Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

နိုဝင်ဘာ-၂၇-နိုင်ငံတကာ စုစည်းမှု

$
0
0

နိုဝင်ဘာ ၂၇ ၂၀၁၃
M-Media

336906_India-nuclear-plant

- အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ နျူးကလီးယား ဓာတ်အားပေး စက်ရုံ အနီးတွင် ယမန်နေ့ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။ Kudankulam အမည်ရ ဓာတ်အားပေးစက်ရုံနှင့် ၁၅ ကီလိုမီတာအကွာတွင် မတော်တဆပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးခဲ့ကာ ဓာတ်အားပေးစက်ရုံအား ထိခိုက်မိခြင်းမရှိကြောင်း၊  မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပေါက်ကွဲမှုများဖြစ်ပေါ် ခဲ့သည်ကို ဒဏ်ရာရရှိသူများအား မေးမြန်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
- နယူးဇီလန်သမိုင်းတွင် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုမှာ အောင်မြင်စွာပြီးဆုံးခဲ့ပြီး မိမိတို့ စစ်တပ်မှာ မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုးတက်မှုကို တွေ့မြင်ခဲ့ရသည်ဟု နယူးဇီလန် လေတပ်မှ အရာရှိ ကီဗင်ရှော့က ပြောကြားခဲ့သည်။ နယူးဇီလန်နှင့် အခြား ၉ နိုင်ငံတို့မှ စစ်သား ၂၂၀၀ ကျော်ပါဝင်သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုအား နိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာလတစ်လုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

- ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်ရန်အတွက် လာအိုသမ္မတ ချိုအူမယ်လီ ဆယာဆုန်းက တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် လာအို-တောင်ကိုရီးယား နှစ်နိုင်ငံ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်တော့မည်ဟုသိရသည်။ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုအတွင်း ဆာယာဆုန်းက လာအိုနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးနေမှုတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အကျိုးများစေသည်ဟု ပြောကြားခဲ့သည်။

- နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုနီးကပ်စေရန်အတွက် ၀န်ကြီးအဆင့် အစည်းအဝေးကို သြစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ဆစ်ဒနီမြို့တွင် ယမန်နေ့က ကျင်းပခဲ့သည်။ နယူးဇီလန်နိုင်ငံမှာ သြစတေးလျ၏ သတ္တမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အဌမမြောက် အကြီးဆုံးနိုင်ငံလည်းဖြစ်သည်။

- နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား ဇန်န၀ါရီ ၅ ရက်နေ့တွင် ပြုလုပ်မည်ဟု အစိုးရ၏ ကြေညာချက်အား မကျေနပ်ကြသောကြာင့် အတိုက်အခံများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများအား ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည်။ ၄၈ နာရီကြာပြုလုပ်မည်ဟု စီစဉ်ထားသည့် အဆိုပါဆန္ဒပြပွဲမှာ အင်္ဂါနေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး အစိုးအားထောက်ခံသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

- မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုသတင်းများကြောင့် ဥရောပမှ အမေရိကန်နှင့် အချက်အလက်မျှဝေခြင်း လုပ်ငန်းများကို ရပ်ပစ်မည်ဟု ဥရောပသမ္မဂ၏ တရားမျှတရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗီဗီအိန်းရီဒင်းက ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ထို့ပြင် ဥရောပဥပဒေနှင့် လိုက်လျောညီထွေမှုရှိရန်အတွက် အမေရိကန်၏ ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို ချိန်ညှိရန် တိုက်တွန်းပြောဆိုခဲ့သည်။

- သမီးသုံးဦးအား အိမ်တွင် ၂ နှစ်နီးပါးခန့် ပိတ်လှောင်ထားပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်သောကြောင့် အရီဇိုနားရှိ ဇနီးမောင်နှံနှစ်ဦးမှာ တရားစွဲဆိုခြင်းခံထားရသည်ဟုသိရသည်။ အသက် ၁၂၊ ၁၃နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များက ၎င်းတို့၏မိဘဖြစ်သူများမှာ ၎င်းတို့အား ပိတ်လှောင်ထားခဲ့သည်ဟု တိုင်ကြားခဲ့သောကြာင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူ ဆိုဖီယာ ရစ်ခ်ျတာနှင့် အသက် ၃၄ နှစ်အရွယ် ပထွေးဖြစ်သူ ဖာနန်ဒိုရစ်ခ်ျတာတို့အား ပြန်ပေးဆွဲမှု၊ ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ထို့ပြင် ဖာနန်ဒို ရစ်ခ်ျတာအား အသက်မပြည့်သည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် ထပ်တိုး၍ တရားစွဲဆိုထားသည်။

- ဟေတီနိုင်ငံမှ တရားမ၀င်ဝင်ရောက်လာသူများအား တင်ဆောင်လာသည့် သင်္ဘောတစ်စင်းမှာ ဘဟားမားစ်ရေပိုင်နက်တွင် နစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်ဟု အမေရိကန် ကမ်းခြေစောင့်တပ်မှ ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ သတ်မှတ်ထားသည့်  လူအရေအတွက်ထက် ပိုမိုတင်ဆောင်ကာ အမေရိကန်ပြည်ထောင်စုသို့ ၀င်ရောက်ရန် ခုတ်မောင်းနေစဉ် တနင်္လာနေ့ညက နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ၁၁၀ ဦးအား ကယ်တင်ထားနိုင်ခဲ့သည်။

- ပါကစ္စတန်နိုင်ငံ စစ်တပ်၏ ၁၅ ဦးမြောက်အကြီးအကဲအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာဟီးလ် ရှရစ်ဖ်အား ခန့်အပ်ခဲ့သည်ဟု ပါကစ္စတန် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။ ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်၏ အကြံပေးမှုမှတစ်ဆင့် ရာဟီးလ်ရှရစ်ဖ်အား ခန့်အပ်ကြောင်း ကြေညာချက်ကို ပါကစ္စတန်သမ္မတ မန်နွန် ဟူစိန်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ ၃ နှစ် သက်တမ်းရှိမည်ဖြစ်သည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...