Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

၁၂-၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

$
0
0

သြဂုတ်-၁၂ ရက်၊ ၂၀၁၃
M-Media

India unveils

ဂျီဘရလ်တာ နယ်နိမိတ်ကိစ္စ

စပိန်နှင့် ဗြိတိန် နှစ်နိုင်ငံ ဂျီဘရလ်တာ နယ်နိမိတ်ကိစ္စ နှင့်ပတ်သက်၍ တင်းမာမှုများ ရှိလာနေ၍ ယနေ့ ဗြိတိန်မှ စစ်သင်္ဘောများ ပို့လွှတ်ထားသည်။
_______________________________________
နော်ဝေ ဝန်ကြီးချုပ် တက္ကစီမောင်း

ဝန်ကြီးချုပ် Jens Stoltenberg သည် ပြည်သူများ၏ သဘောထားကို သိလိုသဖြင့် နေကာမျက်မှန်တပ်ကာ တက္ကစီမောင်းသမားအဖြစ် ဟန်ဆောင်၍ မောင်းနှင်ပေးရင်း ကားစီးသူများနှင့် စကားလက်ဆုံကျခဲ့သည်ကို လျို့ဝှက် ကင်မရာဖြင့်လည်း မှတ်တမ်းတင်ထားခဲ့သည်။ ခရီးသည်များထဲမှ တစ်ဦးကမူ ၎င်းအား မှတ်မိသွားခဲ့သည်။
_______________________________________
ဖိလစ်ပိုင် တိုင်ဖွန်း သတင်း

ဖိလစ်ပိုင် မြောက်ပိုင်းကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ခန့်ထိ ရှိသော တိုင်ဖွန်း Utor တိုက်ခတ်ခဲ့ရာ ၂ ဦးသေဆုံး၍ ၄၄ ဦး ပျောက်ဆုံးနေသည်။ အဆိုပါတိုင်ဖုန်းမုန်တိုင်းကြောင့် မြေပြိုမှုများ ရေကြီးမှုများဖြစ်ပေါ်နေပြီး လူ ၇၀၀၀ ကျော်ကို နေအိမ်များမှ ပြောင်းရွှေ့ပေးထားရသည်ဟု အမျိုးသားသဘာဝဘေးကာကွယ်ရေးအေဂျင်စီက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
_______________________________________
အီရတ် ဗုံးခွဲမှု အလ်ခိုင်းဒါး ဝန်ခံ

ယမန်နေ့က နိုင်ငံအနှံ့ ဗုံးခွဲမှုများကို ၎င်းတို့ အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ကြေငြာလိုက်ပြီး ၎င်းတို့ အဖွဲ့ဝင်များကို ဖမ်းဆီးပါက ဖေါက်ခွဲမှုများ ထပ်ကြုံရမည်ဟု ခြိမ်းခြောက်လိုက်သည်။
_______________________________________
မတရားသိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေများတွင် လူနေအိမ်များ ထပ်မံဆောက်လုပ်ရန် အစ္စရေးစီစဉ်

အရှေ့ဂျေရုဆလင်နှင့် အနောက်ဘက်ကမ်းရှိ ပါက်လက်စတိုင်းနယ်မြေများတွင် လူနေအိမ်ခြေ ၁၂၀၀ကို တိုးချဲ့ဆောက်လုပ်ရန် အစ္စရေးက ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။ ထိုဆုံးဖြတ်ချက်မှာ သြဂုတ်လ ၁၄ ရက်နေ့တွင် ဂျေရုဆလင်၌ ကျင်းပရန်စီစဉ်ထားသည့် အစ္စရေး-ပါလက်စတိုင်း ဒုတိယအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။
_______________________________________
နိုင်ငံ၏ ပထမဦးဆုံးလေယာဉ်တင်သင်္ဘောကို အိန္ဒိယ ထုတ်ဖော်ပြသ

အိန္ဒိယနိုင်ငံသည် ၎င်း၏ပထမဦးဆုံးလေယာဉ်တင်သင်္ဘောကို ယမန်နေ့က ထုတ်ဖော်ပြသလိုက်သည်။ INS Vikrant ဟုအမည်ရသည့် အဆိုပါလေယာဉ်တင်သင်္ဘောကို  Cochin Shipyard လိမိတက်မှ ဆောက်လုပ်ပြီး အိန္ဒိယနိုင်ငံအနောက်တောင်ဘက် Kerala တွင်ရေချခဲ့သည်။ ပြည်တွင်း၌ဖန်တီးတည်ဆောက်ထားပြီး ကန်ဒေါ်လာ ၂ ဘီလီယံကုန်ကျခဲ့သည့် အဆိုပါ သင်္ဘောကို လာမည့်လေးနှစ်တွင် စမ်းသပ်အသုံးပြုမည်ဖြစ်သည်။
_______________________________________
စနိုဒင်အား ရုရှားသို့သွားတွေ့ရန် ဖခင်ဖြစ်သူ ဗီဇာရရှိ

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက်သတင်းများအား ဖွင့်ချခဲ့ပြီး ရုရှားနိုင်ငံတွင် ခိုလှုံနေရသူ စနိုးဒင်အား သွားရောက်တွေ့ဆုံရန် ဖခင်ဖြစ်သူမှာ ရုရှားပြည်ဝင်ခွင့်ဗီဇာရရှိခဲ့သည်ဟု သိရသည်။ သို့သော်လည်း ၎င်းတို့သွားရောက်မည့် ခရီးစဉ်အစီအစဉ်နှင့် စနိုးဒင် မည်သည့်နေရာတွင်ရှိနေသည် ဆိုသည်ကို ထုတ်ဖော်ပြောဆိုလိမ့်မည်မဟုတ်ဟု စနိုးဒင်၏ အကိုဖြစ်သူနှင့် ၎င်း၏ရှေ့နေဖြစ်သူတို့က ပြောကြားခဲ့သည်။
_______________________________________
စင်ကာပူစီးပွား ရေးဒုတိယလေးလပတ်တွင်  ၃.၈ ရာခိုင်နှုန်းတိုးတက်

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာန၏ ထုန်ပြန်ချက်အရ ယခုနှစ် ဒုတိယလေးပတ် စင်ကာပူနိုင်ငံ၏ စီးပွားရေးမှာ ၃.၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟုသိရသည်။ အဆိုပါတိုးတက်မှုမှာ သုံးနှစ်အတွင်း အမြင့်ဆုံး တိုးတက်မှုလည်းဖြစ်သည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...