သြဂုတ် ၆၊ ၂၀၁၅
M-Media
– ကုန်အာန်ကျန်းတော်မြတ်၏ ငြိမ်းချမ်းသော သင်ကြားမှုများကို နိုင်ငံတစ်ဝှမ်းတွင် မြှင့်တင်ရန် ရည်ရွယ်၍ အိန္ဒိယရှိ ထင်ရှားသည့် မွတ်စလင်ပညာရှင်တစ်ဦးမှာ ဗန်ကားတစ်တစ်စီးဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အား လူမျိုးဘာသာမရွေး မီဒီယာပစ္စည်းမျိုးစုံသုံး၍ မျှဝေခြင်းနှင့် အသိပညာပေးခြင်း လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။
“ဒီကျမ်းတော်မြတ်ဟာ မွတ်စလင်သီးသန့်အတွက် ရည်ရွယ်တာမဟုတ်တာကြောင့် နိုင်ငံသားတိုင်းကို အလ္လာဟ်အရှင်မြတ်ရဲ့ သတင်းစကားတွေ ရောက်ရှိဖို့ဟာ မွတ်စလင်တိုင်းအတွက် တာဝန်ဖြစ်ပါတယ်” ဟု ပရဟိတအဖွဲ့ဖြစ်သော Satya Sandesh Foundation (SSF) ကို တည်ထောင်သူ ဆာတဂ်ျ အဟ်မဒ်က ပြောကြားခဲ့သည်။
ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်ဆိုထားပြီး မီဒီယာ ပစ္စည်းကိရိယာ အမျိုးမျိုးတွင် ဖတ်ရှုနားထောင်နိုင်မည့် ကုရ်အာန်ကျမ်းတော်မြတ် စီဒီ၊ ဒီဗီဒီ၊ အက်ပလီကေးရှင်းများကို ရွေ့လျားဗန်ကားဖြင့် အိန္ဒိယတစ်ဝှမ်းရှိ ပြည်သူအားလုံးကို ဖြန့်ဝေပေးမည့် အဆိုပါလှုပ်ရှားမှုကို အိန္ဒိယ မွတ်စလင်ဥပဒေရေးရာအဖွဲ့မှ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး ထင်ရှားသည့်
အစ္စလာမ့်ဓမ္မပညာရှင် မောင်လာနာ ခါလစ် ဆိုက်ဖွလ္လာ ရဟ်မာနီက စတင်ခဲ့ခြင်းဖြစ်သည်။
လှုပ်ရှားမှု စတင်ခြင်းအခမ်းအနားသို့ အိန္ဒိယရှိ နာမည်ကြီး အစ္စလာမ့်ဓမ္မပညာရှင်များ တက်ရောက်ခဲ့ကြပြီး၊ကန်ပူရ်း ကုရ်အာန်တက္ကသိုလ်မှ ကျောင်းသားများနှင့် ပြည်သူများလည်း တက်ရောက်ခဲ့ကြသည်။
“ကရှ်မီးယား True Message Foundation က ဒီရွေ့လျားအသိပညာပေး လှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုတုန်းက မွတ်စလင်များတဲ့အခြေအနေကိုကြည့်ပြီး ဒီအဆိုပြုချက်ကို လက်ခံဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီကိုရောက်လာပြီးတဲ့နောက်ပိုင်း လူ့အဖွဲ့အစည်းဟာ ကွဲနေတာ၊ တစ်သီးတစ်ခြားစီဖြစ်နေတာကို တွေ့ရှိခဲ့ပြီး ဒါက ရဟ်မာနီကို သဘောထားပြောင်းဖို့ ဖြစ်စေခဲ့ပါတယ်။
ဧည်သည်တွေ ဆွလားသ်ဝတ်ပြုဖို့ စီစဉ်ပေးတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ မရှိသလောက်ဖြစ်နေတယ်။ နိုင်ငံအတွင်းနဲ့ နိုင်ငံအပြင်က အဓိကဟိုတယ် အားလုံးနီးပါးမှာ မွတ်စလင်ဧည်သည့်တွေ ဆွလာသ်ဝတ်ပြုဖို့ စီစဉ်ပေးထားတဲ့အချိန် သူတို့မှာ ကစ်ဗလာ (ဆွလာသ်ဝတ်ပြုသည့်အခါ မျက်နှာမူရသည့်အရပ်) ကိုတောင်မှ အခန်းတွေမှာ သတ်မှတ်ပေးထားခြင်းမရှိပါဘူး” ဟု ထိုလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် SSF ဖောင်ဒေးရှင်းအဖွဲ့ဝင် ရှာဟစ် ရှမီးမ်က ပြောကြားခဲ့သည်။
ကုရ်အာန်ကျမ်းတော်မြတ်နှင့်ပတ်သက်၍ မွတ်စလင်များ၏ တာဝန်များကို ဆွေးနွေးရာတွင် မောင်လာနာ ဆယဒ် ဘီလာလ် ဟာဆန် နဒ်ဝီက ကမ္ဘာလှည့်ခရီးသွားများ အပါအ၀င် ဘာသာပေါင်းစုံမှ ပြည်သူများနှင့် ထိတွေ့ဆက်ဆံကာ ၎င်းတို့၏ မေးမြန်းစုံစမ်းမှုများကို ဖြေကြားပေးမည့် အစ္စလာမ့်ဓမ္မပညာရှင်များ လိုက်ပါကာ ထိုကဲ့သို့ ကားဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားရောက်၍ ကုရ်အာန်အသိပညာပေး လှုပ်ရှားမှုအား စီစဉ်ကြသူများကို ချီးကျူးခဲ့သည်။
“သူတို့ဟာ ငြိမ်းချမ်းရေးသာသနာဖြစ်တဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားတွေကို ဖယ်ရှားပေးသွားမှာပါ။ နောက်ပြီး စီဒီ၊ ဗီစီဒီ၊ မိုဘိုင်းဖုန်း၊ မမ်မိုရီကဒ်နဲ့ Hardisk တွေလို မီဒီယာတွေကနေတစ်ဆင့် ကုရ်အာန်ကျမ်းတော်မြတ်တွေကို မျှဝေသွားကြမှာပါ” ဟု မောင်လာနာ နဒ်ဝီက ထည့်သွင်းပြောကြားခဲ့သည်။
Ref: Onislam