Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အစ္စရေးအား စစ်ရေးအကူအညီ အမေရိကန်တိုးမြှင့်မည်

$
0
0

ဇွန် ၁၇၊ ၂၀၁၅
M-Media

us

– အီရန်နျူအရေး သဘောတူညီချက်ရရှိမှုနှင့် ပတ်သက်၍ တင်းမာမှုများကို ပြေလျော့စေရန်အတွက် အမေရိကန်မှာ အစ္စရေးအား စစ်ဘက်ဆိုင်ရာ အကူအညီ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁.၅ ဘီလီယံ တိုးမြှင့်ပေးအပ်သွားမည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ထိုကိစ္စအတွက် ဆွေးနွေးရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာရ်မှာ လာမည့်သီတင်းပတ်တွင် တဲလ်အဗီးသို့ သွားရောက်လည်ပတ်ရန် ရှိနေသည်။

အဆိုပါ တိုးမြှင့်မည့် အစီအစဉ်တွင် အစ္စရေးမှာ F35 တိုက်လေယာဉ်များ ရရှိမည်ဖြစ်ပြီး၊ ဒုံးကျည်ကာကွယ်ရေးစနစ်များ သုတေသနပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းတို့အတွက် ရန်ပုံငွေလည်း ရမည်ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်က ဂါဇာအား ဗုံးကြဲတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော လက်နက်ခဲယမ်းများအတွက် ထပ်ဖြည့်ခြင်းလည်း ပါဝင်မည်ဟု အစ္စရေးသတင်းရင်းမြစ်များက Jerusalem Post သို့ ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ လက်ရှိသဘောတူညီချက်အတွက် အစ္စရေးမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ကြေးရရှိနေပြီး ထိုငွေကြေးများမှ အများစုကို တိုက်လေယာဉ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်ကဲ့သို့ အမေရိကန်ထုတ် လက်နက်များကို ၀ယ်ယူရာတွင် အသုံးပြုရသည်။

အစ္စရေးနှင့် အမေရိကန်အာဏာပိုင်များမှာ စစ်ဘက်ဆိုင်ရာအကူညီပေးရေး ပမာဏကို ကန်ဒေါ်လာ ၄.၂ မှာ ၄.၅ ဘီလီယံကြားအထိ တိုးမြှင့်သွားရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု အစိုးရနှင့် နီးစပ်သူများက နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်အသစ်မှာ ၂၀၁၈ ခုနှစ်တွင် သက်ရောက်မည်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်မည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီ ကာတာရ်မှာ အစ္စရေး၏ ကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်နှင့် တွေ့ဆုံရန်ရှိနေသည်ဟု အစ္စရေးသတင်းရင်းမြစ်များက ဆိုသည်။

Ref: RT


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...