Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

“အာဇာနည် စိတ်ဓါတ်ဖြင့် မဲစာရင်း သွားစစ်ကြပါစို့”ကမ်ပိန်း အာဇာနည်နေ့တွင် စတင်

$
0
0

ဇူလိုင် ၂၀ ၊ ၂၀၁၅
M-Media
သူရိန်
11774552_10200974069670182_1911675647_n
လာမည့် နိုဝင်ဘာလတွင် ကျင်းပတော့မည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ “အာဇာနည် စိတ်ဓါတ်ဖြင့် မဲစာရင်း သွားစစ်ကြပါစို့” ဟု အမည်ရသော ကမ်ပိန်း တစ်ရပ်ကို ၆၈ နှစ်မြောက် အာဇာနည်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အာဇာနည်နေ့တွင် ပြုလုပ်သည့် ကမ်ပိန်းနှင့် ပတ်သက်၍ ဦးဆောင်လှုပ်ရှားသူ မောင်ဆောင်းခက “အာဇာနည် စိတ်ဓါတ်ဆိုတာ တိုင်းရင်းသားတွေ လည်း မခွဲခြားပါဘူး။ ဘာသာလူမျိုးလည်း မခွဲခြားပါဘူး။ အားလုံးက ဦးစီးဦးဆောင်လုပ်တယ် လွတ်လပ်ရေးကိုရအောင် ယူခဲ့တယ်ပေါ့။ ခုချိန်မှာ လွတ်လပ်ရေးရပြီ ဘာကျန်သေးလဲ။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာရှိတယ်။ အဲ့ဒါကိုရဖို့အတွက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံး ညီညွတ်မှရမယ်ဆိုတဲ့ အသိစိတ်ဓါတ်လိုတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောပြပါသည်။

11145043_10200971759252423_2442605044876795248_n

့အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ်ပြုလုပ်သည့် ကမ်ပိန်းကို ရန်ကုန်အခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းများဖြစ်သည့် My Self ၊ Independent Youth for Change၊ ပန်းပျိုးလက် လူငယ်စင်တာ၊ Muslim Youth Network တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

” ကျမတို့ ကမ်ပိန်းမှာပါဝင်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ အာဇာနည်နေ့ ဖြစ်တဲ့အတွက် ကမ်ပိန်းမှ မဟုတ်ပါဘူး။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ ကျမတို့နဲ့ ရည်ရွယ်ချက်ချင်းလည်းတူတယ်။ ပူးပေါင်းပါဝင်ဖြစ်ဖို့ကလည်း အစောကြီးကတည်းက အဆင်သင့်ရှိပြီးသားဆိုတော့ ဝင်ပြီး join ဖြစ်တာပေါ့” ဟု ကမ်ပိန်းတွင် ပါဝင်ဖြစ်ခဲ့ပုံနှင့် ပတ်သက်၍ Muslim Youth Network မှ မသဇင်လှိုင် ကဆိုပါသည်။

ဆက်လက်၍ ၎င်းက ” ဂဠုန်ဦးစောနဲ့အပေါင်းပါ လက်ချက်နဲ့ ကျဆုံးသွားတဲ့ အာဇာနည် (၉) ဦး ဆိုတဲ့ စာရင်းကို ကျမတို့ ဘယ်လိုမှ ပယ်ဖျက်လို့ မရတဲ့ ကိစ္စတစ်ခုပေါ့နော်။ တိုင်းပြည်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ဒုက္ခဆင်းရဲတွေ အကုန်လုံးကိုတော့ တန်းတူခံစားခဲ့ရပြီးတော့ တိုင်းပြည်ရဲ့ ကောင်းစားမှုကျမှ ဒီလိုတွေပူးပေါင်းပါဝင်မှု မရဘူးဆိုတာတော့ မဟုတ်ဘူးပေါ့နော်။ ကျမတို့ နိုင်ငံသားအားလုံးက မဲပေးတဲ့ နေရာမှာ ကျမတို့ အခွင့်အရေးပါ။ ကျမတို့ တာဝန်လေးကို လက်ဆင့်ကမ်း ပြောပေးချင်ပါတယ်” ဟု ရွေးကောက်ပွဲတွင် မဲပေးရန်နှင့်စပ်လျဉ်း၍ ပြောခဲ့ပါသည်။

ကမ်ပိန်းတွင် ပါဝင်လှုပ်ရှားသူများအနေဖြင့် ၆၈ နှစ်မြောက် အာဇာနည်နေ့က ရန်ကုန်မြို့ ဝန်ကြီးများရုံးရှေ့တွင် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆ်ုခြင်း၊ လွမ်းသူပန်းခွေချခြင်း၊ မနက် ၁၀နာရီ ၃၇ မိနစ်တွင် ပြည်သူများနှင့်အတူ အလေးပြုခြင်း ကမ်ပိန်းစတေကာများ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
11745653_10200971719611432_8396620145383076131_n
ထိုအပြင် Muslim Youth Network မှလည်း အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော ဝန်ကြီးများရုံးအတွင်း လှည့်လည်လေ့လာခြင်း တာမွေရှိ မွတ်စလင်သုသာန်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့အား ဆုတောင်းမေတ္တာပို့သခြင်း အာဇာနည်ကုန်းသို့ သွားရောက်ဂါရဝပြုခြင်း စသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြပါသည်။

အလားတူ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်လည်း အာဇာနည်ခေါင်းဆောင်များကို ချစ်မြတ်နိုးသော ရဟန်းရှင်လူပြည်သူအများ အမြို့မြို့အနယ်နယ်တွင် အာဇာနည်နေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြကြောင်း သိရသည်။

More Photo

Click Here




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...