Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၆၊ ၂၀၁၅)

$
0
0

စက်တင်ဘာ ၆၊ ၂၀၁၅
M-Media

ဆီနီဂေါတွင် ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစ်စီး ပျောက်ဆုံး
…………………………..
လူ ၇ ဦးတင်ဆောင်ကာ ဘာကီနာဖာဆိုမြို့တော် အော်ဂါဒူဂူသို့ ပျံသန်းသွားသည့် ဆီနီဂေါ ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစ်စင်းမှာ နိုင်ငံမြောက်ပိုင်းတွင် ယနေ့ည ဒေသစံတော်ချိန် ည ၇ နာရီ ၈ မိနစ်တွင် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်တွင် ပြင်သစ်လူနာတစ်ဦး၊ ဆရာဝန်တစ်ဦး၊ သူနာပြုနှစ်ဦးနှင့် လေယာဉ်အမှူထမ်း ၃ ဦးတို့ လိုက်ပါသွားကာ ဆီနီဂေါစစ်တပ်မှာ ရှာဖွေမှုများကို ပြုလုပ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောမှောက် ၁၀ ဦးသေဆုံး
………………………………..
တောင်ကိုရီးယားနိုင်ငံတွင် စနေနေ့ညပိုင်းက ငါးဖမ်းသင်္ဘောတစ်စင်း တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ငါးဖမ်းသင်္ဘောကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းတွင် ပြန်တွေ့ခဲ့ပြီး ၃ ဦးကို လေယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ အသက်ရှင်ဖွယ်ရှိနေသည်။ အဆိုပါ ငါးဖမ်းသင်္ဘောတွင် လူ ၂၁ ဦး လိုက်ပါသွားပြီး ၈ ယောက်ခန့် ပျောက်ဆုံးနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထိုင်းလွှတ်တော် ပယ်ချ

……………………………………..

စစ်တပ်ကျောထောက်နောက်ခံပြု ထိုင်းဥပဒေပြုလွှတ်တော်မှာ အခြေခံဥပဒေမူကြမ်းကို ပယ်ချလိုက်ပြီး ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီသို့ ပြန်သွားရေး နှောင့်နှေးသွားပြီဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံမူကြမ်းကို လွှတ်တော်ရှိ အားလုံးနီးပါးက ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုဖွဲ့စည်းပုံ၏ အငြင်းပွားဖွယ်ရာအဖြစ်အဆုံး အချက်များတွင် စစ်သားများပါဝင်သည့် ၂၃ ဦးအဖွဲ့မှာ တိုင်းပြည် အကြပ်အတည်းဖြစ်နေချိန်တွင် ပါလီမန်အား ဖျက်သိမ်းကာ ၀န်ကြီးချုပ်ကို ဖြုတ်ချ၍ တိုင်းပြည်အား
အုပ်ချုပ်ခွင့်ရှိသည်ဆိုသည့် အချက်လည်း ပါဝင်သည်။ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မပြဌာန်းမချင်း စစ်တပ်က တိုင်းပြည်အား အုပ်ချုပ်သွားမည်ဖြစ်သည်။

Ref: News Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...