Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုကို ရှင်းလင်းတင်ပြခဲ့တဲ့ ABSDF ၏ သတင်းစာရှင်းလင်းပွဲ

$
0
0

သြဂုတ်လ ၁၂၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်

ဆောင်ရွက်မှုတွေ၊ သဘောထား အမြင်တွေ၊ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို သတင်းမီဒီယာက တစ်ဆင့် ပြည်သူလူထုကို ရှင်းလင်းတင်ပြခဲ့တဲ့ ABSDF ၏ သတင်းစာရှင်းလင်းပွဲ

ABSDF
ရန်ကုန် ။           ။    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ သြဂုတ်လ ၁၁-ရက်နေ့က နေ့လည် ၂နာရီမှ ၄နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားတွင် ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းက “  ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ ဆောင်ရွက်မှုတွေ၊ သဘောထား အမြင်တွေ၊ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို သတင်းမီဒီယာက တစ်ဆင့် ပြည်သူလူထုကို ရှင်းလင်းတင်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ကာလမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ပြဿနာတွေကို အဖြေရှာတဲ့ နေရာမှာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရပါဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမယ်ဆိုတဲ့ ယုံကြည်ချက် ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည် ဖော်တဲ့နေရာမှာလည်း ရိုးသားမှု၊ စေတနာမှန်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု ရှိရမယ်ဆိုတဲ့ စံတန်ဖိုးတွေ အပေါ်မှာ အလေးအနက်ထားပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ရဲ့ ဆွေးနွေးဖက်ဖြစ်တဲ့ အစိုးရကိုလည်း စံတန်ဖိုးအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်သွားဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ကျွန်တော်တို့ ဒီခရီးစဉ် အတွင်းမှာ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ပြည်ထောင်စု အဆင့် သဘောတူညီချက်တွေ ရယူနိုင်ခဲ့တယ်။ တစ်ချို့လူတွေက မေးတယ် ဘာလို့ အဲလောက်မြန်ရတာလဲဆိုပြီးတော့။ ဒီနေရာမှာ ကျွန်တော်ရှင်းရှင်းလင်းလင်း တင်ပြချင်တာကတော့ ဒီလုပ်ငန်းစဉ်တွေကို စတင်ပြီး အကောင်အထည် ဖော်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂၀၁၁ ဒီဇင်ဘာလမှာ တစ်ဖက်က ကမ်းလှမ်းမူတွေ လုပ်လာခဲ့တယ်။ နှစ်ကြိမ် ဆွေးနွေးမှုရဲ့ ရလာဒ်တွေကို အနှစ်ချုပ်တင်ပြရမယ်ဆိုရင် မ.က.ဒ.တ နိုင်ငံရေး အကျဉ်းသား အချို့ လွတ်မြောက်ခဲ့တယ်။

တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားလုံးဆိုင်ရာ ငြိမ်းချမ်းရေး စောင့်ကြည်ရေး အဖွဲ့ ဖွဲ့စည်းနိုင်ဖို့လည်းပဲ အစိုးရဘက်ကနေ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒုတိယ အချက်အနေနဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေး အပါအ၀င် အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ပေါ်ပေါက်ဖို့အတွက် ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အရေးကြီးတဲ့ သဘောတူညီချက်ကိုလည်း ရရှိခဲ့ပါတယ်”ဟု မီဒီယာများသို့ ထည့်သွင်းပြောကြားသည်။

ABSDF ဥက္ကဌ ကိုသံခဲကလည်း “Time Frame ချမှတ်လို့ မရသေးဘူး။ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရောက်ဖို့ အဆင့်များစွာ ဖြတ်ရအုန်းမှာပါ။ ကျွန်တော်တို့ လိုချင်တဲ့ အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ အဓိပါယ်ဟာ ဒုတိယ ပင်လုံ တစ်နည်းအားဖြင့် ပင်လုံ စိတ်ဓာတ်ကို အခြေခံတဲ့ အင်အားစု အားလုံးပါဝင်တာကို ပြောတာပါ ” ဟု မီဒီယာများသို့ ထည့်သွင်းပြောကြားသည်။

မ.က.ဒ.တ၏ လတ်တလော နိုင်ငံရေး လုပ်ငန်းစဉ် သုံးရပ်မှာ (၁) ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ (၂) အင်အားစုများ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ (၃) ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ် ပေါ်ပေါက်ရေး အပါအ၀င် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တရပ်ပေါ်ထွန်းရေး တို့ဖြစ်ကြောင်း သိရသည်။

တပ်ဦးသည် အဖိနှိပ်ခံ ပြည်သူများရှေ့မှ မားမားမတ်မတ် ရပ်တည်တိုက်ပွဲ ၀င်ရမြဲဖြစ်သည့် တော်လှန်သော ကျောင်းသားတို့၏ အစဉ်အလာကို ဆက်ခံ၍ ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် ” မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး” ကိုစတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...