Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နိုင်ငံတကာသတင်းတို (ဇူလိုင် ၁၆၊ ၂၀၁၅)

$
0
0

ဇူလိုင် ၁၆၊ ၂၀၁၅
M-Media

အီရန်နျူသဘောတူညီချက်အတွက် အိုဘားမားက ပူတင်အား ဖုန်းခေါ်
……………………………….
အီရန်၏ နျူကလီးယားသဘောတူညီချက် ရလဒ်အတွက် ဆွေးနွေးရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖုန်းခေါ်ခဲ့သည်ဟု ရုရှားက သတင်းထုတ်ပြန်ခဲ့သည်။ ထိုဖုန်းခေါ်မှုတွင် အီရန်အရေး ညှိနှိုင်းဆွေးနွေးမှုများအတွက် ခေါင်းဆောင် ၂ ဦးက ချီးကျူးခဲ့ကြသည်ဟု ဆိုသည်။ အိုဘားမားမှာ သဘောတူညီချက်အတွင်း ရုရှားမှာ အဓိက
မဟာမိတ်ဖြစ်ခဲ့သည်ဟု နယူးယောက်တိုင်မ်းစ်နှင့် အင်တာဗျူးတွင် မကြာသေးမီက ပြောကြားခဲ့ပြီး ရုရှားက ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိလျှင် အဆိုပါသဘောတူညီချက်မှာ ရရှိမည်မဟုတ်ဟုလည်း ဆိုသည်။

MH17 ပျက်ကျမှု ခုံရုံးဖွဲ့စစ်ဆေးရန် မလေးရှား မူကြမ်းတင်
……………………………..
လွန်ခဲ့သည့် တစ်နှစ်နီးပါးက ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် မလေးရှားခရီးသည်တင် MH17 လေယာဉ်၏ ပျက်ကျမှုနောက်ကွယ်မှ တာဝန်ရှိသူများကို တရားစွဲဆိုနိုင်ရေး နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရန် မူကြမ်းတစ်ခုကို လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သည်ဟု ကုလဆိုင်ရာ မလေးသံအမတ်ကြီးက ပြောကြားခဲ့သည်။ လူပေါင်း ၂၉၈ ဦး သေဆုံးခဲ့သည့်
အဆိုပါလေယာဉ်ပျက်ကျမှုအတွက် ယခုလက်ရှိတွင် နယ်သာလန်နိုင်ငံက ခေါင်းဆောင်ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။

ဖိလစ်ပိုင်ရှိ အမေရိကန်၏ ရေတပ်စခန်းကြီးတစ်ခု ပြန်ဖွင့်မည်
……………………………….
၁၉၉၂ ခုနှစ်က ပိတ်ပစ်ခြင်းမပြုမီ ကမ္ဘာပေါ်ရှိ အမေရိကန်၏ အကြီးဆုံး ရေတပ်အခြေစိုက်စခန်းများ၌ တစ်ခုအပါအ၀င်ဖြစ်ခဲ့သည့် ဆူဘစ်ပင်လယ်အော် ရေတပ်စခန်းကို ပြန်လည်ဖွင့်လှစ်ရန် ဖိလစ်ပိုင်နိုင်ငံက စီစဉ်နေသည်။ တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှုဆိုင်ရာ တင်းမာမှုများ မြင့်တက်လာသည့်အချိန်တွင် လာမည့်နှစ်အစောပိုင်းမှ စတင်ကာ အဆိုပါ အခြေစိုက်စခန်း၌ တိုက်လေယာဉ်များ၊ ဖရီးဂိတ်စစ်သင်္ဘောများကို တားရှိသွားမည်ဖြစ်သည်။ မကြာသေးမီက ချုပ်ဆိုခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက်ကြောင့် အမေရိကန်တပ်များမှာ ဖိလစ်ပိုင်မြေတွင် အချိန်အတော်ကြာ အခြေစိုက်နိုင်ခြင်း၊ တပ်စခန်းများ တည်ဆောက်နိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။

Ref: News Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...