Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား အကြမ်းဖက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက် (Sydney, Australia)

$
0
0

နိုဝင်ဘာ-၂၈ ၂၀၁၃
Spring Flowers ၏ FB မှ ဘာသာပြန်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မေး ။ ။ ကျနော်က သြစတေးလျ မြန်မာမွတ်ဆလင် အသိုင်းအ၀ိုင်းက ဖြစ်ပါတယ် ။ ကျနော်မေးချင်တာကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ဘာသာရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီးတော့ပါ ။ အထူးသဖြင့် မြန်မာပြည်က မွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်မှုတွေအကြောင်းဆိုပါတော့ခင်ဗျာ ။ ဒီအကြမ်းဖက်မှုတွေ မငြိမ်သက်မှုတွေဟာ လက်ရှိအစိုးရက ဒေါ်စုနဲ့ NLD ကို နိုင်ငံရေးမှာ နာမည်သေသွားအောင် ၊ ဒေါ်စုရဲ့ နိုင်ငံရေးလမ်းကြောင်း ပျက်စီးသွားအောင် တမင်လုပ်နေတာလို့ ထင်ပါသလား ။

-ဒီအခြေအနေကို ကာကွယ်ဖို့ ဒေါ်စုနဲ့ NLD အနေနဲ့ ဘာတွေများလုပ်နေပါသလဲ ။ -နောက်တစ်ခုကတော့ အမျိုးသားရင်ကြားစေ့ရေးအကြောင်းကို ပြောကြတဲ့အခါ မတူကွဲပြားတဲ့ဘာသာကို ကိုးကွယ်သူများကြားမှာ ရင်ကြားစေ့ရေးလည်း ပါဝင်ပါတယ်လို့ ပြောလို့ရပါတယ် ။ သူတို့ကြားထဲမှာ ကြောက်လန့်မှုတွေ မယုံကြည်မှုတွေ ရှိနေတယ်လို့ သိရပါတယ် ။ သြစတေးလျလိုတိုင်းပြည်အနေနဲ့ ဒီအခြေအနေကို လွန်မြောက်အောင် ဘာတွေများ ကူညီနိုင်တယ်လို့ ထင်ပါသလဲ ။

ဖြေ ။ ။ ကျမပြောခဲ့သလိုဘဲ မြန်မာပြည်မှာ ရာနှုန်းပြည့် ပွင့်လင်းမြင်သာမှု မရှိသေးပါဘူး ။ ပွင့်လင်းမြင်သာမှု မရှိတော့ Conspiracy theories (ရှုပ်ထွေးနက်နဲတဲ့ ပူးပေါင်းလုပ်ကြံမှုလို့ ယူဆပြီး ခန့်မှန်းချက်ပေးခြင်း) တွေ အမြဲတမ်း ရှိတတ်ပါတယ် ။

အုပ်စုအချင်းချင်း အကြမ်းဖက်တိုက်ခိုက်ကြတာတွေ ၊ တင်းမာမှုတွေ ဘာကြောင့်များဖြစ်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထင်ကြေးပေးတာတွေ ရှိနေတယ်ဆိုတာ ကျမ သိပါတယ် ။

ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ လမ်းလွဲသွားအောင် လုပ်ချင်တဲ့ လူတွေကများ ဒီပြသာနာတွေကို ပိုဆိုးအောင် လုပ်နေသလား ၊ ဒီလို လုပ်ခြင်းအားဖြင့် နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်မရအောင် လုပ်နေတာလား စသဖြင့် မှန်းဆတာတွေ ရှိနေပါတယ် ။

ဒါပေမယ့် ဒါတွေအားလုံးဟာ မှန်းဆက်ချက်တွေ သက်သက်သာ ဖြစ်ပါတယ် ။ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ ပြနိုင်တဲ့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိပါဘူး ။ တစ်ဖက်ကလည်း အုပ်စုတစ်ခုခုက ရည်ရွယ်ချက် ရှိရှိ လုပ်မနေပါဘူးလို့လည်း သေသေချာချာ ပြောဖို့ အထောက်အထားမရှိပြန်ပါဘူး ။

ဒီတော့ ကျမတို့အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ထားရမှာပေါ့ ။ ဒါပေမယ့် အရေးကြီးတာက တိုင်းပြည်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုမှန်သမျကို အစိုးရက တာဝန်ယူဖို့ပါ ။ တိုင်းပြည်ဥပဒေနဲ့ ဆန့်ကျင်တဲ့အဖြစ်အပျက်မှန်သမျကို အစိုးရက တာဝန်ယူဖို့ လိုပါတယ် ။ စောစောက ပြောခဲ့သလိုဘဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက လုံလောက်တဲ့ တာဝန်ယူမှုတွေ လုပ်နေတယ်လို့ ကျမ မထင်ပါဘူး ။

အမျိုးသား ရင်ကြားစေ့ရေးကို ကျမပြောတဲ့အခါ တိုင်းရင်းသားအဖွဲ့အားလုံး ၊ လူမျိုးအားလုံး ၊ အဖွဲ့အစည်းတွေအားလုံး ၊ နိုင်ငံရေးအင်အားစုအားလုံး ကြားမှာ ရင်ကြားစေ့တာကို ပြောတာပါ ။ ဒါကြောင့်ဘဲ အမျိုးသားရင်ကြားစေ့ရေး ဆိုတာထဲမှာ စစ်တပ်နဲ့ အရပ်သားနိုင်ငံရေးအင်အားစုတွေကြား ရင်ကြားစေ့ရေးလည်းပါတယ်လို့ ကျမပြောခဲ့ပါတယ် ။

ဒါပေမယ့် ဒီလို ရင်ကြားစေ့ရေးကို ဖော်ဆောင်မြှင့်တင်ရာမှာ သြစတေးလျတစ်ခုတည်းရဲ့အကူအညီကိုသာ ကျမတို့လိုအပ်တာ မဟုတ်ပါဘူး ။ တစ်ကမ္ဘာလုံးက ကျမတို့ကို နားလည်ပေးဖို့ လိုပါတယ် ။

ဒီတင်းမာမှုတွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ကြောက်ရွံမှုတွေနဲ့ မုန်းတီးမှုတွေ ရှိနေပါတယ် ။ ဒါတွေကို ဖယ်ရှားဖို့ဆိုရင် လုံခြုံစိတ်ချရတဲ့ဝန်းကျင်တစ်ခုကို အစိုးရအနေနဲ့ ဖန်းတီးပေးရပါမယ် ။ လုံခြုံစိတ်ချအန္တရာယ်ကင်းတယ်လို့ မခံစားရဘဲနဲ့ သူတို့ရဲ့အကြောက်တရားတွေ ၊ မုန်းတီးမှုတွေကို လက်လွှတ်ဖြေလျှော့ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။

ကျမအနေနဲ့ ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ပါတယ် ။ မတူကွဲပြားတဲ့တိုင်းရင်းသားတွေ ရင်ကြားစေ့ရာကတစ်ဆင့် ၁၉၄၈ မှာ တိုင်းပြည်လွတ်လပ်ရေးကို ပြန်ရခဲ့တယ်ဆိုတာ ကျမတို့ မမေ့ကြသေးဘူး ထင်ပါတယ် …… ကျမကတော့ လုံးဝ မမေ့ပါဘူး ။

မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ ၊ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်ပြီး မှ လွတ်လပ်ရေး ရလာတာပါ ။ အမျိုးသားစည်းလုံးညီညွတ်ရေးကနေ တဆင့်လွတ်လပ်ရေးကို ရလာတာပါ ။ အခုလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကနေ တဆင့်ဘဲ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ် ။

ဒီတော့ သြစတေးလျရော ၊ တစ်ကမ္ဘာလုံးပါ ကျမတို့ ဒီ အမျိုးသားစည်းလုံးညီညွတ်ရေးကို ရအောင်လုပ်ရာမှာ ကူညီဖို့ လိုပါတယ် ။

လက်ရှိအစိုးရကိုလည်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို သတိပေးတိုက်တွန်းပေးဖို့လိုပါတယ် ။ ကျမတို့ကို တာဝန်ယူစေချင်တယ်ဆိုရင်တော့ ကျမတို့ကို အစိုးရလုပ်ခိုင်းလိုက်တာ ကောင်းပါလိမ့်မယ် ( ရယ်သံများ ) ။

ဘာသာပြန်သူ၏ မူရင်း Link=>https://www.facebook.com/photo.php?fbid=579179652153943&set=a.319582384780339.74346.100001857416736&type=1&relevant_count=1


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...