Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ယခုနှစ်ဟဂ်ျခရီးစဉ်အတွင်း ဖိလစ်ပိုင်မှ လူ ၈၀၀၀ လာရောက်မည်

$
0
0

ဇူလိုင် ၁၂၊ ၂၀၁၅
M-Media

hajj

– ယခုနှစ်ဟဂ်ျကာလအတွင်း ဆော်ဒီအာရေဗျသို့ ဖိလစ်ပိုင်နိုင်ငံမှ လူ ၈၀၀၀ ဘုရားဖူးလာရောက်မည်ဟု ဂျစ်ဒါရှိ ဖိလစ်ပိုင် အထွေထွေ ကောင်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ဖိလစ်ပိုနိုင်ငံအတွက် ခွဲတမ်းက မနှစ်က ၆၅၀၀ ရှိတာကနေ ဒီနှစ်မှာ ၈၀၀၀ အထိ တိုးလာပါတယ်။ ပြီးတော့ ဖိလစ်ပိုင် မွတ်စလင်အမျိုးသားကော်မရှင် NCMF ကလည်း ဒီအတွက် ကျေးဇူးတင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဘုရားဖူးခရီးစဉ်အတွက် ပူးပေါင်းဆောင်ရွက်နှင့် အစီအစဉ်များချမှတ်ရန် NCMF မှ ကိုယ်စားလှယ် ဘရှီးရ် တိုမီလန်မှာ ဆော်ဒီသို့ရောက်ရှိနေသည်။ ၎င်းမှာ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် နေရာထိုင်ခင်း စီစဉ်ပေးရေးတို့အတွက် ၀န်ဆောင်မှုပေးသူများနှင့် တွေ့ဆုံခဲ့သည်။

“ဘုရားဖူးတွေရဲ့ နိုင်ငံကူးလက်မှတ်မှာ ကပ်ဖို့အတွက် စတစ်ကာတွေထုတ်ပေးဖို့ ဟဂ်ျရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေကို ကျွန်တော် တိုက်တွန်းထားပါတယ်” ဟု တိုမီလန်က ပြောကြားခဲ့သည်။ ၎င်းမှာ စောစောပိုင်းက ဖိလစ်ပိုင်ကောင်စစ်ရုံးနှင့်အတူ ဆောင်ရွက်ခဲ့သည်။

ဟဂ်ျကာလအတွက် ဆော်ဒီနိုင်ငံ၏ ပြင်ဆင်ထားမှုများကိုလည်း ကျေနပ်သည်ဟု တိုမီလန်က ဆိုသည်။

NCMF မှ အခြားကိုယ်စားလှယ်တစ်ဦးဖြစ်သူ နိုရိုဒင် လိုမွန်ဒေါ့ကလည်း ဖိလစ်ပိုင်နိုင်ငံသားများ၏ ဟဂ်ျဘုရားဖူးခရီးစဉ်နှင့် စပ်လျဉ်း၍ ဆော်ဒီအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စောစောပိုင်းက ဆော်ဒီအာရေဗျသို့ လာရောက်ခဲ့သည်။

၎င်းကမူ ဖိလစ်ပိုင် ဟဂ်ျဘုရားဖူးသူများမှ ပထမအသုတ်မှာ သြဂုတ်လ နှောင်းပိုင်းတွင် ရောက်ရှိလာမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင် ဟဂ်ျဘုရားဖူးအဖွဲ့ကို NCMF အတွင်းရေးမှူး ယာစမင်း ဘူဆရန်-လာအိုက ဦးဆောင်ခဲ့သည်။

Ref: Arabnews


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...