Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အနောက်က ဖိအားပေးနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး မှုန်ဝါးနေဆဲလား

$
0
0

M-Media
သြဂုတ် ၁၀ ရက်၊ ၂၀၁၃
သတင်း – Myanmar Times
ဘာသာပြန်၊ တည်းဖြတ်နှင့် သုံးသပ်ချက် – M-Media

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ပြည်သူ့ဆန္ဒအမှန် ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ပြည်သူ့ဆန္ဒအမှန် ဖြစ်သည်။

 

နိုင်ငံတကာအသိုင်းအ၀ိုင်းက ၂၀၁၅ ရွေးကောက်ပွဲအမှီ အခြေခံဥပဒေပြင်ဆင်ဖို့ အင်တိုက်အားတိုက်တောင်းဆိုနေကြကြောင်း မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်းက တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနဲ့ ဗြိတိန်တို့က နိုင်ငံရေးသမားတွေက မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေကို အခြေခံ ဥပဒေပြင် ဆင်ရေး ဆောင် ရွက်ဖို့ တောင်းဆိုနေကြပါတယ်။ အကြောင်းရင်းကတော့ လက်ရှိအခြေခံဥပဒေသည် ပြည်သူလူထုရဲ့ဆန္ဒကို တိုက်ရိုက် ကိုယ်စားပြုထား တာ မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘားကောကတော့ မြန်မာပြည်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ အလျင်အမြန်လိုအပ်နေကြောင်း သြဂုတ် ၁ ရက်နေ့၊ ရန်ကုန်တက္ကသိုလ်မှာပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့သလို မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် နဲ့ သဘောသဘာဝကျစွာ လုပ်ဆောင်နေတာဖြစ်တယ်ဆိုရင် အဲဒါကိုထင်ဟပ်စေဖို့ အခြေခံဥပဒေကို ပြင်ဆင်ရမယ်လို့လည်း ဆိုပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိသျှအလည်အပတ်ခရီးမှာလည်း ဂျွန်ဘားကောနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဂျွန်ဘားကောက အခြေခံဥပဒေပါ သမ္မတလောင်း အရွေးခံနိုင်ခွင့် အရည်အချင်းတွေနဲ့ ပတ်သတ်တဲ့ အချက်တွေသာမက တိုင်းရင်းသား လူနည်းစုများအတွက် ပြည်နယ်အစိုးရတွေဖွဲ့ စည်းပေးပြီး ဖယ်ဒရယ်မူ အတိုင်း အုပ်ချုပ်စေဖို့ အချက်တွေကိုပါ ထည့်သွင်း ပြင်ဆင်သွားရန် ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် ရွေးကောက်ခြင်းမလုပ်နိုင်အောင် တားဆီးထားတဲ့ လက်ရှိအခြေခံဥပဒေကို မပြင်ဆင်ဘူး ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ရယ်စရာကြီးဖြစ်လိမ့်မယ်ဆိုတဲ့ ဂျွန်ဘားကောရဲ့မှတ်ချက်ကတော့ မြန်မာပြည် သူတွေအကြား ပေါ်ပြူလာ စကားလုံး ဖြစ်ခဲ့ပါသေးတယ်။

ဂျွန်ဘားကောလိုပါပဲ၊ အမေရိကန်ဆီးနိတ်အမတ် မိခ်ျ မက္ကောနယ်ကလည်း မြန်မာအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုအပ်နေတာနဲ့ ပတ်သတ်ပြီး သူ့ရဲ့အမြင်တွေ၊ အချက်အလက်တွေကိုပါ ချပြခဲ့ပါတယ်။ မက္ကောနယ်ကတော့ မြန်မာရဲ့ လက်ရှိပြဿနာတွေဖြေရှင်းဖို့ဆိုရင် အခြေခံဥပဒေ ကို ပြင်ရမယ်လို့ ဆိုသလို တိုင်းပြည်ရဲ့ ဒီမိုကရေစီရည်မှန်းချက်ကို လက်ရှိယိုယွင်းနေတဲ့ အခြေခံဥပဒေကြီးက အထောက်အပံ့ပေးနိုင်မှာ မဟုတ်ဘူးလို့လဲ ပြောကြားခဲ့ပါတယ်။

“မြန်မာပြည်အနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် ခြေလှမ်းကြီးတစ်လှမ်း လှမ်းတက်ဖို့လိုနေပြီး အဲဒီခြေလှမ်းက အမေရိ ကန်ပြည် ထောင်စု နဲ့ မြန်မာပြည်အကြား ပြည့်စုံတဲ့ ပုံမှန်ဆက်ဆံရေးကို ဖြစ်လာစေမယ်၊ အဲဒီလိုဖြစ်လာစေဖို့အတွက်တော့ မြန်မာဟာ အခြေခံ ဥပဒေပြင်ဆင်ဖို့ လိုအပ်နေပါတယ်။” လို့ မစ္စတာ မက္ကောနယ်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်ပြီး ပြောကြားရာမှာ မစ္စတာမက္ကောနယ်က မြန်မာအခြေခံဥပဒေမှာပါတဲ့ နိုင်ငံခြားသားနဲ့ လက်ထပ်ထိမ်းမြားထား သူဟာ သမ္မတဖြစ်ပိုင်ခွင့်မရှိဆိုတဲ့အချက်ကိုလည်း ပြင်ဆင်ရလိမ့်မယ်လို့ ဆိုပါတယ်။

မြန်မာအခြေခံဥပဒေကတော့ အပိုဒ် ၅၉ (စ) မှာ နိုင်ငံခြားသားနဲ့လက်ထပ်ထိမ်းမြားထားသူသည် သမ္မတဖြစ်ပိုင်ခွင့်မရှိဆိုတဲ့အချက် ပါဝင်နေပါတယ်။ ဒါဟာ အဲန်အဲလ်ဒီပါတီကို တိုက်ရိုက်ရည်ညွှန်းပြဌာန်းထားသလိုမျိုးလည်း ဖြစ်နေပါတယ်။

မစ္စတာမက္ကောနယ်က စစ်တပ်ကို အရပ်သားချုပ်ကိုင်မှုအောက်ရောက်စေဖို့နဲ့ တရားစီရင်ရေးစနစ် လွတ်လွတ်လပ်လပ်ဖြစ်စေဖို့တို့ကိုလည်း မဖြစ်မနေ ပြုပြင် ရမယ့် အရေးကြီးအချက်တွေအဖြစ် ထောက်ပြခဲ့ပါတယ်။

မြန်မာပြည်ပေါ်မှာ ကာလရှည် စိတ်ဝင်စားမှုရှိခဲ့တဲ့ သြစတြေးလျပါလီမန်အမတ် ဂျနယ်လီ ဆဖ္ဖင်ကလည်း မက္ကောနယ်နဲ့ တူညီတဲ့အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အုပ်ချုပ်ရေး၊ ပါလီမန်နဲ့ တရားစီရင်ရေးစနစ်တွေဟာ တသီးတခြားစီဖြစ်နေရမယ်လို့ ဆဖ္ဖင်က အဆိုပြုခဲ့တာပါ။ ဒါပေမယ့် မြန်မာ့အခြေခံဥပဒေ အပိုဒ် ၁၁ (က) ကတော့ အဲဒီလိုဖြစ်လာမယ့် အခွင့်အလမ်းတွေကို ပိတ်ဆို့ထားရာရောက်နေတယ်လို့ သူကဆိုပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးတောင်းဆိုချက်တွေဟာ အရှိန်အဟုန်မြင့်ဖြစ်ပေါ်လာခဲ့တာဟာဆိုရင် ပြည်ထောင်စုကြံ့ဖွံ့ပါတီဝင်များဖြစ်တဲ့ ဦးအောင်မြင့်နဲ့ ဦးသိန်းဇော်တို့ ပါလီမန်မှာ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့ဖို့ အဆိုပြုခဲ့ရာကနေ စတင်ခဲ့တာပါ။

ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ အဖွဲ့ဝင်ပေါင်း ၁၀၉ဦးနဲ့ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပါတယ်။ ပါလီမန်မှာ နေရာရ ထားတဲ့ ပါတီ ၁၈ ခု ကိုယ်စားလှယ်တစ်ယောက်စီ အနည်းဆုံးပါဝင်ပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ကတော့ ၅၂ ဦးတောင်ပါဝင်နေသလို စစ်တပ်က ၂၅ ဦးနဲ့ အဲန်အဲလ်ဒီက ၇ ဦး ပါဝင်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အများမြှော်လင့်ထားသလို လွယ်လင့်တကူတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...