Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မူဆိုးလ်တွင် အီးဒ်ပွဲတော် ကျင်းပခြင်းမပြုရန် IS က ၀ါဒဖြန့် အမိန့်ထုတ်

$
0
0

ဇူလိုင် ၁၃၊ ၂၀၁၅
M-Media

is

– ကမ္ဘာ့တစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ ရမ်ဇာန်ဥပုသ်လပြီးနောက် အီဒွလ်ဖီသီရ်ပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင်နေစဉ် IS အဖွဲ့က အီရတ်ရှိ ၎င်းတို့ထိန်းချုပ်ထားရာ မူဆိုးလ်မြို့တွင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ပိတ်ပင်ခဲ့ပြီး ထိုသို့ ၀တ်ပြုဆုတောင်းခြင်းမှာ အစ္စလာမ်သာသနာ၏ အစိတ်အပိုင်းမဟုတ်ဟု ဆိုသည်။

ထိုသို့ အမိန့်ထုတ်ခဲ့ခြင်းကို အီရတ် ကာ့ဒ်ဒီမိုကရက်တစ်ပါတီ KDP မှ မူဆိုးလ်မြို့ တာဝန်ရှိသူတစ်ဦးဖြစ်သော အစ္စမတ် ရာဂျဘ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး မူဆိုးလ်မြို့ခံများအနေဖြင့် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုတွင် ပါဝင်ခြင်းမပြုရန် IS က သတိပေးထားသည်ဟုလည်း ဆိုသည်။ ရာဂျဘ်မှာ လက်ရှိအချိန်တွင် ကာ့ဒ်ဒေသ၌ နေထိုင်နေသည်။

အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုမှာ အစ္စလာမ်၏ သွတ်သင်ချက်မဟုတ်ဘဲ စောစောပိုင်း အစ္စလာမ်သာသနာကို စတင်ဟောကြားသည့်အချိန်တွင် ပြုလုပ်ခဲ့ခြင်းမရှိဟု ၀ါဒဖြန့်ထားကြောင်း ရာဂျဘ်က ထည့်သွင်းပြောကြားခဲ့သည်။

တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) သက်တော်ထင်ရှား ရှိနေစဉ်ကပင် ကိုယ်တော်တိုင် အီးဒ်နေ့ ၀တ်ပြုဆုတောင်းမှုကို ဦးဆောင်လေ့ရှိပြီး၊ ၀တ်ပြုရန် လာရောက်ကြသည့် အမျိုးသား၊ အမျိုးသမီး ကလေးသူငယ်များအားလုံးကို တရားဒေသနာ ဟောကြားမှုများ ပြုလုပ်ခဲ့သော သမိုင်းအထောက်အထား အတိအကျ ရှိနေသည်။ ထို့ပြင် အီးဒ်နေ့၏ ထူးမြတ်မှု၊
ပျော်ရွှင်ဖွယ်ရာကောင်းမှုတို့ကို ဖော်ပြသော မုဟမ္မဒ်သခင်၏ သြ၀ါဒတော်များလည်း အများအပြား ရှိခဲ့သည်။

ရမ်ဇာန်ဥပုသ်လကုန် အစ္စလာမ့်ပြက္ခဒိန်၏ ဒဿမမြောက်လဖြစ်သော ရှောင်ဝလ်လ ၁ ရက်နေ့မှာ အီဒွလ်ဖိသိရ်နေ့ဖြစ်ပြီး ထိုနေ့တွင် အစ္စလာမ်ဘာသာဝင်များမှာ စုပေါင်း၍ ၀တ်ပြုဆုတောင်းခြင်း၊ တရားဒေသနာများ နာယူခြင်း၊ ဆင်းရဲသူ ဆင်းရဲသားများအား လှူဒါန်းပေးကမ်းခြင်းများ ပြုလုပ်ကြသည်။

ထို့ပြင် ဆွေမျိုးမိသင်္ဂဟများ၏ အိမ်များသို့ သွားရောက်လည်ပတ်ကာ နီးစပ်အောင်ပြုလုပ်ခြင်း၊ မုန့်များလုပ်၍ အိမ်နီးနားချင်းများအား ဝေငှခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ကြသည်။ တမန်တော်မုဟမ္မဒ်သခင်၏ လက်ထက်တွင် အီးဒ်နေ့၌ အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်လေ့ ရှိခဲ့သည်။

IS မှာ ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် ဘာသာရေးခေါင်းစဉ်တပ်ကာ ပြည်သူများအား ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပြီး၊ သမိုင်းဆိုင်ရာ အမွေအနှစ်များ၊ မွတ်စလင်တို့၏ သမိုင်းဝင်နေရာများ၊ ဗလီဝတ်ကျောင်းတော်များအပါအ၀င် အထွဋ်အမြတ်ထားရာ ဘာသာရေး အဆောက်အအုံများအား ဗုံးခွဲပျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ဆော်ဒီ၊ အီဂျစ်၊ တူရကီ၊ အင်ဒိုနီးရှားနှင့် ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံများမှ ထိပ်တန်း မွဖ်သီကြီးများ၊ အစ္စလာမ့် အသင်းအဖွဲ့များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကာ ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ သွင်သင်ချက်များနှင့် လုံးဝ ဆန့်ကျင်နေသည်ဟု ဓမ္မသတ်များ ထုတ်ပြန်ခဲ့ကြသည်။

ဆော်ဒီရှိ မွဖ်သီကြီး ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က IS အဖွဲ့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Ref: Tribune, Onislam




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...