Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နိုင်ငံတကာ သတင်းတို (ဇူလိုင် ၁၃၊ ၂၀၁၅)

$
0
0

ဇူလိုင် ၁၃၊ ၂၀၁၅
M-Media

အီရန် နျူသဘောတူညီချက် ရရှိရန် နီးစပ်နေ
……………………….
အီရန်၏ နျူကလီးယားအစီအစဉ် ရပ်တန့်ရန်နှင့် အပြန်အလှန်အားဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများအား ဖယ်ရှားပေးရေးအတွက် သမိုင်းဝင်သဘောတူညီချက်ကို အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား လက်မှတ်ရေးထိုးနိုင်ရန် နီးစပ်နေပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ကွဲလွဲချက်အချို့ ရှိနေသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က သဘောတူညီချက်
ရရှိရန်အတွက် လိုအပ်သလောက်အချိန်ကို မိမိတို့က ဆက်လက်ပေးသွားနိုင်သည်ဟု ဆိုသည်။

ပြင်သစ်ရှော့ပင်းမောလ်တစ်ခုသို့ သေနတ်သမားများ ၀င်စီး
………………………………
ပဲရစ်မြို့ ရှော့ပင်းမောလ်တစ်ခုရှိ Primark စတိုးဆိုင်အတွင်း ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းက သေနတ်သမား ၃ ယောက် ၀င်ရောက်ကာ လူများအား ပြန်ပေးဆွဲမှု ပြုလုပ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့က အဆိုပါ ရှော့ပင်းမောလ်မှ လူ ၁၈ ဦးကို လက်ရှိတွင် ကယ်ထုတ်ထားနိုင်သည်။ ရဲတပ်ဖွဲ့ကမူ အဆိုပါ လက်နက်ကိုင်များမှာ ဓားပြတိုက်ရန် ကြိုးစားခြင်းဖြစ်မည်ဟု ယူဆရကြောင်း၊ ထိုအထဲမှ တစ်ဦးမှာ Primark အလုပ်သမားတစ်ဦးဖြစ်မည်ဟု ထင်ရကြောင်း ပြောကြားခဲ့သည်။ ရှော့ပင်းမောလ်၏ ပတ်ဝန်းကျင်ကို ပိတ်ထားပြီး အထူးတပ်ဖွဲ့ဝင်များကလည်း အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသည်။

တက်ကြွလှုပ်ရှားသူများကြောင့် ဟီသရိုးလေဆိပ်မှ ခရီးစဉ်အချို့ ရွှေ့ဆိုင်း
……………………………
လန်ဒန်ရှိ ဟီသရိုးလေဆိပ် တိုးချဲ့မှုကို မလိုလားသော တက်ကြွလှုပ်ရှားသူ ၁၂ ဦးက ဒေသစံတော်ချိန် ယနေ့မနက် စောစောပိုင်းတွင် လေဆိပ်အတွင်းသို့ သံဇကာခြံစည်းရိုးများကို ချိုးဖျက်၍ ၀င်ရောက်ခဲ့ကာ မြောက်ဘက်ပြေးလမ်း၌ လက်ချင်းတွဲ၍ ပိတ်ရပ်ခဲ့သောကြောင့် ယနေ့မနက် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရသည်။ လေဆိပ်တိုးချဲ့ရေးကို ယခုလ အစောပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဒေသခံများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အုပ်စုများက ထိုကဲ့သို့ တိုးချဲ့မှုမှာ ကာဘွန်ထုတ်လွှတ်မှုကို မြင့်တက်လာစေနိုင်သောကြောင့် ထိုစီမံကိန်းကို မကျေမနပ် ဖြစ်နေကြသည်။

တူနီးရှားတွင် အလ်ကိုင်းဒါနှင့် ဆက်နွယ်သူ အားလုံးနီးပါးကို ချေမှုန်းပြီးဖြစ်
…………………………………….
ဆော့စီမြို့ရှိ ကမ်းခြေဟိုတယ် တိုက်ခိုက်ခံရပြီး နိုင်ငံခြားသားများစုအပါအ၀င် လူပေါင်း ၃၈ ဦး သေဆုံးပြီးနောက်ပိုင်း နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အလ်ကိုင်းဒါးနှင့် ချိတ်ဆက်နေသည့် Okba Ibn Nafaa အဖွဲ့မှ စစ်သွေးကြွများ အားလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့သည်ဟု တူနီးရှား ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

Ref: News Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...