Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

စက်တင်ဘာ ၁၁ ၊ နိုင်ငံတကာနှင့် ပြည်တွင်း သတင်းတို

$
0
0

စက်တင်ဘာ ၁၁
M-Media

 

ပိုလန်၊ ဟန်ဂေရီ၊ ချက်သမ္မတ ၃နိုင်ငံခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် စတင်

ဥရောပ သုံးနိုင်ငံခရီးစဉ်ကို စတင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁ဝရက်နေ့ ညနေမှာ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စတင်ခရီးထွက်ခွာသွားခဲ့ပါတယ်။
——————————-
တောင်ဥက္ကလာပ တွင် အမျိုးသမီးတဦး အချွန်ဖြင့် ထိုးခံရ၊ အတွင်းလူနာအဖြစ်တင်ထား

တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ခိုင်သဇင်မျိုးနှင့် အစ်မ ဒေါ်မြင့်မြင့်ရှိန်တို့၏ စတိုးဆိုင်အတွင်းသို့ ၁၀.၉.၂၀၁၃ ရက်၊ ည ၉း၃၀ နာရီခန့်တွင် အသက်(၅၀)ခန့်ရှိ မြန်မာအမျိုးသားပုံသဏ္ဍာန်နှင့် လူတစ်ဦး ဈေးဝယ်လာသဖြင့် ဒေါ်ခိုင်သဇင်မျိုးမှ သွားယူစဉ် ကောင်တာတွင်ထိုင်နေသော ဒေါ်မြင့်မြင့်ရှိန်အား အဆိုပါလူမှ အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်ပတ်ထားသည့် ချွန်ထက်သော အရာဖြင့်ထိုး၍ ထွက်ပြေးသွားပြီး ဗင်ကားအဖြူရောင်ပေါ်သို့ တက်ရောက်မောင်းနှင်ထွက်ပြေးသွားသောကြောင့် ဒေါ်မြင့်မြင့်ရှိန်မှာ ရင်အုံအောက်တွင် သွင်းဒဏ်ရာ ၂-ချက်၊ ဂျိုင်းအောက်တွင် ဒဏ်ရာ ၁-ချက်ဖြင့် သင်္ကန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေရပြီး တောင်ဥက္ကလာပ မြို့မ ရဲစခန်းမှ (ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Yangon Police ၏ အင်တာနက်စာမျက်နှာတွင် တွေ့ရှိရပါတယ်။
——————————-
မြန်မာ-အမေရိကန် ကြက်ခြေနီအသင်း ဘေးအန္တရာယ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်ဖွယ်ရှိတဲ့ဒေသမှ လူထုအား ပညာပေးခြင်းနှင့် လူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့အတွက် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့နယ်တွင် စီမံကိန်းများ လုပ်ဆောင်ရန် အမေရိကန်နဲ့ မြန်မာကြက်ခြေနီအသင်းတို့ ပူးပေါင်းလုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာကို စက်တင်ဘာ ၁၁-ရက်နေ့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးမှာ လက်မှတ်ရေးထိုးလိုက်ကြောင်း ကမာရွတ်မီဒီယာ၏ ရုပ်သံမှတဆင့် သိရှိရပါတယ်။
——————————-
ရုံးချိန်းပေါင်း(၆၀)၊ အချိန် ၁-နှစ် ၈-လ ကြာခဲ့သည့် လူသေမှုဖြင့် ဒု-တပ်ကြပ်အား ထောင်ဒဏ် ၁-နှစ် ၆-လသာ အမိန့်ချမှတ်

ပဲခူးတိုင်း ရွှေတောင်မြို့နယ်မှ ၁၆ နှစ်မပြည့်သေးသော မောင်ကောင်းဆက်ပိုင် သေဆုံးစေမှုအတွက် ရဲ ဒု-တပ်ကြပ် သဲမောင်မောင်ကို ရုံးချိန်းပေါင်း ၆၀ ၊ တရားရင်ဆိုင်ချိန် ၁ နှစ် ၈ လကြာမြင်ပြီးနောက် ထောင်ဒဏ် ၁ နှစ် ၆ လ ချမှတ်လိုက်သည်။
သေဆုံးသူ ကောင်းဆက်ပိုင် ဆိုင်ကယ်ဆီးသွားစဉ် ဒု-တပ်ကြပ် သဲမောင်မောင်မှာ ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာကာ နောက်မှ ထိုင်စီးသူ ကိုဇော်ဦးအား ဆွဲချခဲ့ပြီး ကောင်းဆက်ပိုင် ကို ခြေထောက်ဖြင့် ကန်ခဲ့ရာမှ ဆိုင်ကယ်လဲကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

သဲမောင်မောင်အား ပုဒ်မ ၃၃၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆-လ၊ ပုဒ်မ ၃၀၄(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်  ၁-နှစ်နှင့် ၆-လကျခံရန်နှင့် ပြစ်ဒဏ်များကို တပြိုင်တည်းကျခံစေရန် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ အဆိုပါ ပုဒ်မ ၃၃၈ မှာ ၅-နှစ်ထောင်ဒဏ်တမျိုးမျိုးအပြင် ငွေဒဏ်၊ ပုဒ်မ ၃၀၄(က) သည် ထောင်ဒဏ် ၇-နှစ် တမျိုးမျိုးအပြင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၀-နှစ် တမျိုးမျိုးအပြင် ငွေဒဏ် ကိုပါ ချမှတ်နိုင်သောကြောင့် နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှုမရှိကြောင်း ပေါ်လွင်နေသည်ကို ဧရာဝတီသတင်းဌာနမှ ကိုးကား၍ တင်ပြလိုက်ရပါတယ်။
——————————
ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒေါ်နော်အုန်းလှ

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့မှုကြောင့် အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ ဒေါ်နော်အုန်းလှသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂-နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် မုံရွာ အကျဉ်းထောင်တွင်းမှာပင် အဆာငတ်ခံဆန္ဒပြနေကြာင်းနှင့် ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၁၃-ရက် ရှိပြီဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှ သိရှိရပါတယ်။

——————————-

၁။ သံတမန်နည်းအရ မအောင်မြင်ပါက စစ်ရေးဖြင့်အရေးယူရန် အဆင်သင့်ဟု အိုဘားမားဆို

2013-09-11T012935Z_253430854_TB3E99B044ZCS_RTRMADP_3_SYRIA-CRISIS-USA

ဆီးရီးယားအားတိုက်ခိုက်ရန် ကွန်ဂရက်တွင်မဲခွဲဆုံးဖြတ်မှုအား ဆိုင်းငံထားသည့်အိုဘားမားက ဆီးရီးယားပြဿနာအား သံတမန် နည်းလမ်းဖြင့်ဖြေရှင်းရန်ကြိုစားနေသော်လည်း မအောင်မြင်ပါက ၀င်ရောက်တိုက်ခိုက်ရန် အမေရိကန်စစ်တပ်မှာ အသင့်အနေအထားတွင်ရှိသည်ဟု ယမန်နေ့က ပြောဆိုလိုက်သည်။

ရုပ်သံမှတဆင့်ပြောကြားခဲ့သည့် ထိုမိန့်ခွန်းတွင် “ဒီကမ်းလှမ်းမှုအောင်မြင်မလားဆိုတာ ပြောဖို့စောပါသေးတယ်။

ပြီးတော့ အာဏာရှင်အာဆတ်ဟာ ပေးထားတဲ့ကတိကိုတည်ဖို့ သဘောတူညီချက်တစ်ခုကိုလည်း သတ်မှတ်ရပါမယ်။

ဒါပေမယ့် ဒီကနဦးစမ်းသပ်မှုဟာ ဓာတုလက်နက်တွေရဲ့ခြိမ်းခြောက်မှုကို အင်အားမသုံးဘဲဖယ်ရှားဖို့ အလားအလာရှိနေပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
—————————————
၂။ နျူပြဿနာဖြေရှင်းရန် အချိန်ကန့်သတ်မထားဟု အီရန်ပြော

0,,17074631_303,00

အီရန်သမ္မတ ဟာဆန်ရူဟာနီက အီရန်နိုင်ငံ၏ နျူးကလီးယားကိစ္စဖြေရှင်းရန် အချိန်ကန့်သတ်ထားခြင်းမရှိဘဲ နှစ်ဖက်စလုံးမှ အချိန်ကောင်းတစ်ခုရှာဖွေသင့်သည်ဟု ယမန်နေ့ကပြောဆိုလိုက်သည်။

“နျူးကလီးယားကိစ္စဖြေရှင်းဖို့အချိန်ကို အီရန်က ကန့်သတ်မထားဘူးဆိုတာ ကမ္ဘာကြီးကသိသင့်ပါတယ်။ သူတို့(အင်အားကြီးနိုင်ငံ)တွေက အချိန်တစ်ခုကိုသတ်မှတ်သင့်ပြီး ကျနော်တို့ကလည်းသဘောတူမှာပါ။

နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်တွေရဲ့ အခြေခံအချက်အလက်တွေနဲ့ နျူးကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်(NPT)ရဲ့ သတ်မှတ်ချက်တွေပေါ်မှာ အီရန်ဟာ သူရဲ့(နျူကလီးယား)အခွင့်အရေးတွေကို အကောင်အထည်ဖေါ်သွားမှာပါ။

ဘယ်သူကမှ အီရန်ရဲ့တရားဝင်အခွင့်အရေးကို ပိတ်ပင်လို့မရပါဘူး” ဟု ရူဟာနီက အင်္ဂါနေ့ညတွင် နိုင်ငံပိုင်ရုပ်သံမှတဆင့် ပြောဆိုခဲ့သည်။

အီရန်နိုင်ငံက ၎င်းတို့၏နျူးကလီးယားအစီစဉ်မှာ ငြိမ်းချမ်းစွာအသုံးပြုရေးအတွက်ဟု အခါခါပြောဆိုထားသော်လည်း အမေရိကန်နှင့်အပေါင်းအပါများက နျူးကလီးယားလက်နက်ထုတ်လုပ်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။
—————————————
၃။ ကမ်းခြေစောင့်တပ်များအား ဂျပန်တပ်လှန့်ထား

တရုတ်နိုင်ငံမှပိုင်ဆိုသည်ဟု ကြေညာထားသော ကျွန်းများအား နိုင်ငံပိုင်ပြုလုပ်ရေးနှစ်ပတ်လည်နေ့တွင်လုံခြုံရေးမြှင့်တင်သောအနေဖြင့် ဂျပန်ကမ်းခြေစောင့်တပ်များအား တပ်လှန့်ထားသည်ဟုသိရသည်။

“Senkaku ကျွန်းကို နိုင်ငံပိုင်ပြုလုပ်ရေးနှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ကျနော်တို့အားလုံးကို အသင့်အနေအထားရှိဖို့ တပ်လှန့်ထားပါတယ်” ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ ယူမ မီယာကိုက ပြောကြားခဲ့သည်။

ထိုကဲ့သို့ကြေညာမှုမှာ တရုတ်နိုင်ငံအား ပြင်းထန်စွာ သတိပေးသကဲ့သို့ဖြစ်နေသည်။ လှုံဆော်မှု၏အကျိုးဆက်အား ခံနိုင်ရန် ဂျပန်နိုင်ငံအနေဖြင့် ပြင်ဆင်ထားရမည်ဟု တရုတ်နိုင်က တုံ့ပြန်ပြောဆိုခဲ့သည်။
—————————————
၎။ ကင်ညာနိုင်ငံတွင် ရေကြောတစ်ခုရှာဖွေတွေရှိ

Kenya
အာဖရိကတိုက် ကင်ညာနိုင်ငံမြောက်ဘက် မိုးခေါင်သောဒေသတစ်ခုဖြစ်သည့် တာကာနာဒေသတွင် ရေကြောတစ်ခုအားရှာဖွေတွေ့ရှိခဲ့သည်ဟုသိရသည်။

Lotikipi Basin Aquifer အမည်ရသည် အဆိုပါရေအောင်းလွှာကို ဂြိုဟ်တုနှင့် ရေဒါများမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံအားနှစ်ပေါင်း ၇၀ ရေထောက်ပံ့နိုင်သည်ဟု ကင်ညာအစိုးရက ထုတ်ပြန်ခဲ့သည်။

တာကာနာဒေသမှာ ကင်ညာနိုင်ငံတွင် မိုးအခေါင်ဆုံး၊ အပူဆုံးနှင့် အခြောက်သွေ့ဆုံးဒေသ တစ်ခုဖြစ်ပြီး ယမန်နှစ်ကလည်း ဆိုးရွားသော မိုးခေါင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

BBC
—————————————
၅။ ပါကစ္စတန်ဝန်ကြီးချုပ် လာမည့်သီတင်းပတ်အတွင်း တူရကီသို့သွားမည်

ပါကစ္စတန်နိုင်ငံ၏၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်မှာ လာမည့်တနင်္လာနေ့တွင် တူရကီနိုင်ငံသို့ သွားရောက်မည်ဟုသိရသည်။

သုံးရက်တာကြာမြင့်မည့်အဆိုပါခရီးစဉ်တွင် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသွားမည်ဟု ပါကစ္စတန်နိုင်ငံပိုင်မီဒီယာများကဖေါ်ပြခဲ့ကြသည်။

ထိုခရီးစဉ်မှာ ပြီးခဲ့သည့် ဇွန်လက ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်း နာဝဇ်ရှရစ်ဖ်၏ ဒုတိယမြောက်နိုင်ငံခြားခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး တူရကီသို့ ပထမဦးဆုံးခရီးစဉ်လည်းဖြစ်သည်။

“ဤခရီးစဉ်က ပါကစ္စတန်-တူရကီ နှစ်နိုင်ငံစီးပွားရေးဆက်သွယ်မှုကို ခိုင်မြဲစေရန် အထောက်အကူပြုလိမ့်မည်။” ဟု ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
…………………………………………………..
၆။ မြေပြိုရေကြီးမှုကြောင့် အာဖဂန်တွင် လူလေးဦးသေဆုံး

အာဖန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ဘာဒက်ခ်ရှန်ပြည်နယ် ဇီဘက်ခရိုင်တွင် ယမန်နေ့က မြေပြိုမှု၊ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးကာ ၂၀ ကျော်ပျောက်ဆုံးနေသည်ဟု တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဘေးအန္တရာယ်ကြောင့် လူနေအိမ် ၃၄လုံးပျက်စီးခဲ့ပြီး၊ ကျွဲနွား ၁၄၀ ကျော်သေဆုံးခဲ့ကာ လယ်ဧက ၁၀၀ကျော်နှင့် ဥယျာဉ်ခြံမြေများ ပျက်စီးခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်မှု အရ သိရသည်။
………………………………………………….
၇။ ပါကစ္စတန်ဝန်ကြီးချုပ် လာမည့်သီတင်းပတ်အတွင်း တူရကီသို့သွားမည်

ပါကစ္စတန်နိုင်ငံ၏၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်မှာ လာမည့်တနင်္လာနေ့တွင် တူရကီနိုင်ငံသို့ သွားရောက်မည်ဟု သိရသည်။ သုံးရက်တာကြာမြင့်မည့်အဆိုပါ ခရီးစဉ်တွင် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသွားမည်ဟု ပါကစ္စတန်နိုင်ငံပိုင် မီဒီယာများကဖေါ်ပြခဲ့ကြသည်။

ထိုခရီးစဉ်မှာ ပြီးခဲ့သည့် ဇွန်လက ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်း နာဝဇ်ရှရစ်ဖ်၏ ဒုတိယမြောက်နိုင်ငံခြားခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး တူရကီသို့ ပထမဦးဆုံး ခရီးစဉ် လည်းဖြစ်သည်။ “ဤခရီးစဉ်က ပါကစ္စတန်-တူရကီ နှစ်နိုင်ငံစီးပွားရေးဆက်သွယ်မှုကို ခိုင်မြဲစေရန် အထောက်အကူပြုလိမ့်မည်။” ဟု ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...