Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရေဘေးသင့်မြန်မာပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်မှ ဆေးဝါးများလှူဒါန်း

$
0
0

သြဂုတ် ၇၊ ၂၀၁၅
M-Media

bd 2

– မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်တာကာငွေ ၁၀ သန်း တန်ဖိုးရှိသည့် ဆေးဝါးများကို တင်ဆောင်လာသော လော်ရီကားတစ်စီးမှာ ယနေ့တွင် ဒါကာမြို့မှ ထွက်ခွာသွားပြီးဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်သော bdnews24 တွင် ဖော်ပြထားသည်။

အဆိုပါအကူအညီမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရန် ကတိပြုထားမှုမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ အတွင်းရေးမှူးဖြစ်သော အဘ်ဒူလ် ကလာမ် အာဇဒ်က ထိုဆေးဝါးများဖြင့် မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုအကူအညီမှာ မြန်မာနိုင်ငံသို့ လာမည့် စနေနေ့တွင် ရောက်ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုအတွင်း လူပေါင်း ၂ သိန်းကျော် ထိခိုက်ခံစားခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင် နိုင်ငံတကာအကူအညီကို တောင်းခံခဲ့သည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ချက်ခြင်းဆိုသလိုပင် အကူအညီများပေးအပ်ရန် ဆောင်ရွက်ပေးခဲ့သည်။

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အာရှနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများကလည်း အကူအညီများ ပေးပို့ခဲ့သည်။

Ref: BDnews


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...