Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၇၊ ၂၀၁၅)

$
0
0

စက်တင်ဘာ ၇၊ ၂၀၁၅
M-Media

ပြည်တွင်းဖြစ် ဒရုန်းလေယာဉ်ကို ပါကစ္စတန် ပထမဆုံးအကြိမ် ထုတ်သုံး
………………………………………
– မိမိတို့မှာ ပြည်တွင်းဖြစ် ဒရုန်းလေယာဉ်ဖြင့် ပထမဆုံးအကြိမ် နိုင်ငံအနောက်မြောက်ပိုင်းမှ စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်သည်။ Burraq ဟု အမည်ရသည့် ဒရုန်းလေယာဉ်ဖြစ်ပြီး လေဆာပဲ့ထိန်းဒုံးကျည်တပ်ဆင် ပစ်လွှတ်နိုင်သည်။ အဆိုပါနည်းပညာကို အမေရိကန်၊ တရုတ်နှင့် အစ္စရေးတို့ အပါအ၀င် လက်တစ်ဆုပ်စာ နိုင်ငံများကသာ ပိုင်ဆိုင်ထားကြသည်။

ဆီးရီးယားသို့ စစ်လက်နက်ပေးပို့မှုမှာ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ဟု ရုရှားပြော
……………………………………
ရုရှားအနေဖြင့် ဆီးရီးယားသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ခြင်းမှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်အတွက်သာ ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ RIA Novosti သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ရုရှားမှာ အာဆတ်အစိုးရသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ခဲ့သည်ဆိုသော သတင်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း
ထွက်ပေါ်လာခဲ့ပြီး အမေရိကန်ကလည်း ထိုသတင်းအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းတွင် နေတိုးအဖွဲ့ ရုံးခန်း ဖွင့်တော့မည်
…………………………………….
မကြာမီအချိန်အတွင်း ယူကရိန်းသို့ သွားရောက်လည်ပတ်သည့်အခါ နေတိုးအဖွဲ့၏ ရုံးခန်းကို ကိဗ်မြို့တွင် ဖွင့်လှစ်ရန်အတွက် သဘောတူညီချက်တစ်ခုကို နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်စ် စတိုလ်တန်ဘာ့ဂ်က လက်မှတ်ရေးထိုးမည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပါဗဲလ် ကလင်မ်ကင် ပြောကြားမှုကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြခဲ့သည်။ ကလ်မ်ကင်မှာ
နေတိုးအဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ဘရက်ဆဲလ်တွင် တွေ့ဆုံခဲ့ပြီး ရုံးခန်းဖွင့်ရေးကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်သည်။

Ref: News Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...