Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နိုင်ငံတကာသတင်းတို (သြဂုတ် ၆၊ ၂၀၁၅)

$
0
0

သြဂုတ် ၆၊ ၂၀၁၅
M-Media

မြေထဲပင်လယ်တွင် ဒုက္ခသည်သင်္ဘော နစ်မြုပ်မှုအတွင်း လူ ၂၀၀ ကျော် ပျောက်ဆုံးနေ
…………………………..
ဒုက္ခသည် ၇၀၀ ခန့် သယ်ဆောင်လာပြီး မြေထဲပင်လယ်တွင် ယမန်နေ့က နစ်မြုပ်သွားခဲ့သည့် ငါးဖမ်းလှေတစ်စီးမှ လူ ၃၇၀ ခန့်ကို အီတလီ၊ အိုင်ယာလန် ရေတပ်သင်္ဘောများနှင့် အခြားကယ်ဆယ်ရေး သင်္ဘောများက ကယ်ဆယ်နိုင်ခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ သေဆုံးသူများ၏ အလောင်း ၂၅ လောင်းကိုသာ ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးသူမှ ၂၀၀ ကျော်ခန့်ရှိနေကာ အသက်ရှင်ကျန်ရစ်သူများကမူ သင်္ဘောပေါ်တွင် လိုက်ပါလာသူအများစုမှာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆော်ဒီရှိ ဗလီတစ်ခု အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ
…………………………………………
လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသော ဆော်ဒီအာရေဗျတောင်ပိုင်း အာစီရ်ဒေသရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး၌ အသေခံဗုံးခွဲသမားတစ်ဦးက ယနေ့တွင် ဗုံးခွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား ၃ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့်လများတွင် ဆော်ဒီရှိ ဗလီဝတ်ကျောင်းတော်များသို့ IS အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိခဲ့ပြီး ယခုတိုက်ခိုက်မှုမှာ
မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။

အမေရိကန်မှာ အကျပ်ကိုင်မှုပေါ်လစီကို စွန့်လွှတ်ရမည်ဟု အီရန်ပြော
…………………………….
အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့ ရရှိထားသည့် နျူအရေးသဘောတူညီချက်မှ အခွင့်အရေးကို အမေရိကန်အနေဖြင့် ဆုပ်ကိုင်သင့်ပြီး ခြိမ်းခြောက်အကျပ်ကိုင်မှု ပေါ်လစီကို စွန့်လွှတ်သင့်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ယနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် ထိုပေါ်လစီက အမေရိကန်၏ ဂုဏ်သိက္ခာအား ပျက်ဆီးစေခြင်းနှင့် ရင်းမြစ်များ ဆုံးရှုံးခြင်းတို့မှလွဲ၍ အခြားသော ရလဒ်များကို ရရှိစေမည်မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Ref: News Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...