Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

၁၃-၈-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှု အကျဉ်း

$
0
0

သြဂုတ်- ၁၃ရက်၊ ၂၀၁၃
M-Media

080604_p4_navy

အပူလှိုင်းကြောင့် ဂျပန်တွင် အမျိုးသမီးနှစ်ဦးသေဆုံး

ပြင်းထန်သောအပူချိန်ကို ခံစားရခြင်းကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘီမြို့တွင် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။ အသက် ၅၃နှစ်အရွယ်နှင့် ၅၆နှစ်အရွယ်ရှိ ညီအမနှစ်ဦးအား ၎င်းတို့၏နေအိမ်တွင် သေဆုံးလျက်ရှိနေသည်ကိုတွေ့ရပြီး ဆေးစစ်ချက်များအရ အပူရှပ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနောက်ပိုင်းရှိဒေသများတွင် အပူချိန်မှာအလွန်ပြင်းထန်လျက်ရှိပြီး ၃၅ ဒီဂရီဆဲလ်စီယက်စ်မှ ၄၁ ဒီဂရီဆဲလ်စီယက်စ်အထိရှိသည်ဟု ဂျပန်မိုးလေ၀ အေဂျင်စီက ထုန်ပြန်ထားသည်။
________________________________
တန်ချိန် ၁၈၀၀ ရှိသည့် ရေငုပ်သင်္ဘောသစ်အား တောင်ကိုရီးယား ထုတ်ဖော်ပြသ

တောင်ကိုရီးယားရေတပ်မှ တန်ချိန် ၁၈၀၀ ရှိသည့် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင်ပြုလုပ်မည်ဟုသိရသည်။ အဆိုပါဖွင့်ပွဲသို့ တောင်ကိုရီးသားသမ္မတ ပက်ဂျုံဟီနှင့်အတူ ကာကွယ်ရေးဝန်ကြီးနှင့် အခြားသော စစ်ဘက်ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။ ထိုရေငုပ်သင်္ဘောအား ကင်ဂျွာဂျင် ဟုအမည်ပေးထားပြီး ဖက်ဆစ်ဂျပန်များကြီးစိုးစဉ်က ကိုရီးယားလွတ်မြောက်ရေးတပ်မတော်၏ ကျော်ကြားသော ဗိုလ်ချုပ်၏အမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်။ ထိုရေငုပ်သင်္ဘောမှာ တောင်ကိုရီးယားနိုင်ငံ၏ စတုတ္ထမြောက် ရေငုပ်သင်္ဘောတစ်စင်းလည်းဖြစ်သည်။
________________________________
တိုင်ဖုန်းမုန်တိုင်း သတိပေးချက် တရုတ်တွင်ထုတ်ပြန်

တရုတ်ရေကြောင်းတာဝန်ရှိသူများက တိုင်ဖုန်းမုန်းတိုင်းသတိပေးချက်အား အ၀ါရောင်အဆင့်သို့ သတ်မှတ်လိုက်သည်ဟုသိရသည်။ ယခုနှစ်အတွင်း တိုက်ခတ်သည့် ၁၁ ခုမြောက်မုန်တိုင်းဖြစ်သည့် ယူတာတိုင်းဖုန်းမုန်တိုင်းကြောင့် တရုတ်ပြည်တောင်ပိုင်း ဂွမ်ဒုန် ပြည်နယ်တွင် မြေပြိုမှုများဖြစ်ပေါ်လျက်ရှိနေသည်။ ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၁၀ မီတာခန့်ရှိနိုင်ပြီး ဂွမ်ဒုန်ပြည်နယ်အနောက်ပိုင်းရှိ ကမ်းရိုးတမ်းဒေသများတွင် လှိုင်းအမြင့် ၅.၅ မီတာရှိနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။
________________________________
တစ်ကိုယ်ရေသုံး ဂျက်လေယာဉ်ငယ် လူလိုက်ပါစမ်းသပ်ခွင့်ရရှိ

တစ်ကိုယ်ရေသုံးဂျက်လေယာဉ်ကို တီထွင်ခဲ့သည့် ဆွစ်ဇလန်နိုင်ငံသား ဂလန်မာတင်သည် လေကြောင်းဆိုင်ရာတာဝန်ရှိသူများက ၎င်း၏ လေယာဉ်ငယ်အား လူလိုက်ပါပျံသန်းလိုင်စင်ထုတ်ပေးလိုက်သည်ဟု ပြောကြားလိုက်သည်။ ထိုလေယာဉ်ငယ်ကိုထုတ်လုပ်သည့် မာတင်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ အလုပ်အမှုဆောင်ချုပ် ပီတာ ကွတ်ကာက ထိုကဲ့သို့လိုင်စင်ရရှိမှုမှာ ၎င်းတို့အတွက် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်ကြောင်း ထိုလေယာဉ်ငယ်အား လျင်မြန်စွာစီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အခြေအနေရှိနေသည်ဟု ၎င်းတို့ယုံကြည်ကြောင်းပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်ငယ်အား ကန်ဒေါ်လာ တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်ခန့်ဖြင့် လာမည့်နှစ်တွင် ထုတ်လုပ်ရောင်းချနိုင်ရန် ကုမ္ပဏီမှ မျှော်လင့်ထားသည်။
________________________________
ပြင်သစ်နိုင်ငံ Mont Blanc တောင်တက်ရာတွင် အီတလီတောင်တက်သမားနှစ်ဦးသေဆုံး

ပြင်သစ်နိုင်ငံ အဲလ်ပ်စ် တောင်တန်းတွင်ရှိပြီး အမြင့်ဆုံးတောင်တစ်ခုဖြစ်သည့် Mont Blanc တောင်အားတက်ရာတွင် တောင်ပေါ်မှနှင်းခဲများပြိုကျမှုနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် အီတလီတောင်တက်သမားနှစ်ဦးသေဆုံးခဲ့သည်ဟု ပြင်သစ်အာဏာပိုင်များက သတင်းထုတ်ပြန်လိုက်သည်။ အဖွဲ့ဝင်ခြောက်ဦးပါသည့်တောင်တက်အဖွဲ့၏ အဖွဲ့ဝင်သုံးဦးမှာ နှင်းထဲတွင်နစ်မြုပ်နေခဲ့ပြီး ထိုသုံးဦးအနက် အီတလီတောင်တက်သမားနှစ်ဦးမှာ သေဆုံးခဲ့ပြီး တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟုသိရသည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...