Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပါလက်စတိုင်းအား အသိအမှတ်ပြုမှုအတွက် မတောင်းပန်ပါက တရားစွဲမည်ဟု ပုပ်ရဟန်းမင်းကြီးကို ဂျူးဘာသာရေးခုံရုံး သတိပေး

$
0
0

စက်တင်ဘာ ၁၊ ၂၀၁၅
M-Media

pope

– တရားသူကြီး ၇၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျူးဘာသာရေးခုံးရုံး Sanhedrin ဟု ကြေညာထားသည့် အစ္စရေးရှိ တရာရုံးတစ်ခုက ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းအတွက် ပြန်လည်တောင်းပန်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား တောင်းဆိုလိုက်ပြီး၊ ထိုသို့မလုပ်ပါက လာမည့်လတွင် တရားရင်ဆိုင်ရမည်ဟု သတိပေးလိုက်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အုပ်ချုပ်သည့် ဗာတီကန်မှာ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက တရားဝင် အသိအမှတ်ပြုခဲ့ပြီး၊ ပြီးခဲ့သည့် ဇွန်လက ပါလက်စတိုင်းနှင့် ဗာတီကန်တို့အကြား သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့ကာ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO နှင့် သံတမန်ဆက်ဆံရေး စတင်ခဲ့သည်။ ထိုစာချုပ်မှာ ၎င်းတို့နှစ်နိုင်ငံအကြား
ပထမဆုံးချုပ်ဆိုသည့် တရားဝင်စာချုပ်လည်း ဖြစ်သည်။

အစ္စရေးဘာသာရေးခုံရုံး Sanhedrin ကမူ ထိုကိစ္စနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုမှုအတွက် တောင်းပန်ရန်နှင့် မတောင်းပန်ပါက စက်တင်ဘာ ၂၀ ရက်နေ့တွင် တရားစွဲဆိုသွားမည်ဟု ဖော်ပြခဲ့ကြောင်း ပါလက်စတိုင်း အလ်-ဖာတာလှုပ်ရှားမှု တော်လှန်ရေးကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒီမီထရီ ဒီလီယာနီက ပြောကြားခဲ့သည်။ ထို့ပြင် တရားရုံးမှ ဆင့်ခေါ်မှုကို လစ်လျူရှုပါက ပုပ်ရဟန်းမင်းကြီးအား အဝေးရောက် တရားစီရင်သွားမည်ဟု အဆိုပါစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ဒီလီယာနီကမူ Sanhedrin ၏ ထိုစာတွင် ပါလက်စတိုင်းတို့၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ မှားယွင်းသော ဖော်ပြချက်များ ပါဝင်ပြီး၊ ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးကို မိမိတို့၏ ဇာတိမြေမှာပင် ဓားပြတိုက်ရန်နှင့် ဂျူးလူမျိုးမဟုတ်သောသူများ၏ အခွင့်အရေးများကို ငြင်းပယ်ရန် ကြိုးစားမှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Sanhedrin ခုံရုံးမှာ ဥပဒေရေးရာအရ မည်သည့် အသိအမှတ်ပြုမှုမှ မရှိဘဲ အစ္စရေးအစိုးရနှင့် ၎င်း၏ မဟာမိတ်ပါတီများအပေါ် သြဇာလွှမ်းမိုးမှုရှိသော ဂျူးဘုန်းကြီးများထံမှ ထွက်ပေါ်လာသည့် အတွေးအခေါ်အစွန်းရောက်ဝါဒမှာ စိုးရိမ်စရာဖြစ်သည်ဟု ဒီလီယာနီက သတိပေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီးထံသို့ ပေးပို့သော အဆိုပါစာတွင် ဂျူးဘုန်းကြီးများအပါအ၀င် ခုံရုံးအတွင်းဝန် မောင့်ဇီယွန်တို့က လက်မှတ်ရေးထိုးခဲ့သည်။ အစ္စရေးအစိုးရကမူ ထိုစာနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

ဒီလီယာနီက ဗာတီကန်နှင့် ကမ္ဘာတစ်ဝှမ်းလုံးမှ ကက်သလစ်အသင်းတော်များအနေဖြင့် ထိုကိစ္စကို ၀င်ရောက်စွက်ဖက်ကြရန်၊ ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏ နိုင်ငံအပေါ် အစ္စရေး၏ မောက်မာရိုင်းစိုင်းမှု၊ လူမျိုးရေးခွဲခြားမှုနှင့် ဥပဒေချိုးဖောက်မှုများကို အဆုံးသတ်ပေးရန် တိုက်တွန်းဆော်သြခဲ့သည်။

Ref: Middleeastmonitor




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...