နည်းလမ်းတွေ ရှာဖွေသွားမှာပါ။ တည်ငြိမ်ကြပါ။ အမှန်တရားဟာ ပြန့်နှံ့လာပါလိမ့်မယ်” ဟု ယမန်နေ့က အခမ်းအနားတစ်ခုတွင် နာဂျစ်ဘ်က ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရနှင့်ပတ်သက်၍ စွပ်စွဲချက်များအားလုံးကို မမှန်ကန်ကြောင်း ပြသရေးတွင် နိုင်ငံရေး ခံယူချက်များ မတူညီသော်လည်း ပြည်သူများ၊ ခေါင်းဆောင်များအနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် စုစုစည်းစည်းရှိကြရန်လည်း တိုက်တွန်းခဲ့သည်။

Ref: Channelnewsasia




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...