Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ခိုတောင်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြရန် ရှေ့နေက အချိန်ပိုမိုတောင်းဆို

$
0
0

စက်တင်ဘာ ၂၄၊ ၂၀၁၅
M-Media

thai

– ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန် ကမ္ဘာလှည့်ခရီးသည် နှစ်ဦးအား သတ်ဖြတ်သည်ဟု စွပ်စွဲခံရကာ တရားရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ ရှေ့နေက ၎င်း၏ အမှုသည်များမှာ ဓားစားခံများဖြစ်ပြီး အပြစ်မဲ့များဖြစ်သည်ဆိုသည်ကို သက်သေပြရန်အတွက် အချိန်ပိုပေးရန် ယနေ့တွင် ပြုလုပ်သည့် ကြားနာမှုတွင် တောင်းဆိုလိုက်သည်။

အသက် ၂၀ ကျော်အရွယ်ရှိသည့် ဟန်နာ ၀ှိုက်ရစ်ဂ်ျနှင့် ဒေးဗစ်မီလာတို့မှာ လွန်ခဲ့သည် တစ်နှစ်ခန့်က ခိုတောင်ကျွန်းတွင် ဆိုးဆိုးဝါးဝါး ရိုက်နှက်သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ပြီး အလောင်းအား စစ်ဆေးမှုများအရ ၀ှိုက်ရစ်ဂ်ျမှာ အဓ္ဓမပြုကျင့် ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။

ထိုအမှုအတွက် မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးဖြစ်သော ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ တရားခံများအဖြစ် ဖြောင့်ချက်ပေးထားသည်ဟု ကြေငြာခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားစီးပွားရေး ပုံရိပ်ကို ထိခိုက်စေပြီး နိုင်ငံတကာက အာရုံစိုက်လာသည့် ထိုအမှုအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသားနှစ်ဦးမှာ ဓားစားခံဖြစ်ခဲ့ရသည်ဟု သတင်းများ
ထွက်ပေါ်ခဲ့သည်။

စွပ်စွဲခံထားရသည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကလည်း ၎င်းတို့မှာ ရဲတပ်ဖွဲ့၏ ဖိအားပေးမှုကြောင့် ဖြောင့်ချက်ပေးခဲ့ရခြင်း ဖြစ်သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးမှာ ထိုလူသတ်မှုကို ကျူးလွန်သူများမဟုတ်ဘဲ ဓားစားခံများ ဖြစ်သည်ကို သက်သေပြရန်အတွက် စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့အထိသာ အချိန်ရမည်ဖြစ်ပြီး ရှေ့နေဖြစ်သူ နာခွန် ခွမ်ဖူပတ်က ပြဿနာအချို့ ရှိနေသည်ဟု ဆိုသည်။

“(သောကြာနေ့ မတိုင်ခင်) သက်သေတွေအားလုံးရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ကို သတင်းပေးတဲ့သူတွေက သက်သေအဖြစ် ဆောင်ရွက်ပေးဖို့ မ၀ံ့ရဲတဲ့ ပြဿနာ ရှိနေပါတယ်။ ဘာ့ကြောင့်လည်းဆိုတေ့ သူတို့ထဲကတစ်ချို့ဟာ ခိုတောင်ကျွန်းမှာပဲ ဆက်ပြီး အလုပ်လုပ်နေရတာကိုး” ဟု ခွမ်ဖူပတ်က ပြောကြားခဲ့သည်။

ရှေ့နေအဖွဲ့မှာ စနစ်မကျသည့် စုံစမ်းစစ်ဆေးမှု၊ အငြင်းပွားဖွယ်ရာဖြစ်နေသည့် အလောင်းဆေးစစ်ချက်၊ အခင်းဖြစ်ပွားရာနေရာအား ပုံဖျက်ထားမှု၊ စွပ်စွဲမှုကို ထင်ရှားစေရန် လုံခြုံရေးကင်မရာမှ ဗီဒီယိုများကို ရွေးချယ်အသုံးပြုမှုများနှင့် ပတ်သက်၍ စောဒကတက်ခဲ့သည်။

လူ့အခွင့်အရေး ကျွမ်းကျင်သူ တစ်ယောက်မှာလည်း ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုများအတွက် ယနေ့တွင် တရားရုံး၌ သက်သေထွက်ဆိုရန် ရှိနေပြီး ထိုစုံစမ်းမှုများအရ သံသယရှိသူများ စစ်ကြောမှုအတွင်း ရဲတပ်ဖွဲ့၏ ညှင်းပန်းမှုများ ခံခဲ့ရသည်ကို တွေ့ခဲ့ရသည်ဟု ရှေ့နေများက ဆိုသည်။ အခြား ရှေ့နေဟောင်းတစ်ဦးကလည်း သံသယရှိသူများမှာ အင်အားသုံးခြင်းကြောင့် ဖြောင့်ချက်ပေးခဲ့ရသည်ဟု ယနေ့တွင် သက်သေထွက်ဆိုမည် ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့ကမူ ၎င်း၏ စွပ်စွဲမှုအပေါ် အခိုင်အမာရပ်တည်နေပြီး ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုယ်တိုင်က ထိုကိစ္စတွင် ရဲတပ်ဖွဲ့၌ မည်သည့်မသာမှုမှ မရှိဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ညှင်းပန်းမှုနှင့် လုပ်ထုံးလုပ်နည်းမမှန်မှု စွပ်စွဲချက်များကြောင့် ဗြိတိန်တွင်လည်း မကျေနပ်မှုများ ရှိနေပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပရာယွတ်နှင့် တွေ့ဆုံစဉ် ထိုကိစ္စအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ပရာယွတ်ကလည်း ထိုအမှုအတွက် လန်ဒန်ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးခွင့် ပေးခဲ့သည်။

သို့သော်လည်း နောက်ဆုံး ထုတ်ပြန်မည့် အစီရင်ခံစာကို သံသယရှိသူများ၏ မိသားစုများမှလွဲ၍ လူသိရှင်ကြား ထုတ်ပြန်ရန်အတွက်ကိုမူ ငြင်းဆိုခဲ့သည်။

Ref: Channelnewsasia




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...