Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရခိုင်တွင် ကျန်းမာရေးစင်တာတခု အင်ဒိုနီးရှား MER-C အဖွဲ့ ဆောက်လုပ်ပေးမည်

$
0
0

စက်တင်ဘာ ၅၊ ၂၀၁၅
M-Media

indo

– ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားကျန်းမာရေးစင်တာတစ်ခု ဆောက်လုပ်ရန် ရှိနေပြီး အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့ဖြစ်သော MER-C အဖွဲ့က ကူညီဆောင်ရွက်နေသည်ဟု သိရသည်။

အဆိုပါ ကျန်းမာရေးစင်တာ ဆောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရက မြောက်ဦးတွင် မြေနေရာတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး၊ မြန်မာအစိုးရကလည်း ပံ့ပိုးကူညီမှုများ ပြုလုပ်နေသည်။

MER-C အဖွဲ့မှာ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံး၏ အကူအညီဖြင့် စစ်တွေမှ မင်းပြားမြို့သို့ သွားရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားအစိုးရက တည်ဆောက်ပေးထားသည့် စာသင်ကျောင်းနှစ်ကျောင်းကို ကြည့်ရှုခဲ့ကြသည်။

အဆိုပါကျောင်းနှစ်ကျောင်းများမှာ ၂ ထပ်ကျောင်းဆောင်များ ဖြစ်ပြီး တစ်ကျောင်းမှာ ဗုဒ္ဓဘာသာဝင်များအတွက်နှင့် ကျန်တစ်ကျောင်းမှာ မွတ်စလင်များအတွက်ဖြစ်ကာ တစ်ခုနှင့်တစ်ခု မီတာ ၅၀၀ ကွာဝေးသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် MER-C မှာ ထိုစာသင်ကျောင်းများအတွက် မီးစက်များ လှူဒါန်းခဲ့သည်။

“ကျွန်တော်တို့အဖွဲ့နဲ့ တွေ့ရတာကို ဗုဒ္ဓဘာသာကျောင်းသားတွေရော၊ မွတ်စလင်ကျောင်းသွားတွေပါ တော်တော်ပျော်ကြပါတယ်” ဟု မြန်မာနိုင်ငံမှ MER-C ၏ အဖွဲ့ ၃ ခေါင်းဆောင်း ဒေါက်တာ ဂျိုစီရီဇဲလ် ဂျာနာလစ်က ပြောကြားခဲ့သည်။

MER-C (Medical Emergency Rescue Committee) အဖွဲ့ကို အင်ဒိုနီးရှားကျောင်းသားများက ဂျာကာတာမြို့၌ ၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးသင့်ပြည်သူများနှင့် ပဋိပက္ခကြောင့် အတိဒုက္ခရောက်နေသူများအား ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်သည်။

၎င်းတို့အဖွဲ့မှာ အင်ဒိုသံရုံးမှ ၀န်ထမ်းများ၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မင်းပြားမှတစ်ဆင့် မြောက်ဦးမြို့သို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်အခြေအနေနှင့် ကျန်းမာရေးစင်တာ ဆောက်လုပ်မည့် နေရာကို ကြည့်ရှုခဲ့သည်။

အဆိုပါ နေရာမှာ မွတ်စလင်လူဦးရေ ၆၅၀ ခန့်ရှိသည့် ရွာနှင့် ဗုဒ္ဓဘာသာဝင် ၁၇၀၀ ခန့်ရှိသည့်ရွာ အကြားတွင် ရှိသည်။ MER-C Indonesia မှာ အစိုးရပိုင် ထိုမြေနေရာအတွက် ဒေသခံ လယ်သမားများအား အင်ဒိုနီးရှား ရူပီး ၁၇.၆ သန်း လျော်ကြေးပေးခဲ့ပြီးဖြစ်သည်။

အင်ဒိုနီးရှား ကျန်မာရေးစင်တာ တည်ဆောက်ရန် ရူပီး ၃ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ ထိုစီမံကိန်းတွင် ပါဝင်လှူဒါန်းလိုသူ အင်ဒိုနီးရှားနိုင်ငံသားများအတွက် ဘဏ်အကောင့်များကိုလည်း စီစဉ်ပေးထားသည်။ MER-C Indonesia အဖွဲ့မှာ စစ်တွေပြည်သူများအတွက် အရေးပေါ်ကားတစ်စီးကိုလည်း ယခင်က လှူဒါန်းခဲ့သည်။

ပါလက်စတိုင်းရှိ ဂါဇာဒေသတွင် MER-C Indonesia မှာ ဆေးရုံတစ်ခုကို ဆောက်လုပ်ပြီးခဲ့ပြီး ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

Ref: en.tempo.co




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...