Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

IS အဖွဲ့အား အလ်ကိုင်းဒါးက စစ်ကြေငြာ

$
0
0

စက်တင်ဘာ ၁၁၊ ၂၀၁၅
M-Media

Ayman-al-Zawahiri

– အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေများ သိမ်းပိုက်ကာ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေသည့် IS အဖွဲ့အား အလ်ကိုင်းဒါးက စစ်ကြေညာလိုက်သည်ဟု သိရသည်။

အိုစမာဘင်လာဒင် မရှိတော့သည့်နောက် ခေါင်းဆောင်အဖြစ် ဆက်ခံခဲ့သည့် အေမန် အလ်-ဇာဝါဟီရီက ပြောကြားလိုက်ခြင်းဖြစ်ပြီး IS အဖွဲ့အား ဆန့်ကျင်သည့် စကားများ ပြောကြားထားသည့် အသံဖိုင်များမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အွန်လိုင်းစာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။

IS အဖွဲ့ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီမှာ ဆူပူထကြွအောင် လုပ်သူသာဖြစ်ပြီး ၎င်း ကျွေးကြော်သကဲ့သို့ မွတ်စလင်အားလုံး၏ ခေါင်းဆောင်မဟုတ်ဟု ဇာဝါဟီရီက ပြောကြားခဲ့သည်။

အကြမ်းဖက်ရေးရာ ကျွမ်းကျင်သူများကမူ ထိုကဲ့သို့ စစ်ကြေညာခြင်းက ၎င်းတို့ စစ်သွေးကြွ အုပ်စုနှစ်ခုအကြား မကျေမချမ်းဖြစ်သော အကွဲအပြဲဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က အွန်လိုင်းစာမျက်နှာတွင် ထုတ်ပြန်ခဲ့သည့် အသံဖိုင်တွင် ဇာဝါဟီရီက “ဆူပူလှုံ့ဆော်မှု မီးတောက်ကို ငြှိမ်းသက်ဖို့ ကျွန်တော်တို့ဟာ တတ်နိုင်သမျှ နည်းနည်းလောက် တုံ့ပြန်ဖို့ကို ပိုနှစ်သက်ပါတယ်။ ဒါပေမယ့် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီနဲ့ သူရဲ့ အပေါင်းအဖော်တွေက ကျွန်တော်တို့ကို ရွေးချယ်ခွင့် မပေးပါဘူး။ သူတို့တောင်းဆိုတာက မူဂျာဟစ်တွေဟာ သစ္စာစောင့်သိမယ်ဆိုတဲ့ ကတိအားလုံးကို ဖျက်ပြီး သူတို့ ခလီဖာလို့ ကျွေးကြော်ထားမှုကို သစ္စာခံဖို့ပါပဲ။ အစ္စလာမ့်သမိုင်းမှာ စတုတ္ထမြောက် ခလီဖာလို့
ဘဂ္ဂါဒီရဲ့ ကြေညာမှုကို အားလုံးက အံအားသင့်ကြပါတယ်” ဟု ပြောကြားခဲ့သည်။

အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ မက်သယူး အိုလ်ဆန်က 6abc သတင်းဌာနသို့ ပြောကြားရာတွင် ဇာဝါဟီရီမှာ ဘဂ္ဂဒါဒီနှင့် IS အဖွဲ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုရန် ဆန္ဒမရှိဟုဆိုပြီး ထိုအချင်းအရာက အလ်ကိုင်းဒါး ခေါင်းဆောင်ပိုင်းနှင့် IS အဖွဲ့တို့အကြား အကွဲအပြဲ မည်မျှအထိ နက်ရှိုင်းနေသည်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီအကွဲအပြဲဟာ ပြန်လည်ရင်ကြားစေ့လို့ မရဘူးဆိုတာ ပြနေပါတယ်။ တပ်ဖွဲ့ဝင်တွေစုဆောင်းပြီး သူတို့နှစ်ဖွဲ့ဟာ ပုခုံးချင်းယှဉ်နေကြပါတယ်။ ဒါဟာ ကြောက်စရာပါပဲ” ဟု အိုလ်ဆန်က ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဖွဲ့ ထိုသို့ ကွဲပြဲခြင်းက အကြမ်းဖက်ဆန့်ကျင်ရေး လုပ်ဆောင်မှုများအား လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်မည်ဖြစ်သည်။ အိုလ်ဆန်ကမူ သတင်းအချက်အလက် အမှားများက ထိုအဖွဲ့နှစ်ခုအား ကွဲပြဲစေရန် ဖြစ်စေနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အာဖဂန်နှင့် ပါကစ္စတန်တို့တွင် IS ၏ အဖွဲ့ခွဲများမှာ တာလီဘန်နှင့် အလ်ကိုင်းဒါးတို့အား တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ IS မှာ ယခင်က အလ်ကိုင်းဒါ၏ အီရတ်အဖွဲ့ခွဲဖြစ်သော်လည်း နောက်ပိုင်းတွင် ခွဲထွက်သွားကာ လွန်ခဲ့သည့် ၂ နှစ်အတွင်း အလွန်အမင်း ကြီးထွားလာခဲ့သည်။

Ref : Mirror




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...