Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

မြန်မာ့မီးရထားသို့ သံလမ်းလုပ်ငန်းသုံးပစ္စည်းများ ဂျပန်ကုမ္မဏီမှ လွှဲပြောင်းပေးအပ်

$
0
0

နိုဝင်ဘာ ၂၇၊ ၂၀၁၃
M-Media
သီရိ

DSC01377

ရန်ကုန်  ။      ။       မြန်မာ့မီးရထားသို့ JITI (Japan International Transport Institute) မှ သံလမ်း၊ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် လွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဂျပန်နိုင်ငံ သံအမတ်ကြီး ကိုယ်စား ဂျပန်သံရုံးဝန်ကြီး Mr. Maru yama, JITI မှ နာယကကျောင်းအုပ်ကြီး Mr. Makoto Washizu, ဂျပန်နိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ,မြန်မာ့မီးရထားမှသက်ဆိုင်ရာဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရပါသည်။

ဆက်လက်ပြီး အခမ်းနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် “ယခုလို ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးအတွက် ယခုကဲ့သို့ ခေတ်မီသံလမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းသုံးပစ္စည်းကရိယာများကို လှူဒါန်းလာတဲ့အတွက် မြန်မာ့မီးရထားအနေဖြင့် အထူးဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပစ္စည်းကရိယာများကို မြန်မာ့မီးရထားသံလမ်းပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများက အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ပါသည်” ဟုပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သံလမ်းလုပ်ငန်းသုံးပစ္စည်းများလှူဒါန်းရခြင်းနှင့် ပက်သတ်၍ ဂျပန်သံရုံးမှ ၀န်ကြီး Mr.Maru yama မှ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာ့မီးရထား သံလမ်းလုပ်ငန်းသုံးပစ္စည်းများနှင့်ပတ်သက်သော စာရွက်စာတမ်းများကို JITI မှ နာယကကျောင်းအုပ်ကြီး Mr.Makoto Washizu မှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အား လွှဲပြောင်းပေးခဲ့ပါသည်။
ယင်းအခမ်းအနားတွင် Tie tamper TT-E2B (60 Hz), (With Accessories), Engine generator EG-52D1, Hydraulic liter (M-40 SE), Level measuring instrument တို့ကို လွှဲအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရပါသည်။

ထို့နောက် Hand Tie Tamper Machine အားလက်တွေ့လုပ်ဆောင်ပြသပြီး နေ့လည် ၁၂-နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

 


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...