Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆီးရီးယားမှအပါအ၀င် နှစ်စဉ် ဒုက္ခသည် တစ်သောင်းခွဲကို အမေရိကန် ထပ်တိုးလက်ခံမည်

$
0
0

စက်တင်ဘာ ၂၁၊ ၂၀၁၅
M-Media

syria

– အမေရိကန်မှာ ဒုက္ခသည်များအား လက်ခံမှုအရေအတွက်ကို လာမည့် ၂ နှစ်အတွင်း တစ်နှစ်လျှင် ၁၅၀၀၀ စီ တိုးမြှင့်လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်ရောက်ပါက တစ်နှစ်လျှင် စုစုပေါင်း တစ်သိန်းအထိ လက်ခံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

အမေရိကန်မှာ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်ပေါင်း ၇၀၀၀၀ ကို လက်ခံနေကြ ဖြစ်သော်လည်း လာမည့်နှစ်တွင် စုစုပေါင်း ၈၅၀၀၀ ကို လက်ခံသွားမည်ဟု ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအကြောင်းကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့်က် ဝေါလ်တာ စတိုင်မီယာနှင့် ယမန်နေ့က ဆွေးနွေးမှုအတွင်း ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

ထပ်တိုးခေါ်ယူမည့် ဒုက္ခသည်များတွင် အများစုမှာ ဆီးရီးယားမှ ဖြစ်ပြီး၊ ကျန်သူများမှာ ပဋိပက္ခများ ဖြစ်ပွားနေသော အာဖရိကနိုင်ငံများ ဖြစ်မည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိမ်ဖြူတော်ကမူ မိမိတို့အနေဖြင့် လာမည့် တစ်နှစ်အတွင်း ဆီးရီးယားဒုက္ခသည် တစ်သောင်းခန့်ကို ခေါ်ယူမည်ဟု စောစောပိုင်းက ကြေငြာထားသည်။

ဂျွန်ကယ်ရီက ထပ်တိုးခေါ်ယူမည့် ဒုက္ခသည် ၁၅၀၀၀ တွင် ဆီးရီးယားမှ အရေအတွက် မည်မျှ လက်ခံမည်ကို အတိအကျ ပြောကြားခဲ့ခြင်းမရှိချေ။ သို့သော်လည်း အမေရိကန်အနေဖြင့် ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

“ကွန်ဂရက်နဲ့ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးပြီး အဲဒီ ဒုက္ခသည်တွေကို တိုးမြှင့်လက်ခံဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်ပြီး လုံခြုံရေးကိုလည်း တောင့်တင်းအောင် ဆောင်ရွက်သွားမှာပါ။ လိုအပ်ချက်က ကြီးမားတယ်။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဂျွန်ကယ်ရီက စတိုင်မီယာနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆီးရီးယားစစ်ပွဲ အဆုံးသတ်ရေးအတွက် နိုင်ငံရေးအရ အဖြေရရန် ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်ရေး ယခုသီတင်းပတ်တွင် နယူးယောက်၌ ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သီးသန့် ဆွေးနွေးသွားမည်ဟု ဂျွန်ကယ်ရီက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Aljazeera




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...