Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ချစားမှုသတင်းထွက်သည့် အထွေထွေအတွင်းရေးမှူးကို ဖီဖာ အနားပေး

$
0
0

စက်တင်ဘာ ၁၈၊ ၂၀၁၅
M-Media

fifa

– ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်များကို ဈေးတင်းရောင်းချခြင်းမှ အကျိုးအမြတ်ရယူရန် ကြိုးစားခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို တာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

အဆိုပါ ချစားမှုသတင်းမှာ ယမန်နေ့က ထွက်ပေါ်လာခြင်းဖြစ်ပြီး ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ ညာလက်ရုံးဖြစ်သူ ဗော့လ်ကီမှာ ၂၀၁၄ ကမ္ဘာ့ဖလား လက်မှတ်များ ရောင်းချရမှု၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း (ယူရို ၂သန်းခန့်) ကို ရယူရန် JB Marketing ကုမ္ပဏီနှင့် သဘောတူခဲ့သည်ဟု ဆိုသည်။

ဘရာဇီးလ်သတင်းဌာနဖြစ်သည့် Estadao မှာ ဗော့လ်ကီနှင့် JB Marketing ကုမ္ပဏီမှ အကြံပေး ဘန်နီ အေလွန်တို့အကြား ပေးပို့ခဲ့သော အီးမေးလ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ JB Marketing ကုမ္ပဏီမှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ၂၄ ပွဲစာ၏ လက်မှတ်များကို ၀ယ်ယူရန် ၂၀၁၀ ခုနှစ် ဧပြီလက ဖီဖာနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

စာချုပ်အရ အဆိုပါ ၂၄ ပွဲတွင် ၁၂ ပွဲကို JB Marketing မှ စိတ်ကြိုက်ရွေးရမည်ဖြစ်ပြီး အခြား ၁၂ ပွဲကို ဖီဖာမှ ရွေးပေးရမည် ဖြစ်သည်။ သို့သော်လည်း ဖီဖာမှ ရွေးပေးသည့် ပွဲများတွင် ပရိတ်သတ် စိတ်ဝင်စားမှုနည်းသည့် ပွဲများ ပါဝင်မည်ဖြစ်သောကြောင့် အေလွန်က ဗော့လ်ကီအား အကူအညီတောင်းကာ အိမ်ရှင်ဘရာဇီးလ်အသင်း ကန်မည့် ပွဲအားလုံးအပါအ၀င် ၂၄ ပွဲစလုံး ၎င်းတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရရန် ဆောင်ရွက်ခဲ့သည်။

ထို့ပြင် လက်မှတ်များကို ရောင်းချသည့်အခါတွင် သတ်မှတ်ထားသည့်ဈေးထက် ၃ ဆပိုတင်၍ ရောင်းချရန် တောင်းဆိုမှုကိုလည်း ဗော့လ်ကီက ခွင့်ပြုခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် လက်မှတ်ဝယ်ယူရန် သဘောတူညီချက်ကို ဖျက်သိမ်းကာ ဖီဖာ၏ အခြားကိုယ်စားလှယ်ဖြစ်သော Match နှင့် ဆက်သွယ်၍ ၀ယ်ယူရန် JB Marketing သို့ ဗော့လ်ကီက ပြောကြားခဲ့သည်။

ဗော့လ်ကီနှင့် အေလွန်တို့၏ ကနဦးသဘောတူညီချက်မှာ အကောင်အထည်ပေါ်မလာခဲ့ဘဲ လက်မှတ်များကို ဈေးတင်ရောင်းချခဲ့ခြင်းမရှိသလို၊ ဗော့လ်ကီမှာလည်း မည်သည့်ငွေကြေးမှ မရခဲ့ဟု အေလွန်က Sportsmail သို့ ပြောကြာခဲ့သည်။

ဖီဖာကမူ အဆိုပါ သတင်းများ ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် ဗော့လ်ကီအား ရာထူးအားလုံးမှ အနားပေးလိုက်ပြီး၊ စုံစမ်းစစ်ဆေးမှုများကို ချက်ခြင်းပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

“အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီကို အနားပေးလိုက်ပြီး နောက်ထပ် သတင်းမထုတ်ပြန်မချင်း တာဝန်းအားလုံးမှ ချက်ခြင်းရပ်ဆိုင်းလိုက်ပြီလို့ ဖီဖာက ယနေ့ ကြေငြာလိုက်ပါတယ်” ဟု ဖီဖာမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗော့လ်ကီပါဝင်သည်ဟု စွပ်စွဲခံရသည့် ကိစ္စများအားလုံးကို မိမိတို့ သိရှိထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကျင့်ဝတ်ဆိုင်ရာ ကော်မတီကို တောင်းဆိုထားသည်ဟု ဆိုသည်။ ဗော့လ်ကီကမူ ထိုစွပ်စွဲမှုအားလုံးမှာ လုပ်ကြံမှုသာဖြစ်သည်ဟု ရှေ့နေမှတစ်ဆင့် ကြေညာခဲ့သည်။

ဗော့လ်ကီ၏ ယခုကိစ္စမှာ ချစားမှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဖီဖာအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် မေလ ဆွစ်ဇာလန်၌ ပြုလုပ်မည့် ဖီဖာ၏ နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ ဖီဖာမှ အကြီးတန်းအရာရှိများမှာ ဖမ်းဆီးခံခဲ့ရပြီး ချစားမှုများဖြင့် တရားစွဲဆိုခံထားရသည်။

ထို့ပြင် ၂၀၁၈ နှစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် အိမ်ရှင်ရွေးချယ်မှုတွင် ဖီဖာမှာ ချစားမှုများ ရှိခဲ့သည်ဆိုသော သံသယဖြင့် ဆွစ်ဇ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

Ref: Dailymail




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...