Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မဒီနာရှိ ပရဟိတအဖွဲ့တစ်ခု မိဘမဲ့ကလေးများအား လူနေမှုအဆင့် မြှင့်တင်ပေးမည် 

$
0
0

ဇူလိုင် ၁၀၊ ၂၀၁၅
M-Media

saudi

– မြို့တွင်းရှိ မိဘမဲ့ကလေးများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့ရှိ ပရဟိတအဖွဲ့အစည်းတစ်ခုက မိဘမဲ့ဂေဟာများ ဆောက်လုပ်မည့် စီမံကိန်းအသစ်ကို ကြေညာလိုက်သည်။

“တော်ဝင်မင်းသား ဖိုက်ဆဲလ်ဟာ နယ်ပယ်အားလုံးမှာ လူမှုဖူလှုံရေး လုပ်ငန်းတွေကို အမြဲတမ်း အဓိက ထောက်ပံ့အားပေးနေသူ ဖြစ်ပါတယ်” ဟု မဒီနာရှိ မိဘမဲ့ကလေး စောင့်ရှောက်ရေးအဖွဲ့ဖြစ်သော Takaful Welfare Society မှ အထွေထွေ အတွင်းရေးမှူး အလ်-
ဟာဘီးက Arab News ၀ဘ်ဆိုက်သို့ ဇူလိုင် ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မဒီနာမြို့၏ အုပ်ချုပ်ရေးမှူးဖြစ်သူ မင်းသား ဖိုက်ဆဲလ်မှာ Takaful Welfare Society ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌလည်းဖြစ်သည်။

အဆိုပါ Takaful အဖွဲ့၏ အစီအစဉ်ရ မိဘမဲ့ကလေးများအတွက် မဒီနာမြို့နှင့် အနီးတစ်ဝိုက်ရှိ ရွာများတွင် ၃ နှစ်အတွင်း ဂေဟာ ၁၉၅ ခုကို ဆောက်လုပ်သွားမည်ဖြစ်ပြီး ရှိပြီးသား ဂေဟာ ၃၀၀ ကိုလည်း ပြုပြင်သွားမည်ဖြစ်သည်။

ထိုအတွက် ကုန်ကျစားရိတ်ကို စုစုပေါင်း ဆော်ဒီရီယဲလ် သန်း ၄၀ သတ်မှတ်ထားပြီး ဂေဟာအသစ်ဆောက်လုပ်မှုအတွက် တစ်လုံးလျှင် ရီယဲလ် ၁၈၀၀၀၀ ကုန်ကျမည်ဖြစ်ကာ ပြုပြင်မှုအတွက်မူ ရီယဲလ် ၂၀၀၀၀ ကုန်ကျမည်ဖြစ်သည်။

မိဘမဲ့ကလေးများအား အလုပ်အကျွေးပြုရေး လူမှုအသင်းအဖွဲ့များနှင့် ပြည်သူများကို တိုက်တွန်းအားပေးသည့်အနေဖြင့် Takaful Welfare Society မှာ မင်းသား ဖိုက်ဆဲလ် ဘင် ဆလ်မာန်၏ ကြီးကြပ်မှုအောက်တွင် လူမှု တာဝန်သိမှုဆုဖြစ်သော Madinah Al Munawwara Award ကို ချီးမြှင့်မည်ဟုလည်း ကြေညာခဲ့သည်။

အဆိုပါ ဆုမှာ မိဘမဲ့ကလေးများအတွက် လူမှုဖူလှုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးသော အသင်းအဖွဲ့များနှင့် ပြည်သူများအား ဂုဏ်ပြုသည့်ဆုလည်း ဖြစ်သည်။

Welfare Society မှာ ယောက်ျားလေးနှင့် မိန်းကလေးများအပါအ၀င် မိဘမဲ့ကလေး ၈၀၀၀ ကျော်နှင့် ၎င်းတို့၏ မိခင်များကိုပါ စောင့်ရှောက်ပေးထားကာ နေရေးထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့အတွက် စီစဉ်ပေးထားသည်။

Ref: Onislam


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...