Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အိုက်စလန်အသင်း ပထမဆုံးအကြိမ် ယူရိုခြေစစ်ပွဲ အောင်မြင်

$
0
0

စက်တင်ဘာ ၇၊ ၂၀၁၅
M-Media

euro

– ယနေ့မနက်က ကစားခဲ့သည့်ပွဲတွင် ကာဇက်စတန်အသင်းအား သရေကျခဲ့ပြီးနောက် အိုက်စလန်အသင်းမှာ သမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီဟု သိရသည်။

ရာသီဥတု ဆိုးရွားခဲ့သည့်ထိုပွဲတွင် အိုက်စလန်မှာ ခြေစွမ်းကောင်းများ မပြနိုင်ခဲ့သော်လည်း သရေတစ်မှတ် ရရှိခဲ့ခြင်းကြောင့် ၈ ပွဲကစား ၁၉ မှတ်ဖြင့် အုပ်စုထိပ်ဆုံးနေရာကို ချက်အသင်းနှင့်အတူ ဦးဆောင်ကာ ကစားရန် ၂ ပွဲ ကျန်နေသေးသော်လည်း ခြေစစ်ပွဲ အောင်မြင်သွားခြင်းဖြစ်သည်။

ဥရောပအသင်းငယ် အိုက်စလန်မှာ အုပ်စုအဖွင့်ပွဲစဉ်ကတည်းက တူရကီအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ကစားကာ အံ့သြစရာ ခြေစွမ်းကို ပြသခဲ့ပြီး၊ ပြီးခဲ့သည့် ကြာသာပတေးနေ့ကလည်း ဥရောပထိပ်သီး နယ်သာလန်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိအောင် ကစားခဲ့သည်။

အိုက်စလန်နည်းပြ လာစ် လာဂျာဘက်ကမူ အိုက်စလန်အသင်းအား ယူရို ၂၀၁၆ သို့ ရောက်ရှိအောင် ဦးဆောင်နိုင်ခြင်းမှာ ထူးခြားမှုဖြစ်ပြီး အသင်းအတွက် ဂုဏ်ယူမိသည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ နည်းပြတစ်ယောက်သာ ဖြစ်ပါတယ်။ အသင်းကစားသမားတွေက ကြီးကျယ်တဲ့ကစားသမားတွေဖြစ်ပြီး၊ သူတို့ဟာ ယူရိုကိုရောက်ဖို့ လုံးဝ ထိုက်တန်ကြပါတယ်”

အသင်းအား အကောင်းဆုံးဦးဆောင်နိုင်ခဲ့သည့် အသင်းခေါင်းဆောင် အေရွန် ဂန်နာဆန်ကလည်း ခြေစစ်ပွဲအောင်မှုမှာ မိမိတို့အတွက် မယုံနိုင်စရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

“မယုံနိုင်စရာပါပဲဗျာ။ တော်တော်လေး တုန်လှုပ်မိပါတယ်။ ဒီအခြေအနေရောက်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာပါ။ ကျွန်တော်တို့အသင်းဟာ ကျွန်တော် ဘောလုံးကစားကတည်းက ယူရိုနောက်ဆုံးအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်တဲ့ အိုက်စလန်အသင်းပါပဲ။ ဒါမျိုး ဖြစ်လာမယ်လို့ စိတ်တောင် မကူးမိပါဘူး”

အုပ်စု A တွင် ချက်အသင်းမှာ လတ်ဗီယားအသင်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အိုက်စလန်အသင်းနှင့်အတူ ခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်သည်။

Ref: UEFA.com


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...