Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆီးရီယားကလေး ရုပ်အလောင်းက ကမ္ဘာ့ခေါင်းဆောင်များ အကြား လူသားချင်း စာနာမှု ဂယက် ရိုက်ခတ်သွားစေခဲ့

$
0
0

စက်တင်ဘာ ၆ ၊ ၂၀၁၅
M-Media
syrian-migrant-boy-turkey
တူရကီနိုင်ငံကမ်းခြေတစ်ခု၌ သောင်တင်ရောက်ရှိလာသော ဆီးရီးယားကလေးငယ်တစ်ဦး၏ ရုပ်အလောင်းပုံလေး နိုင်ငံတကာ စာမျက်နှာထက်ရောက်ရှိလာရာတွင် ကမ္ဘာ့ခေါင်းဆောင်များအကြား တုန်လှုပ်ခြင်းနှင့် အံ့သြမှင်သက်ခြင်း ဂယက်ရိုက်ခတ်သွားခဲ့သည်။ ထိုကလေးငယ်မှာ တွတ်တီးတွတ်တာ လမ်းလျှောက်တတ်စ ၃ နှစ်အရွယ် ဆီးရီးယားမှ အိုင်လန် ကုရ်ဒီ ဖြစ်သည်။ Kos  မည်သော ဂရိကျွန်းသို့ လူကုန်ကူးမှောင်ခိုလှေနှစ်စင်းနှင့် ထွက်လာစဉ် အေဂျီယန်ပင်လယ်အတွင်း နစ်မြှုပ်ခဲ့ရသည့် လူ ၁၁ ဦးထဲ အပါအ၀င် ဖြစ်သည်။

ကလေးငယ်၏ရုပ်အလောင်းဓာတ်ပုံက မြေထဲပင်လယ်တစ်ဝိုက်မှ ဒုက္ခသည်များပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာဆောင်ရွက်ချက် အတွက် ရိုက်ခတ်ဆော်သြချက်တစ်ရပ် ဖြစ်လာသည်။

“မြေထဲပင်လယ်ထဲ နစ်မြှုပ်ကုန်တာ ဒုက္ခသည်များချည်းသက်သက် မဟုတ်ပါဘူး။ လူသားချင်းစာနာမှုပါ နစ်မြုပ်သွားခဲ့တာပါ။ ကမ္ဘာ့လုံခြုံရေးစနစ်က ပီပြင်တဲ့အသုံးတည့်မှု မရှိဘူး။ အကျိုးဆက်အားဖြင့် မြေထဲပင်လယ်ဟာ သင်္ချိုင်းအဖြစ် အသွင်ပြောင်းရပါပြီ။ အကျည်းတန် အရုပ်ဆိုးလွန်းလှတဲ့ ဆီးရီးယားပြည်တွင်းစစ်ဒဏ်ခံရသူတွေ၊ စစ်ပြေးဒုက္ခသည်တွေအတွက် ကျွန်တော် တံခါးပိတ်ထားမှာ မဟုတ်ပါဘူး” ဟု တူရကီသမ္မတ ရီဆက်ပ် သွိုင်ယစ်ဘ် အာဒိုဂန်မှ အန်ကာရာ ထိပ်သီးညီလာခံ၌ ပြောကြားလိုက်သည်။ တူရကီတွင် ဆီးရီးယားဒုက္ခသည်ပေါင်း ၂ သန်း နီးပါး ရှိနေရာ မိမိနိုင်ငံ၏ကြီးမားလာသောဝန်ထုပ်ကို မျှဝေကူညီကြရန် ဥရောပနိုင်ငံများသို့လည်း သူက ထပ်ခါတလဲလဲ တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဆီးရီးယားဒုက္ခသည်များစွာတို့သည် တူရကီအာဏာပိုင်များထံမှ ပြည်ဝင်ခွင့်ရရန် အခက်အခဲ ရှိကြသဖြင့် ဥရောပသို့သွားရာ တစ်ခုတည်းသောလမ်းကြောင်းအဖြစ် အနီးအနားရှိ ဂရိကျွန်းများသို့ ရော်ဘာလှေငယ်လေးများဖြင့် သွားရောက်ခြင်းကို ရွေးချယ် ခဲ့ကြခြင်းဖြစ်သည်။ ကလေးငယ် ကုရ်ဒီ၏ သေဆုံးခြင်းအပေါ် အနောက်ဥရောပနိုင်ငံရေးသမားများမှ ၀မ်းနည်းစကားဆိုခဲ့ကြသည်။

“လူမှန်းသိတတ်စ ကလေးငယ်တစ်ဦးရဲ့ရုပ်အလောင်းက ကမ်းခြေတစ်ခုမှာ ရေမျောထင်း တစ်ချောင်းလို သောင်တင်နေတဲ့ ပုံကို မြင်တွေ့လိုက်ရတဲ့ လူသားချင်းစာနာစိတ်ရှိသူ ဘယ်ကမ္ဘာသူ ကမ္ဘာသားမဆို စိတ်မထိခိုက်ဘဲ မနေနိုင်ပါဘူးဗျာ။ ဒါဟာ လူသားဆိုင်ရာကပ်ဆိုး တစ်ခုပါပဲ” ဟူ၍ ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်ဒီမှ ပဲရစ်မြို့သတင်းစာရှင်းလင်းပွဲတွင် ဆို့နင့်စွာ ပြောကြားသွားသည်။

“သူဟာ အိုင်လန် ကုရ်ဒီ ဆိုတဲ့ အမည်နာမ ရှိထားပြီးသူ လူသားတစ်ဦးပါ။ ဥရောပတစ်ခွင် စည်းရုံးဆော်သြကြဖို့ အမြန်လိုအပ်နေပါပြီ” ဟူ၍ ပြင်သစ် ၀န်ကြီးချုပ် မန်နျူရယ်ဝေါလ်စ် ကလည်း သူ၏ Twitter ၌ လက်ရှိခေတ်စားနေသော တူရကီရဲဝန်ထမ်းမှ ကလေးငယ် ရုပ်အလောင်းအား ချီမ သယ်ဆောင်နေ သည့်ပုံနှင့်အတူ ရေးသားခဲ့သည်။

တုန်လှုပ်ဖွယ် ပုံရိပ်များ၊ သောင်းနှင့်ချီသည့် ဆီးရီးယားဒုက္ခသည်များ၏ ကသောင်းကနင်းဖြစ်နေမှုများ၊ ဥရောပရှိ ဘေးကင်းရာသို့ရွှေ့ပြောင်းနိုင်အောင် ကြိုးပမ်းနေသူများ ရှိနေလင့်ကစား ယင်းပြဿနာအား မည်သို့မည်ပုံ ကိုင်တွယ်ရမည် ဆိုသည့်အပေါ် အကြီးအကျယ် ကွဲပြားနေလျက်ရှိကြသည်။

“မွတ်စ်လင်မ်ဒုက္ခသည်တွေ အစုအပြုံလိုက် အခြေချမှုဟာ ဥရောပတစ်ခွင်လုံး ပေါက်ကွဲစေနိုင်တဲ့ အကျိုးဆက်ရှိသလို ခရစ်ယာန်ကိုယ်ပိုင်လက္ခဏာအတွက်လည်း အန္တရာယ်ရှိလာနိုင်ပါတယ်” ဟု ဟန်ဂေရီ ၀န်ကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားသည်။

ဆီးရီးယားဒုက္ခသည်များကို ထပ်မံမခေါ်ယူတော့သဖြင့် အဝေဖန်ခံနေရသည့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်းက “ဖခင်တစ်ဦးဖြစ်နေလို့ (ကလေးငယ်ရုပ်အလောင်း)ပုံက ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း စိတ်ထိခိုက်သွားစေခဲ့ပါတယ်။ ဗြိတိန်ဟာ ကျင့်ဝတ်တရားနားလည်တဲ့နိုင်ငံပါ။ လူ့ကျင့်ဝတ်တာဝန်ကို ကျွန်တော်တို့ ဖြည့်ဆည်းသွားမှာပါ။ သို့သော် ဥရောပမှာထက် ဒီဒုက္ခသည်တွေ ထွက်လာစေတဲ့နိုင်ငံများမှာ အဖြေရှာဖို့၊ တည်ငြိမ်အောင်ကြိုးစားပေးဖို့ ပိုလိုအပ်ပါတယ်” ဟုပြောကြားသည်။ ဗြိတိန်နိုင်ငံအနေနှင့် ခိုလှုံသူဒုက္ခသည်များကို ပိုမိုတိုးမြှင့်လက်ခံပေးရေးအတွက် အွန်လိုင်းပေါ် လူတစ်သိန်းကျော် လက်မှတ်ထိုး တောင်းဆိုမှုက ပါလီမန်အတွင်း အကြီးအကျယ် အချေအတင်ဖြစ်ဖွယ်ရှိနေသည်။

ကင်းမရွန်း၏ ရှေးရိုးစွဲအစိုးရအပေါ် စူးစူးရှရှ ဝေဖန်လေ့ရှိသော စကော့တလန်၏ပထမဆုံးဝန်ကြီးချုပ် နီကိုလာ စတာဂျင်ကမူ ၀န်ကြီးချုပ်ကင်းမရွန်း၏ မလှိမ့်တပတ်မူဝါဒအား ရှုတ်ချခဲ့ပြီး၊ ဆီးရီးယား ဒုက္ခသည်များကို အကူအညီအပေးရန် မိမိတိုင်းပြည်သို့ မေတ္တာရပ်ခံလိုက်သည်။

“တစ်နေ့ညဥ့်က ကမ်းခြေပေါ်သောင်တင်နေတဲ့ ကလေးငယ်ဓာတ်ပုံကို မြင်လိုက်ရပြီး မျက်ရည်မဆည်နိုင်သူထဲ ကျွန်တော်လည်း အပါအ၀င်ပါ။ အဲ့ဒီကလေးငယ်လေးက ကျွန်တော်တို့ရဲ့ နှလုံးသားများကို ဗြောင်းဆန်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ဆိုးကို သူတစ်ဦးတည်းသာ ကွက်ပြီး ကြုံဆုံရတာ မဟုတ်ပေဘူး။ သူ့လိုပဲ အန္တရာယ်ကြားထဲ ရှင်သန်နေတဲ့ ထောင်ချီလူသားတွေနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါ့တာဝန်ပါလို့ ပြောစရာမလိုပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ တာဝန်သာ ဖြစ်ပါတယ်”။

ကုရ်ဒီမိသားစုသည် ကနေဒါခိုလှုံခွင့်လျှောက်ထားချက် ပယ်ချခံလိုက်ရကြောင်း ကနဦးပိုင်း သတင်း ထွက်ပေါ်လာပြီးနောက် အော့တာဝါရှိ အာဏာပိုင်များထံ သမစိတ္တဖြစ်ပေါ်လာခဲ့ကြသည်။ ကနေဒါနိုင်ငံ၊ နိုင်ငံသားနှင့်ပြောင်းရွှေ့ အခြေချသူများရေးရာ ၀န်ကြီး ခရစ္စ အလက်ဇန္ဒားက ကုရ်ဒီမိသားစု၏ လျှောက်ထား ချက်နှင့်စပ်လျဉ်း၍ ပြဿနာ အကြောင်းရင်းကို ပြန်လည် သုံးသပ်သွားမည်ဟု ဆိုလိုက်သည်။

“အိုင်လန် ကုရ်ဒီ ကလေးရဲ့ ကြေကွဲဖွယ်ဓာတ်ပုံ၊ သူ့အစ်ကိုနဲ့မိခင် သေဆုံးတဲ့သတင်းက တစ်ကမ္ဘာလုံးရဲ့ နှလုံးသား ကွဲကြေသွားစေခဲ့ပါတယ်။ ဒီပုံရိပ်နဲ့တစ်ကွ နှိပ်စက်မှုလွတ်ကင်းရေးအတွက် အလွတ်ရုန်းထွက်ပြေးကြသူ ဆီးရီးယားနဲ့ အီရတ်ပြည်သူတွေရဲ့ပုံရိပ်များကြောင့် ကျွန်တော်လည်း ကနေဒါနိုင်ငံသားအားလုံးအတိုင်း အထူးဝမ်းနည်းရပါတယ်”။
+++++++++++

လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့က တူရကီကမ်းခြေ Bodrum ၌ သောင်တင်ရောက်ရှိလာသော ဆီးရီးယားကလေးငယ်ရုပ်အလောင်းအား ရဲအရာရှိတစ်ဦးမှ ချီမသွားဖို့ ပြင်ဆင်နေစဉ် ။ (ဓာတ်ပုံ – AP)

Ref : The Washington Post




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...