Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

iPACE အဖွဲ့က ဦးဆောင်၍ ဘာသာပေါင်းစုံ ဖိုရမ်နှင့် အစ်ဖ်သာရ် ၀ါဖြေပွဲ တစ်ခုကို အမေရိကန်စင်တာတွင် ပြုလုပ်ခဲ့

$
0
0

ဇူလိုင် ၂၀၊ ၂၀၁၅
M-Media
မင်းမင်း
.10253861_486766861491543_4930179982286107411_n
–  iPACE အဖွဲ့က Interfaith Advocacy ခေါင်းစဉ်ဖြင့် ဖိုရမ်တစ်ခုနှင့် အစ်ဖ်သာရ်ဝါဖြေပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က အမေရိကန်စင်တာတွင် ကျင်းပခဲ့သည်ဟု သိရသည်။
.
အဆိုပါဖိုရမ်နှင့် ၀ါဖြေပွဲသို့ အဖွဲ့ပေါင်း ၄၀ ကျော်မှ လူဦးရေ ၁၀၆ ဦး တက်ရောက်ခဲ့ပြီး ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ် ၄ ဦးက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
.
အဆိုပါ ပုဂ္ဂိုလ်လေးဦးမှာ မန္တလေးမြို့ မလိခ၀ါဆိုကျောင်းတိုက်မှ ဆရာတော် အရှင်ဇယဓိသ (အရှင်သုည)၊ အစ္စလာမ့်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျဦးအေးလွင်၊ စိန့်အန်သိုနီ ဘုရားကျောင်းမှ ဖာသာ ဂျိုးဆက်ပ်မောင်ဝင်းနှင့် ဟိန္ဒိုလူ့အဖွဲ့အစည်းမှ အလွတ်သင်ဆရာမဖြစ်ပြီး ဘာသာပေါင်းစုံအရေး လှုပ်ရှားဆောင်ရွက်နေသူ ကသ်လီန်းသိန်းတို့ ဖြစ်ကြသည်။
.
ထိုဖိုရမ်အား အလွတ်တန်းဂျာနယ်လစ်နှင့် စာရေးဆရာဖြစ်သော ထူးကျော်ဝင်းက ကူညီအားဖြည့်ပေးခဲ့သည်။
.
အဆိုပါ အသိညာပေးဖိုရမ်ကို ဘာသာပေါင်းစုံ အသိပညာပေးလုပ်ငန်းနှင့်ပတ်သက်၍ ပိုမိုအာရုံစိုက်လာစေရန်နှင့် ယခင် လှုပ်ရှားခဲ့သူများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ မြန်မာနိုင်ငံတွင် ပိုမိုခိုင်မာသော ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးရေးအတွက် အကြံပြုချက်များကို မျှဝေနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု iPACE ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
.
ဖိုရမ်ဆွေးနွေးပွဲပြီးနောက် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသောအားဖြင့် အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ၀ါဖြေပွဲတွင် iPACE ၏ ကျောင်းသူဟောင်းဖြစ်သူ ဆွေမာဦးက ရမ်ဇာန်ဥပုသ်လ၏ အဓိပ္ပါယ်နှင့် အရေးပါပုံကို အကျဉ်းချုံး ရှင်းပြခဲ့သည်။ ထို့နောက် စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည်ခံခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
.
Photo and Ref: Facebook page of iPACE

11060004_486768258158070_7817330871437630973_n 11182109_486768651491364_8909904875683691018_n 11183442_486767198158176_222013684370016447_n 11228034_486768681491361_225785841972705286_n 11745528_486769084824654_7780022848507982570_n

10983291_486769141491315_3398609770995176553_n11013067_486769004824662_535281721750904196_n




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...